Print

ညဉ့်ငှက်မလေးများ လောကသို့

  14-Jun-2019
Preview Image

          အမေရိကန်နိုင်ငံမှ စိတ်ပညာရှင် Maslow (မက်စ်လော) ဆိုသူဟာ နာမည်ကျော် ပညာရှင်ဖြစ်ပြီး သူက တင်ပြခဲ့ဖူးတဲ့ သီအိုရီတစ်ခုကတော့ လူသားတွေရဲ့ တက်ကြွမှုကို စေ့ဆော်တာ လိုအပ်ချက်အဆင့် ငါးဆင့် ရှိတယ်လို့ ဆိုပါတယ်။ ၎င်းအဆင့် ငါးဆင့်ကို Maslaw’s Hierarchy of (5) Needs လို့ ခေါ်ပါတယ်။ အဲဒီမှာ အခြေခံအကျဆုံး လိုအပ်ချက် (Most Basic Nees) ဒုတိယအခြေခံလိုအပ်ချက်၊ တတိယလိုအပ်ချက်၊ စတုတ္ထလိုအပ်ချက်၊ ပဉ္စမလိုအပ်ချက် စသဖြင့် တြိဂံပုံဆွဲပြီး ဖော်ပြပါတယ်။



အခြေခံအကျဆုံး လိုအပ်ချက်ကတော့ Physiological Needs (ဇီဝကမ္မလိုအပ်ချက်များ) လို့ ခေါ်ပါတယ်။ အဲဒါတွေက

·         အသက်ရှူရန်လေ

·         အစားအသောက်

·         အိပ်စက်ခြင်း

·         လိင်ကိစ္စတို့ဘဲ ဖြစ်ပါတယ်။ ဒီတော့ လူတွေဟာ လိင်ကိစ္စလိုတယ်။ အဲဒါဟာ အခြေခံအကျဆုံး လိုအပ်ချက်ထဲမှာ ပါဝင်တယ်ဆိုပြီး Maslow ကပြောခဲ့ပါတယ်။


ဒုတိယအဆင့် လိုအပ်ချက်ကတော့ Safety Needs ခေါ် လုံခြုံရေး လိုအပ်ချက်များဖြစ်ပြီး နေစရာအိမ် စသဖြင့် ပါဝင်ပါတယ်။ တတိယဆင့် လိုအပ်ချက်တွေကတော့ မေတ္တာတရား ပိုင်ဆိုင်မှုများ စသဖြင့် လိုပါတယ်။ စတုတ္ထဆင့် လိုအပ်ချက်တွေကတော့ Esteem Needs ဆိုတာဖြစ်ပြီး ဂုဏ်သိက္ခာ လိုလာတယ်။ ပဉ္စမဆင့် လိုအပ်ချက်ကတော့ Self Actualization လို့ခေါ်ပြီး အဓိပ္ပါယ်ကတော့ လူတစ်ယောက်ဟာ မိမိရည်မှန်းချက်ကို ရောက်အောင်သွားနိုင်ခြင်း တစ်နည်းအားဖြင့် ဘဝပန်းတိုင်ကို ရောက်ရန်လိုပါတယ်။


ဒါပေမဲ့ ဒါဟာ အခြေခံကျတဲ့ လိုအပ်ချက်တော့ မဟုတ်ပါဘူး။ ဒီတော့ ဤကဲ့သို့ လိုအပ်ချက်ကို ရသည်ဖြစ်စေ မရသည်ဖြစ်စေ သိပ်ပြဿနာမရှိဘူး။ အခြေခံလိုအပ်ချက်ဖြစ်တဲ့ စားစရာ၊ လေ၊ လိင်ကိစ္စတွေကို မရရင်တော့ ပြဿနာရှိပါတယ်။ ဒီတော့ လိင်ကိစ္စကို ဖြည့်ဆည်းတဲ့ နည်းအမျိုးမျိုးအနက် တစ်မျိုးကတော့ အိမ်ထောင်ပြုခြင်းလို့ ယူဆနိုင်ပါတယ်။


ဒါကတစ်ပိုင်းပေါ့။ နောက်တစ်ပိုင်း တင်ပြချင်တာက လိင်သုတေသနပညာရှင် ဒေါက်တာ ကင်စီ (Dr.Kin Si) USA အင်ဒီယားနား တက္ကသိုလ်က သုတေသနပြုချက်အရ ပြည့်တန်ဆာတို့ထံ သွားတဲ့လူတွေကို လေ့လာလိုက်တော့ အားလုံးကတော့ လိင်ကိစ္စအတွက်သွားတာပေါ့။ သို့သော် အဲဒီလိုသွားတဲ့ သူတွေထံမှာ ဘယ်သူတွေပါဝင်နေလဲဆိုတော့ မသန်စွမ်းသူများ၊ ဆွံ့အ နားမကြားသူများ စသည်ဖြင့် ပါဝင်ပါတယ်။ တချို့ မသန်စွမ်းသူတွေက အိမ်ထောင်ဖက်ရရန် ချစ်ရေးဆိုရန် အားနာကြပါတယ်။ (အားလုံးကိုမဆိုလိုပါ)။ ဒီတော့ သူတို့က ပြီးစလွယ် ပြည့်တန်ဆာခန်းကို သွားကြတယ်ပေါ့။


နောက်တစ်ခု ဥပမာပေးချင်တာကတော့ အသက် ၇၀ ကျော် မုဆိုးဖိုကြီး တစ်ဦးရှိတယ် ဆိုပါစို့။ သူ့မှာလည်း လိင်ကိစ္စရှိပါတယ်။ သူက ဘယ်သူကို ဘယ်လိုသွားပြီး ချစ်ရေးဆိုမလဲဆိုတာ မေးခွန်းထုတ်စရာပါ။ ဒီတော့ ပြီးစလွယ် ပြည့်တန်ဆာခန်း သွားလိုက်ရတာမျိုးလည်း ရှိပါတယ်။ လိင်ပညာ ဒေါက်တာကင်စီကို ၁၈၉၄ မှာ မွေးဖွားခဲ့ပြီး ၁၉၅၆ မှာ ကွယ်လွန်ခဲ့ပါတယ်။


ကင်စီရဲ့ အစီရင်ခံစာတွေဖြစ်တဲ့ (Sex Behaviors in Human Males) (Sex Behaviors in Human Females) စတာတွေဟာ နာမည်ကြီးခဲ့တယ်။ ယခုဆောင်းပါးတွင် ပါဝင်သောအချက်များမှာ ဒေါက်တာကင်စီက အမေရိကန် လိင်သုတေသနစင်တာမှာ အမေရိကန်ပြည်တန်ဆာတွေကို အင်တာဗျူးရင်းနဲ့ သိရတဲ့ အချက်တွေပါ။ အမေရိကန်က သက်ကြီးဘိုးဘိုးတွေ ပြည့်တန်ဆာစခန်းရောက်ကြသလို အမေရိကန် မသန်စွမ်းတွေလည်း သူတို့လည်းပါတယ်လို့ ပြည့်တန်ဆာတွေက ပြန်ပြောကြပါတယ်။

 

         ဒီတော့ မက်စ်လောရဲ့ စိတ်ပညာရှုတောင့်နဲ့ ကင်စီရဲ့သုတေသန ရှုတောင့်နှစ်ခုကို ပေါင်းစပ်ပြီးကြည့်ရင် ပြည့်တန်ဆာတွေဟာ လူသားတွေရဲ့ အခြေခံအကျဆုံး လိုအပ်ချက်တစ်ခုကို ဖြည့်ဆည်းပေးတယ်လို့ ကောက်ချက်ဆွဲနိုင်ပါတယ်။ ဒါပေမဲ့ ဒီကောက်ချက်ကို သဘောမတူသူတွေလည်း များစွာရှိပါတယ်။ USA က ပညာရှင်တွေဆိုတိုင်း သူတို့ပြောတာကို တစ်ကမ္ဘာလုံးက မျက်စိမှိတ်ပြီး “ဟုတ်ကဲ့” ဆိုပြီး ယုံရမှာလားဆိုတာ မေးခွန်းထုတ်နိုင်ပါတယ်။

အရှေ့တိုင်း နိုင်ငံတွေမှာတော့ လိင်ကိစ္စအသားပေးမှုဟာ ယဉ်ကျေးမှုနဲ့ မကိုက်ညီဘူးဆိုပြီး ယဉ်ကျေးမှု ရှုတောင့်ကနေ၍ ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်ခြင်းကို သဘောမတူတာတွေ ရှိပါတယ်။


လိင်ကူးစက်ရောဂါများ ကာကွယ်ရေးရှုထောင့်မှ အငြင်းအခုံများ

အချို့ကလည်း ပြည့်တန်ဆာလောကကြောင့် လိင်ကူးစက်ရောဂါများ (ဥပမာ-HIV) ပြန့်ပွားတယ်ဆိုပြီး ပြည့်တန်ဆာလုပ်ငန်းကို မရှိစေချင်ကြပါဘူး။ သို့သော် အချို့ကတော့ ပြည့်တန်ဆာခန်းကို သွားတဲ့အခါ ကွန်ဒုံးသုံးရင် ပြီးတာပါပဲဆိုပြီး ပြည့်တန်ဆာလောက တည်ရှိမှုကို မကန့်ကွက်တာ ရှိပါတယ်။


ဥပမာရှုထောင့်

အကယ်၍ နိုင်ငံတစ်ခုမှာ ပြည့်တန်ဆာနှိပ်ကွပ်ရေး ဥပဒေကို ပြဌာန်းထားတယ်ဆိုရင်တော့ တည်ဆဲဥပဒေကတော့ ရှုတောင့်အားလုံး အမြင်အားကို လွှမ်းမိုးပါတယ်။ မည်သည့် ရှုတောင့်ကနေ၍ မည်သို့ပင် မြင်သည်ဖြစ်စေ တည်ဆဲဥပဒေကို ချိုးဖောက်လျှင်တော့ အရေးယူခြင်း ခံရနိုင်ပါတယ်။


ဗဟုသုတ ကြွယ်ဝခြင်းရှုထောင့်

ဘာပဲဖြစ်ဖြစ်၊ ဗဟုသုတကြွယ်ဝပြီးတော့ ရှုထောင့်ပေါင်းစုံက ကြည့်တတ်၊ မြင်တတ်တဲ့ အလေ့အကျင့်ကိုတော့ လူငယ်တွေ တတ်သင့်တယ်လို့ ထင်မိပါကြောင်း။

ကျမ်းကိုးစာရင်း

၁။ အင်တာနက်

၂။ ပါမောက္ခ ဒေါက်တာကင်စီ USA ၏ Sex Behaviors in Human Males


Credit: ဒေါက်တာထွန်းဝင်း

 

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18