Print

ကလာမီးဒီးယား ပုန်းလျိုးနေသော ကပ်ရောဂါ

  09-Jun-2019
Preview Image

          လိင်ဆက်ဆံခြင်းကြောင့် ဗက်တီးရီးယားပိုး ဝင်ရောက်ကူးစက်ရရှိသော ရောဂါများတွင် အမေရိကန်နိုင်ငံ၌ အဖြစ်အများဆုံးမှာ ကလာမီးဒီးယား ဗက်တီးရီးယားပိုးပင်ဖြစ်သည်။ နှစ်စဉ် လေးသန်းသော လူနာအသစ်များ တွေ့နေရသည်။ ယင်းဗက်တီးရီးယားကြောင့် တင်ပါးဆုံရောင်ရမ်းခြင်းရောဂါ (PID) ဖြစ်ပွားမှုမှာ ၃၀ မှ ၄၀ ရာခိုင်နှုန်းရှိသည်။ အောက်ပါအခြေအနေများဖြစ်ပွားရန် ကလာမီးဒီးယား ကူးစက်ခြင်းက ဦးဆောင်နေကြောင်း တွေ့ရသည်။

·         ကလေးမရနိုင်ခြင်း၊ မြုံနေခြင်း။

·         မျိုးဥပြွန်တွင် သန္ဓေတည်ခြင်း။

·         တစ်သျှူးမျက်နှာပြင် တစ်ခုနှင့်တစ်ခု ကပ်သွားခြင်းကြောင့်ဖြစ်သော နာကျင်သည့် ထိခိုက်ပျက်စီး ဆုံးရှုံးခြင်းမှာ ၂၀ ရာခိုင်နှုန်းသော လူနာများ၏ ဘဝတစ်လျှောက်လုံးတွင် နာကျင်သော ဝေဒနာကို ခံစားနေရမည် ဖြစ်သည်။



          ဆေးကုသမှု ပေးပြီးသော်လည်း တင်ပါးဆုံရောင်ရမ်းခြင်းရောဂါကြောင့် မျိုးပွားအင်္ဂါလမ်းကြောင်းတွင် ရရှိသွားသည့် ထိခိုက်ပျက်စီး ဆုံးရှုံးခြင်းမှာ ၂၀ ရာခိုင်နှုန်းသော လူနာများ၏ ဘဝတစ်လျှောက်လုံးတွင် နာကျင်သောဝေဒနာကို ခံစားရမည်ဖြစ်သည်။ ၆၀ ရာခိုင်နှုန်းသော အမျိုးသမီးများသည် ကလာမီးဒီးယား ကူးစက်ခြင်းသည် တိတ်ဆိတ်ငြိမ်သက်နေသော ရောဂါဖြစ်သည်။ အမျိုးသမီးများသည် တစ်ခုခုမှားနေကြောင်း မသိရှိနိုင်မီ ပြုပြင်၍မရသော ထိခိုက်ဆုံးရှုံးမှုကို ရနေပြီဖြစ်သည်။ တင်ပါးဆုံရိုးအတွင်း စမ်းသပ်စစ်ဆေးမှုအတွက် ဆရာဝန်ထံ နှစ်စဉ် လာရောက်ကြသော အမျိုးသမီးများ၌ အောက်ပါလက္ခဏာ ရှိမှသာလျှင် အများစုသော ဆရာဝန်များသည် ကလာမီးဒီးယားအတွက် စစ်ဆေးခြင်းကို ပြုလုပ်ကြသည်။

·         ယောနိထွက်ရည် အဆင်းများခြင်း

·         ဗိုက်နာကျင်ခြင်း

·         ဆီးသွားရာတွင် နာကျင်ခြင်းနှင့် ပူစပ်ပူလောင်ဖြစ်ခြင်း

·         သားအိမ်လည်တံ ထိတွေ့ခြင်းဖြင့် ပြင်းထန်သော နာကျင်မှုဝေဒနာ ခံစားရခြင်းတို့ဖြစ်သည်။

 

ကလာမီးဒီးယား ကူးစက်ခြင်းနှင့် ဆက်ဆံခြင်းကြောင့် အခြားကူးစက်ရရှိသော ရောဂါများဖြစ်စေနိုင်သည့် ဘေးအန္တရာယ်ဖြစ်စေသော အချက်များမှာ -  

·         ဆက်ဆံသော အဖော်များခြင်း။

·         ဆက်ဆံသော အဖော်များသူနှင့် ဆက်ဆံခြင်း။

·         ဆက်ဆံရာတွင် အကာအကွယ် မယူခြင်း။

·         ငယ်ရွယ်သည့် အသက်ပိုင်းတွင် လိင်စိတ် တက်ကြွလာခြင်း။

·         ဆက်ဆံခြင်းကြောင့် အခြားကူးစက်ရောဂါ ယခင်က ဖြစ်ဖူးခြင်း သို့မဟုတ် ယခုရရှိ ခံစားနေရခြင်း။

·         အသက် ၂၀ နှစ်အောက် လူငယ်လူရွယ် ဖြစ်နေခြင်း။

 

အမေရိကန်နိုင်ငံတွင် ဆယ်ကျော်သက်များနှင့် လူလားမြောက်ပြီးသော လူငယ်များတွင် ကလာမီးဒီးယားကူးစက်မှုအများဆုံး တွေ့နေရသည်။ လိင်စိတ်တက်ကြွနေသော ဆယ်ကျော်သက် မိန်းကလေးများတွင် ၃၀ မှ ၄၀ ရာခိုင်နှုန်း ကလာမီးဒီးယား ကူးစက်ပြန့်ပွားနေကြောင်း လေ့လာဆန်းစစ်ချက်များအရ သိရှိရသည်။ ဆက်ကျော်သက်များမှာ ဗက်တီးရီးယားပိုးကို တိုက်ခိုက်ခုခံနိုင်စွမ်းအား မပြည့်စုံဘဲ နည်းနေရာ ကူးစက်ခြင်းလွယ်၍ ပျက်စီးခြင်း ဖြစ်သွားနိုင်ကြသည်။

          ကလာမီးဒီးယားသည် လက္ခဏာမပြတတ်ကြောင်း အထက်မှာ တင်ပြပြီးဖြစ်သည်။ ဖုံးကွယ်နေသော နေရာကို ရှာဖွေစစ်ဆေးနိုင်ရန်အတွက် လိင်စိတ်တက်ကြွက်နေသူတိုင်းအား ပညာပေး လှုံ့ဆော်ပေးဖို့ လိုအပ်သည်။ လိင်စိတ်တက်ကြွနေသူတိုင်း ဖုံးကွယ်နေသော ရောဂါကို ရှာဖွေစစ်ဆေးမှု ပြုလုပ်ရန် အရေးကြီးလှပေသည်။ အဘယ်ကြောင့်ဆိုသော် ယင်းရောဂါသည် လုံးဝပျောက်ကင်းအောင် ကုသနိုင်ခြင်းကြောင့်ဖြစ်သည်။ နောက်ဆုံးတွင်မူ ကာကွယ်ခြင်းသည်သာ ကလာမီးဒီးယား ကူးစက်ခြင်းကို ရှောင်ရှားနိုင်ပေမည်။

 

ကလာမီးဒီးယား ကူးစက်မှုကို ကာကွယ်ခြင်း

·         ဆက်ဆံသော အဖော်ကို နည်းနိုင်သမျှ နည်းပါစေ။

·         ဆက်ဆံသော အဖော်၏ လိင်ရာဇဝင်အကြောင်းကို သိရှိထားပါ။

·         ဆက်ဆံရာတွင် အင်္ဂါအဖုံး Condom (ကျား သို့မဟုတ် မ အမျိုးအစား) ကို အသုံးပြုပါ။

·         သုက်ကောင်သေစေသော ဆေးကို အသုံးပြုပါ။ ဆေးတွင် Nonoxynol-9 ပါရှိသည်။

·         မိမိမှာ ဘေးအန္တရာယ်နှင့် ကြုံတွေ့နိုင်သူဖြစ်ကြောင်း စဉ်းစားမိလျှင် သို့မဟုတ် နေမထိ ထိုင်မကောင်းဖြစ်လာလျှင် စစ်ဆေးခြင်း ပြုလုပ်ပါ။

ပထမဦးဆုံး ရောဂါကူးစက်နိုင်ခြင်းကို ရှောင်ရှားပြီး နောက်ပိုင်း ရောဂါအတွက် စောစောကုသချက် ခံယူခြင်းသည်သာ အကောင်းဆုံးဖြစ်ပါသည်။

 

          အကယ်၍ ရောဂါကို စောစွာဖော်ဆောင်နိုင်ခဲ့လျှင် ပဋိဇီဝဆေးများဖြင့် ကုသခြင်းကြောင့် ကလာမီးဒီးယားရောဂါသည် လုံးဝပျောက်ကင်းသွားနိုင်သည်။ ထို့ပြင် ကူးစက်ခြင်းကို မှန်ကန်စွာ ရောဂါဖော်ဆောင်နိုင်ခြင်းအားဖြင့် စောစွာကုသမှုကို ခံယူနိုင်ခဲ့သော် တင်ပါးဆုံရောင်ရမ်းခြင်းရောဂါ (PID) ကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးခြင်းကို ကာကွယ်နိုင်သည့် အခွင့်အရေးကို ရရှိနိုင်ပါသည်။

          ကလာမီးဒီးယား ကူးစက်ခံနေရသော အမျိုးသမီး ၁၀ မှ ၁၅ ရာခိုင်နှုန်းတွင် လိင်ဆက်ဆံခြင်းကြောင့် ရရှိသော ဂနိုရောဂါ ကူးစက်ခံနေရသည်ကို တွေ့မြင်နေရသည်။ ထို့ကြောင့် ဂနိုရောဂါအတွက် ထပ်ဆင့်ကုသမှုကို ပေးရပါမည်။ ကလာမီးဒီးယား ကဲ့သို့ပင် ဂနိုရောဂါသည် လက္ခဏာအနည်းငယ်ပြခြင်း သို့မဟုတ် လက္ခဏာလုံးဝမပြတတ်ပေ။ ဂနိုရောဂါသည် လက္ခဏာပြခဲ့သော် အောက်ပါအတိုင်း တွေ့ရမည်ဖြစ်သည်။

·         ဗိုက်နာကျင်ခြင်းမှာ ပြင်းထန်သည်။

·         ယောနိထွက်ရည် အဆင်းများမည်။

·         သွေးဆင်းမည်။

·         ဆီးသွားလျှင် ပူစပ်ပူလောင်ဖြစ်မည်။

·         တင်ပါးဆုံရောင်ရမ်းခြင်း ရှုပ်ထွေးချက်ဝင်လာမည်။

 

ကလာမီးဒီးယားကူးစက်မှု ခံစားနေရသူကို ဂနိုရောဂါအတွက်ပါ ပူးတွဲခံစားချက်ပေးရသလို ဂနိုရောဂါဖြစ်နေသူများလည်း ကလာမီးဒီးယားရောဂါအတွက်ပါ ပူးတွဲကုသပေးပါမည်။ ရောဂါခံစားနေရသော အမျိုးသမီးအား ကုသချက်ပေးပြီး သူမ၏အဖော်ကိုပါ ပြည့်စုံသောကုသချက်ပေးရန် သတိချပ်စေလိုပါသည်။ လက်တွေ့အားဖြင့် ကုသချက်ပေးရာတွင် ကလာမီးဒီးယားနှင့် ဂနိုရောဂါအတွက် သားအိမ်လည်တံ၊ ဆီးလမ်းကြောင်းနှင့် စအိုတွင် ရှုပ်ထွေးချက်မရှိသော ကူးစက်ခြင်းဖြစ်သည်။ များပြားလှသော ယောကျ်ားများတွင် ကလာမီးဒီးယား ကူးစက်ခြင်း လက္ခဏာများ ဖြစ်ကြသော လိင်တံမှ အရည်ထွက်ခြင်း၊ ဆီးသွားလျှင် ပူစပ်ပူလောင်ဖြစ်ခြင်း၊ ဖြစ်လာခဲ့သော် ကုသမှုခံယူရန် ဆရာဝန်ထံ ရောက်ရှိကြသည်။ အခြားသောယောကျ်ားများက အကူအညီရှာဖွေ၍ ကုသခြင်း မခံကြပေ။ ကလာမီးဒီးယား ပိုးမွေးရန်အတွက် ယောကျ်ားများအဖို့ သက်သောင့်သက်သာမရှိ၍ အခက်အခဲကြုံတွေ့ရမည်။ ယခုအခါ စစ်ဆေးနည်းသစ်များကြောင့် လွယ်ကူလာသည်။

          အမျိုးသမီးများတွင် ကလာမီးဒီးယား ကူးစက်မှု တွေ့ရှိပါက သူ၏ အဖော်ကို စစ်ဆေးခြင်း မပြုတော့ဘဲ တစ်ပြိုင်နက်တည်း ဆေးကုသမှုပေးရပေမည်။ နှစ်ယောက်စလုံး ဆေးကုသမှုကို ပြီးပြည့်စုံသည့်တိုင် ခံယူရပါမည်။ လက္ခဏာများပျောက်ကင်းသွားသော်လည်း ဆေးများကုန်သည့်တိုင် ဆက်လက်သောက်ဖို့ အရေးကြီးပါသည်။ ကူးစက်မှုကို ပြီးပြည့်စုံစွာ ရှင်းလင်းပစ်ခြင်းဖြင့် စိတ်ချမှုကိုရမှာ ဖြစ်ပါသည်။

 

Credit: ဒေါက်တာလဲ့လဲ့ဝင်း



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18