Print

ကလေးမရနိုင်ခြင်း (သို့) မြုံခြင်း (Infertility)

  13-Jun-2019
Preview Image

ဇနီးမောင်နှံတွေ အကာအကွယ်နဲ့တားဆေးတွေမသုံးဘဲ တစ်နှစ်အထက် မကြာခဏ အတူနေပေမယ့် ကလေးမရဘူးဆိုရင် မြုံခြင်း(infertility) ဖြစ်နေပြီလို့သတ်မှတ်ပါတယ်။ မြုံခြင်းအကြောင်းအရင်းတွေက အမျိုးသားကြောင့်ရော အမျိုးသမီးကြောင့်ရော နှစ်ဦးစလုံးကြောင့်ပါ ဖြစ်နိုင်ပါတယ်။ဒါပေမယ့် ယနေ့အဒါမှာတော့ ကိုုယ်ဝန်ရနိုင်ခြေကို မြှင့်တင်ပေးဖို့ ထိရောက်တဲ့ ကုသမှုတွေရှိနေပါပြီ။


လက္ခဏာများ

မြုံခြင်းမှာက  ကိုယ်ဝန်မရတာကလွဲလို့ တခြားထင်ရှားတဲ့ လက္ခဏာတွေမရှိပါဘူး။ တခါတလေမှာတော့ ကလေးရဖို့ခက်တဲ့ အမျိုးသမီးတွေမှာ ဓမ္မတာ မမှန်တာမျိုး ထိန်သွားတာမျိုးကို တွေ့ရတတ်ပါတယ်။ အမိျိုးသားတွေမှာတော့ တွေ့ရခဲပေမယ့် ဟော်မုန်းပိုင်းဆိုင်ရာ ပြသနာ တစ်ချို့ဖြစ်တဲ့ အတူနေတဲ့ အခါမှာ စွမ်းဆောင်နိုင်စွမ်းကျလာတာကို တစ်ခါတစ်လေ တွေ့ရတတ်ပါတယ်။


ဘယ်အချိန်မှာ ဆရာဝန်ပြသင့်လဲ

အကယ်၍ တစ်နှစ်ကြာတဲ့ အထိ ပုံမှန်ကြိုးစားကြည့်ပြီးမှ ကလေးမရရင်တော့ ဆရာဝန်နဲ့ ပြသင့်ပါတယ်။ တခြားပြသင့်တဲ့ အချက်တွေကတော့ အမျိုးသမီးတွေမှာဆို

·         အသက် ၃၅ နဲ့ ၄၀ ကြားဖြစ်ပြီး ကလေးရဖို့ ကြိုးစားနေတာ ၆ လကြာနေရင်

·         အသက် ၄၀ ကျော်ရင်

·         ဓမ္မတာ မမှန်ရင်

·         ဓမ္မတာလာစဉ် အလွန်နာကျင် ကိုက်ခဲရင်

·         အခြားသားအိမ်နဲ့ သက်ဆိုင်တဲ့ ရောဂါတွေရှိရင်

·         တစ်ကြိမ်ထက်ပိုပြီး ကိုယ်ဝန်ပျက်ကျခဲ့ ဖူးလျှင်

·         ကင်ဆာ ကုသမှု ခံယူဖူးလျှင် စတာတွေဖြစ်ပါတယ်။


အမျိုးသားတွေ ဆရာဝန်နဲ့ ပြသင့်တဲ့ အချက်တွေ ကတော့

·         သုတ်ပိုး ပမာဏ ကျဆင်းလျှင်

·         ဝှေးစေ့နှင့် ဆီးကျိတ်ရောဂါရှိလျှင်၊ အမျိုးသမီးနဲ့ အတူနေစဉ်ပြဿနာရှိလျှင်

·         ကင်ဆာ ကုသမှုခံယူဖူးလျှင်

·         ဝှေးစေ့သေးလျှင် သို့ ဝှေးစေ့ ယောင်ယမ်းခြင်းရှိလျှင်

·         မိသားစုထဲတွင် ကလေးရဖို့ခက်တဲ့ သူမျိုးရှိဘူးလျှင် စတာတွေဖြစ်ပါတယ်။


အကြောင်းအရင်းမှာ

မြုံခြင်းဖြစ်ရတဲ့ အကြောင်းအရင်းတွေရဲ့ သုံးပုံတစ်ပုံက အမျိုးသမီးမှာ ပြဿနာရှိပြီး ၊ သုံးပုံတစ်ပုံက အမျိုးသားမှာ ပြဿနာရှိတာပါ။ ကျန်တဲ့ သုံးပုံတစ်ပုံကတော့ နှစ်ဦးစလုံးမှာ ပြဿနာရှိတာသော်လည်းကောင်း ၊ ပြဿနာကို အဖြေရှာ မရတာသော်လည်းကောင်းဖြစ်နိုင်ပါတယ်။


အမျိုးသားတွေမှာ တွေ့လေ့ရှိတဲ့ အကြောင်းအရင်းတွေကတော့

·         သုတ်ပိုးထုတ်လုပ်မှုအပိုင်းမှာ ပြသနာရှိနေတာ

·         သုတ်ပိုးသယ်ယူမှုအပိုင်းမှာ ပြသနာရှိနေတာ

·         ဓာတုပစ္စည်းတွေနဲ့ အထိအတွေ့များတာ၊ဆေးလိပ်သောက်တာ၊အချို့သောဆေးဝါးတွေကို ကာလကြာရှည်သောက်သုံးနေတာ

·         ကင်ဆာ ကုသမှုခံယူနေရတာ စတာတွေကြောင့်ဖြစ်ပါတယ်။


အမျိုးသမီးတွေမှာ တွေ့ရတဲ့ အကြောင်းအရင်းတွေကတော့

·         သားဥကြွေခြင်းပိုင်းဆိုင်ရာ ပြသနာတွေရှိနေတာ

·         သားအိမ်နဲ့ သားအိမ်ခေါင်းမှာ ရောဂါရှိတာ

·         သားဥပြွန်ပိတ်နေတာ

·         Endometriosis ခေါ် နေရာလွဲမှား သားအိမ်နံရံသား ရောဂါ

·         Primary ovarian insufficiency ရောဂါ စတာတွေဖြစ်ပါတယ်။


ဖြစ်နိုင်ခြေများသူတွေကတော့

·         အသက်ကြီးသူတွေ

·         ဆေးလိပ်သောက်သူတွေ

·         အရက်သောက်သူတွေ

·         အဝလွန်သူတွေ

·         ပိန်လွန်သူတွေ စတာတွေဖြစ်ပါတယ်။


ကာကွယ်ခြင်း

ကလေးရဖို့အတွက်ဆို အိမ်ထောင်ရှင်တွေအနေနဲ့ သားဥကြွေတဲ့ ရက်တွေဖြစ်တဲ့ ရာသီစက်ဝန်းအလည်လောက်မှာ မကြာခဏ အတူနေပေးဖို့လိုပါတယ်။


အမျိုးသားများအနေနဲ့

·         ဆေးလိပ်၊အရက်နဲ့ မူးယစ်ဆေးတွေကိုရှောင်ရပါမယ်။

·         အလွန်မြင့်တဲ့ အပူချိန်တွေဟာသုတ်ပိုးထုတ်လုပ်မှုကို ထိခိုက်စေတဲ့အတွက် ရှောင်သင့်ပါတယ်။

·         ပတ်ဝန်းကျင်က ဓာတုပစ္စည်းတွေနဲ့ ထိတွေ့မှုကို သတိထားရပါမယ်။

·         လေ့ကျင့်ခန်းပုံမှန်လုပ်သင့်ပါတယ်။


အမျိုးသမီးတွေအနေနဲ့ကတော့

·         ဆေးလိပ်အရက်နဲ့ မူးယစ်ဆေးတွေကို ရှောင်ပါ။

·         ကဖိန်းဓာတ်ပါတဲ့ ကော်ဖီ၊ လက်ဖက်ရည်တို့ကို လျှော့ပါ။

·         လေ့ကျင့်ခန်းလုပ်ပါ။

·         ဝလွန်း ပိန်လွန်းခြင်း မဖြစ်အောင်ဂရုစိုက်ပါ။

Dr.Aung

Ref:mayoclinic

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18