Print

လိင်ပြဿနာအမျိုးမျိုးကို ဖြေရှင်းရာ၌ ရှုထောင့်အထွေထွေ

  12-Apr-2019
Preview Image

          Problem (ပြဿနာ)တွေကို ဖြေရှင်းရာ၌ ပြဿနာကို ဖြစ်စေတဲ့ အကြောင်းအရင်း အမျိုးမျိုးနဲ့ ပြဿနာကို ရှုထောင့်အမျိုးမျိုးက ကြည့်ဖို့လိုပါတယ်။ ဥပမာ - ဆယ်ကျော်သက်မုဒိမ်းမှုကိစ္စကို ရှုထောင့်အမျိုးမျိုးက ကြည့်ရမယ်ဆိုရင် ယေဘုယျအားဖြင့်တော့ ၁၇ နှစ်သမီးကို မုဒိမ်းကျင့်တဲ့ ၁၇ နှစ်သား လူငယ်တွေဟာ ဆိုးသွမ်းလူငယ်တွေပေါ့။ ၁၈ နှစ်ပြည့်မှသာ လူကြီးလို့ သတ်မှတ်ပါတယ်။ ဥရောပနိုင်ငံတွေမှာ ၁၇ နှစ်သား အထက်တန်းကျောင်းသားနဲ့ လိင်ဆက်ဆံမိတဲ့ ကျောင်းဆရာမ ၃၅ နှစ်ဟာ ထောင်ဒဏ်အပြစ်ပေးခြင်း ခံရပါတယ်။ အီတလီဝန်ကြီးချုပ်ဟောင်း ဘာလူစကိုနီကို အရွယ်မရောက်သေးတဲ့ ကလေးသူငယ်နဲ့ လိင်ဆက်ဆံမှုနဲ့ အရေးယူရန် စုံစမ်းမယ်လို့ ပြဿနာတော်တော် တက်ခဲ့ပါတယ်။ ဒီတော့ ယေဘုယျအားဖြင့် ၁၈ နှစ် မပြည့်သေးရင် တရားဝင်လိင်ဆက်ဆံခွင့်  မရှိဘူးလို့ ဆိုရပါမယ်။ ဒါပေမဲ့ ဇီဝကမ္မရှုထောင့်က ကြည့်ရင် ကလေးတွေဟာ ၁၂ နှစ်နှင့် ၁၃ နှစ်ဝန်းကျင်တွေမှာ အပျိုဖော်ဝင်တာတွေ၊ လူပျိုဖော်ဝင်တာတွေ ဖြစ်လာကြပါတယ်။ အဲဒီလို ဖြစ်စဉ်တွေနဲ့အတူ လိင်ဆန္ဒ Sex Desire တွေလည်း ဖြစ်လာကြပါတယ်။ လိင်သုတေသနပညာရှင် Kinsi ရဲ့ တွေ့ရှိချက်အရ ၁၀ ကျော်သက်၊ ၂၀ ကျော်သက်၊ ၃၀ ကျော်သက်၊ ၄၀ ကျော်သက်၊ ၅၀ ကျော်သက် စသဖြင့် အသက်အုပ်စုတွေရဲ့ လိင်ဆန္ဒကို လေ့လာရာ ၁၀ ကျော်သက်အုပ်စုက လိင်ဆန္ဒပြင်းထန်ဆုံးဖြစ်ပြီး အသက်ကြီးလာရင် လိင်ဆန္ဒ တဖြည်းဖြည်းလျော့လာပါတယ်။ ဒီတော့ လိင်ဆန္ဒအပြင်းထန်ဆုံး အသက်အုပ်စုဟာ ၁၀ ကျော်သက် အုပ်စုဖြစ်ပြီး  လိင်ဆက်ဆံမှုကို  ဥပဒေနဲ့ ပိတ်ပင်ခံရတဲ့အုပ်စုလည်း ၁၀ ကျော်သက်အုပ်စုဖြစ်နေတော့ ဇီဝကမ္မရှုထောင့်နဲ့ ဥပဒေရှုထောင့် အမြင်မတူတာကို တွေ့ရပါမယ်။ ရှေးရိုးအစဉ်အလာ အဖြစ်အပျက်တွေကို လေ့လာရာမှာ အိန္ဒိယခေါင်းဆောင်ဖြစ်လာမယ့် မဟတ္တမဂန္ဒီကို ၁၂ နှစ်သားအရွယ်မှာ ၁၀ နှစ်သမီးနဲပ အိမ်ထောင်ချပေးလိုက်ပါတယ်။ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေမှာတော့ ၃၆ စောင်တွဲ ဓမ္မသတ်မှာ မိဘဝတ္တရားအရ မိဘတွေဟာ သားသမီးတွေကို ၁၅ နှစ်ရောက်ရင် အိမ်ထောင်ချပေးရန် တာဝန်ရှိပြီး တာဝန်ကို ပျက်ကွက်ပါက သားသမီးများဟာ သဘောမတူသူနဲ့ ခိုးရာလိုက်သော်၊ ခိုးပြေးသော် မိဘတို့ရဲ့ အပြစ်သာဖြစ်တယ်လို့ ဆိုပါတယ်။

ယခုတော့ ၁၀ ကျော်သက်လိင်ဆန္ဒကို တရားဝင်ဖြေရှင်းပေးတာ အသိပြုတာတော့ မတွေ့ရပါဘူး။ ၁၀ ကျော်သက်တွေကလည်း မာစကာဗေးရှင်း (Masturbation) ခေါ် တစ်ကိုယ်ရေ ကာမသုခကို မှီဝဲကြပြန်ရာ တချို့ ဓလေ့ထုံးစံက တားမြစ်ပါတယ်။ ဤကဲ့သို့ တားမြစ်ပြီး နောက်ကလေးသူငယ် အိမ်ထောင်ချပေးမှုကို အသိအမှတ် ပြုပေးတာလည်း ရှိကြပါတယ်။ တချို့တွေကတော့  တားလည်း မတားဆီး၊ ထောက်လည်း မထောက်ခံ၊ ၁၀ ကျော်သက်တွေကလည်း မိမိပြဿနာကို  မိမိတို့ မမြင်ကွယ်ရာမှာ တခြားလူ မထိခိုက်စေဘဲ မာစကာဗေးရှင်းနည်းဖြင့် ပြဿနာရှင်းရာ  မုဒိမ်းမှုနဲ့ နှိုင်းစာရင်တော့ တော်သေးတယ်လို့ ခေါ်ရပါမယ်။ အားလုံးက အသိအမှတ်ပြုတဲ့ လိင်ပြဿနာဖြေရှင်းနည်းလမ်း လမ်းညွှန်ချက်ဆိုတာ မရှိတော့ ပြဿနာတွေ၊ အငြင်းပွားမှုတွေကတော့ ဆက်ဖြစ်နေဦးမှာပါ။

  တစ်ဖန် အသက် ၇၀ ကျော် ဘိုးအေအရင်းက မြေးမလေးအရင်းခေါက်ခေါက်ကို မုဒိမ်းကျင့်တဲ့ ကိစ္စမှာလည်း ဇီဝကမ္မရှုထောင့်က ကြည့်ရင်တော့ အသက် ၇၀ ကျော်ရင် လိင်ဆန္ဒချုပ်ငြိမ်းရမယ်လို့ မဆိုလိုဘူး။ ဘိုးဘိုးက မုဆိုးဖြစ်နေပြီဆိုရင် ဘိုးဘိုးရဲ့ လိင်ပြဿနာဖြေရှင်းချက်ကို ခွင့်ပြုထားတဲ့ တရားဝင်နည်းလမ်းကတော့ မရှိဘူး။ တစ်ဘက်ကကြည့်ရင် ပြည့်တန်ဆာခန်းတွေဟာ ဒီပြဿနာကို ဖြေရှင်းပေးမယ့် တစ်ဘက်က ပြည့်တန်ဆာခန်းကို ဥပဒေအရ ခွင့်မပြုတော့ အငြင်းအခုံတွေ ဖြစ်ရပြန်ပါတယ်။

          ဒိန်းမတ်လို နိုင်ငံမျိုးမှာတော့ လိင်တူမုဒိမ်းမှုကို ဖြေရှင်းတဲ့နည်းကတော့ လိင်တူ လက်ထပ်ခြင်းကို အသိအမှတ်ပြုလိုက်တာပါပဲ။

လူသားတို့၏ လိင်ပြဿနာကို ဖြေရှင်းပေးရန် ပျက်ကွက်မှု ဥပမာတစ်ခု - လွန်ခဲ့တဲ့ ၁၀ ရာစုနှစ်များစွာက အမေရိကန်၊ ရုရှား စတဲ့နိုင်ငံကြီးတွေမှာ အာကာသသိပ္ပံ တိုးတက်လာပြီး လူသားတွေဟာ အာကာသယာဉ်မှူးတွေ ဖြစ်လာပြီး အာကာသထဲမှာ ခြောက်လ၊ ၁၀ လနေထိုင်ကြတဲ့ အာကာသယာဉ်မှူး သူရဲကောင်းတွေ ပေါ်လာပြီး အာကာသသုတေသနတွေကို လုပ်ကြပါတယ်။ အာကာသထဲမှာ ခြောက်လနေရမယ့် အာကာသယာဉ်မှူးအတွက် လိုလေသေးမရှိ ပြည့်စုံအောင် ဖန်တီးပေးရတာဟာ အာကာသယာဉ် တည်ဆောက်သူရဲ့ တာဝန်ပါ။ ခြောက်လစာ၊ စားနပ်ရိက္ခာ၊ သောက်ရေ၊ အပျင်းပြေ ဗွီဒီယိုကြည့်ရန်၊ ကမ္ဘာပေါ်ကျန်ခဲ့တဲ့ မိသားစုနဲ့ စကားပြောရန် ဆက်သွယ်ရေးစနစ်၊ အားကစား လေ့ကျင့်ရန်၊ စာဖတ်ခန်း၊ အိမ်သာ၊ စားသောက်ခန်း စသည်ဖြင့် ပြည့်စုံအောင် အာကာသယာဉ်ထဲမှာ စီစဉ်ပေးရပါတယ်။ အာကာသထဲမှာ ခြောက်လနေပြီး ကမ္ဘာပေါ်ပြန်ရောက်လာတဲ့ အာကာသယာဉ်မှူးတစ်ယောက်ကို သတင်းထောက်တစ်ယောက်ကမေးရာ အာကာသထဲမှာ လိင်ကိစ္စမပြုဘဲ နေလားလို့မေးတော့ အာကာသယာဉ်မှူးက မဖြေနိုင်ပါဘူး။ လိင်ကိစ္စကို ဘယ်လိုဖြေရှင်းလည်း မေးတော့ မေးလို့ မရပါဘူး။ သူဘယ်လို ဖြေရှင်းလဲ ဘယ်သူမှ မသိပါဘူး။ ဒီတော့ အာကာသယာဉ်မှူးတို့ရဲ့ လိင်ကိစ္စဖြေရှင်းခြင်းကို ထည့်သွင်းစဉ်းစား ပျက်ကွက်မှုနဲ့ အာကာသယာဉ် တည်ဆောက်ရေး အင်ဂျင်နီယာတွေ အပြစ်တင်ခံရပါတယ်။

 ဒီတော့ လူသားအသီးသီးရဲ့ လိင်ပြဿနာကို ဘယ်လို ဖြေရှင်းမလဲဆိုတဲ့နည်းကို ရှုထောင့်ပေါင်းစုံက စဉ်းစားလမ်းညွှန်ပေးနိုင်ရင်တော့ လိင်ပြဿနာတွေလည်း နည်းသွားမယ်လို့ ထင်မိပါကြောင်း ဖြေကြားခဲ့ပါတယ်။

 Credit : ဒေါက်တာ ထွန်းဝင်း

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18