Print

ရင်သား ဖွံ့ထွားစေမည့် အစားအစာများ

  16-Apr-2019
Preview Image

အမျိုးသမီးများ၏ လှပမှုတွင် ရင်သားအလှသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ အမျိုးသမီးတိုင်း၏ ရင်သားများ အစဉ်အမြဲ ကျန်းမာလှပနေစေရန် လိုအပ်ပါသည်။ ထို့အပြင် ရင်သားဖွံ့ထွား၍ လှပနေမည်ဆိုပါလျှင် မိမိကိုယ်မိမိ ယုံကြည်စိတ်ကို ပိုတိုးပွားနိုင်စေမည်။

ယခုခေတ်တွင် ရင်သားများအား ကျန်းမာလှပ၍ ဖွံ့ထွားနေစေရန် ပြုလုပ်နိုင်သည့် နည်းလမ်းများစွာ ရှိပါသည်။ ထိုနည်းလမ်းများထဲမှ အစားအစာ၊ အာဟာရဓာတ်နှင့် ပြုပြင်ပေးခြင်း နည်းလမ်း သည် လူကို အန္တရာယ်မဖြစ်စေဘဲ ထိရောက်သော နည်းလမ်းကောင်းတစ်ခုဖြစ်သည်။ ရင်သားကို ကျန်းမာလှပ၍  ဖွံ့ထွားစေမည့် အစားအစာများကို စားပေးရန်လိုအပ်သည်။

ထိုအစားအစာများမှာ. . .

၁။ ဗီတာမင်အေဓာတ်ပါသော အစားအစာ

ဗီတာမင် အေ ဓာတ်ပါဝင်သော အစားအစာများကို စားပေးရမည်။ ဗီတာမင် အေ ဓာတ်သည် ရင်သားကို ပိုမို၍ ဖွံ့ထွားစေရန် ကူညီပေးနိုင်သည်။ ဗီတာမင်အေဓာတ်ပါသော အစားအစာများမှာ ပန်းပွင့်စိမ်း၊ မုန်လာဥနီ၊ ကန်စွန်းရွက်၊ ဟင်းနုနယ် စသည်တို့ဖြစ်ပါသည်။


၂။ ဗီတာမင် ဘီ ဓာတ်ပါသော အစားအစာ

ဗီတာမင် ဘီ ဓာတ် ပါဝင်သော အစားအစာများကို စားပေးရမည်။ ဗီတာမင် ဘီ ဓာတ်သည် ဟော်မုန်းကို ညီမျှစေရန် ပြုလုပ်ပေးနိုင်သည်။ ဗီတာမင် ဘီဓာတ်ပါသော အစားအစာများမှာ ပဲအမျိုးမျိုး၊ နွားနို့၊ ဝက်အသည်း၊ အမဲသား စသည်တို့ ဖြစ်သည်။


၃။ ဗီတာမင်စီဓာတ်ပါသော အစားအစာ

ဗီတာမင် စီဓာတ်ပါဝင်သော အစားအစာများကို စားပေးရမည်။ ဗီတာမင် စီ ဓာတ်သည် ရင်သားပုံမပျက်စေရန် ကာကွယ်တားဆီးပေးသည်။ ရင်သား တွဲခြင်းကို ကောင်းမွန်စေရန် ပြုပြင်ပေးနိုင်သည်။ ဗီတာမင်စီ ဓာတ်ပါသော အစားအစာများမှာ ရှောက်ချိုသီး၊ စပျစ်သီး၊ လိမ္မော်သီး၊ ကီဝီသီး၊ ဂရိတ်ဖရုသီး၊ ခရမ်းချဉ်သီး စသည်တို့ ဖြစ်သည်။


၄။ ဗီတာမင်အီး ဓာတ်ပါသော အစားအစာ

ဗီတာမင်အီးဓာတ် ပါသော အစားအစာများကို စားပေးရမည်။ ဗီတာမင် အီး ဓာတ်သည် ရင်သားကို ပိုမို ဖွံ့ထွားစေရန် ကူညီပေးနိုင်သည်။ ဗီတာမင်အီး ဓာတ်ပါသော အစားအစာများမှာ နေကြာစေ့၊ တရုပ်နံနံ၊ သစ်ကြားသီး စသည်တို့ဖြစ်သည်။


၅။ ပရိုတင်းဓာတ်ပါသော အစားအစာ

ပရိုတင်းဓာတ်ပါသော အစားအစာများကို စားပေးရမည်။ ပရိုတင်းဓာတ်သည် ရင်သားကိုပါ လှပစေသည်။ ရင်သားကို ပုံမှန်ဖွံ့ထွားစေရန် အထောက်အကူပေးသည်။ အရေပြားကို လှပစေ၍ အိုမင်းရင့်ရော်မှုကို ခုခံပေးနိုင်သည်။ ပရိုတင်းဓာတ်ပါသော အစားအစာများမှာ သင်္ဘောသီး ၊ ငါး၊ အသား ၊ လတ်ဆတ်သော နွားနို့ စသည်တို့ဖြစ်ပါသည်။


ဗီတာမင်ဓာတ်ပါသော အစားအစာ

ဗီတာမင်ဓာတ်ပါသော အစားအစာများကို စားပေးရမည်။ ဗီတာမင်ဓာတ်သည် ရင်သားပိုင်းကို လှပ၍ အာဟာရဓာတ်များ စုံလင်စေရန် ပြုလုပ်ပေးနိုင်သည်။ ဗီတာမင်အေဓာတ်ပါသော အမဲသား ၊ နွားနို့ ၊ ဝက်အသည်း စသည်တို့ကို စားပေးပါက ရင်သားကို ပိုမိုလှပစေပါသည်။


ပဲအမျိုးမျိုး

ပဲအမျိုးမျိုး စားပေးခြင်းဖြင့် ရင်သားဖွံ့ထွားမှုကို ကောင်းကျိုးများ ပေးနိုင်သည်။ ပဲအမျိုးမျိုးစားပေးခြင်းဖြင့် ရင်သားဖွံ့ထွားမှုကို ကောင်းကျိုးများ ပေးနိုင်သည်။ ပဲအမျိုးမျိုး စားပေးခြင်းဖြင့် ရင်သားဖွံ့ထွားမှုကို ကောင်းကျိုးများ ပေးနိုင်သည်။ ပဲဝါ၊ မြေပဲ တို့ကိုလည်း များများစားပေးသင့်သည်။


ဇင့်ဓာတ်ပါသော အစားအစာ

ဇင့်ဓာတ်ပါသော အစားအစာများကို စားပေးရမည်။ ရင်သားလှပချင်သူများသည် အဓိကအားဖြင့် ဇင့်ဓာတ်တို့ကို ဖြည့်စွက်ပေးရန် လိုမည်။ ရင်သားရှိအဆီပိုများကို ဇင့်ဓာတ်က ဖယ်ရှားပေးနိုင်သည်။


ဓာတ်စာ (၁)

ဗာဒံစေ့၊ စတော်ဘယ်ရီ၊ နွားနို့တို့ကို ရော၍ စားပေးပါ။ ဓာတ်စာ စားပေးခြင်းဖြင့် ပရိုတင်းဓာတ် ရရှိစေရုံသာမက ရင်သားကို လှပကျန်းမာစေနိုင်သည်။


ဓာတ်စာ (၂)

တရုတ်ဇီးသီးအနီ၊ မြေပဲ၊ ဝက်ခြေထောက်တို့ကို ချက်စားပါ။ ဓာတ်စာ စားပါက ရင်သားကို ပိုမို ဖွံ့ထွားစေနိုင်သည်။ ရင်သားပိုင်းရှိ အရေပြားကိုလည်း ကောင်းကျိုးများ ပေးနိုင်သည်။

Credit : ရွှေပြည့်အိမ်

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18