Print

များပြားလာသော လိင်ပြောင်းခွဲစိတ်မှုများ

  11-Apr-2019
Preview Image

လောကအတွင်း နေထိုင်ကြသော လူသားအပေါင်း၏ စိတ်ဆန္ဒများသည် ဖြည့်ဆည်း၍ မဆုံးနိုင်အောင်ရှိနေရာ အချို့သော လူသားများသည် မိမိတို့ မွေးရာပါ လိင်ကို ပြောင်းလဲလိုကြသည့် ဆန္ဒများလည်း ပါဝင်သည်။ ဆေးသိပ္ပံပညာရှင်များက လူသားတစ်ဦး၏ လိင်အသွင်အပြင် ကာယပိုင်း လက္ခဏာများကို ပြောင်းလဲနိုင်ရန် ကြိုးပမ်းခဲ့ကြသည်။ လိင်ပြောင်းခွဲစိတ်မှု ကို ဂျာမနီနိုင်ငံတွင် ၁၉၃၀ ပြည့်နှစ်က ပထမဆုံး ဆောင်ရွက်နိုင်ခဲ့ပြီး လီလီအယ်လ်ဘီသည် အမျိုးသားဘဝမှ အမျိုးသမီးဘဝသို့ ပြောင်းလဲမှုကို ခွဲစိတ်ကုသမှုဖြင့် ပထမဆုံးခံယူခဲ့သူအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

လိင်ပြောင်းခွဲစိတ်မှုသမိုင်း

အမျိုးသားအဖြစ်မှ အမျိုးသမီးအဖြစ်သို့ ခွဲစိတ်ကုသမှု ဆောင်ရွက်ရာတွင် အမျိုးသားလိင်အင်္ဂါကို  အမျိုးသမီး လိင်အဂါင်္အဖြစ်ပြောင်းလဲပေးရုံမျှသာမက အမျိုးသမီးလိင်အဂါင်္လုပ်ငန်းများ ပြုလုပ်နိုင်ရန်ကိုပါ ဆောင်ရွက်ပေးရသည်။ ခွဲစိတ်မှု မဆောင်ရွက်မီ လိင်ပြောင်းမည့် အမျိုးသားကို မဟော်မုန်းအစားထိုးကုသမှု (HRT) ပြုလုပ်ပေးရပြီး အသက်အရွယ်ပေါ်မူတည်လျက် အမျိုးသား၏ နှုပ်ခမ်းမွေး၊ မုတ်ဆိတ်မွေးနှင့် ပါးသိုင်းမွေးများကို ဦးစွာဖယ်ရှားပစ်ရသည်။ ယင်းနောက် အမျိုးသမီးမျက်နှာနှင့် တူစေရန်နှင့် ရင်သားမို့မောက်လာစေရန် ဆောင်ရွက်ချက်များအပါအဝင် အခြားသော ခွဲစိတ်ပြုပြင်မှုများကို ပြုလုပ်ရသည်။ လီလီအယ်လ်ဘီကို လိင်ပြောင်းခဲ့စဉ်က ခွဲစိတ်မှု ငါးကြိမ်ပြုလုပ်ခဲ့ရာ ပထမဆုံးအကြိမ်ခွဲစိတ်မှုတွင် အမျိုးသားလိင်အဂါင်္အစိတ်အပိုင်းကို ဖြတ်ထုတ်၍ အမျိုးသမီး လိင်အဂါင်္ဖြစ်လာစေရန် ပြုပြင်ခဲ့သည်။ နောက်ပိုင်းခွဲစိတ်မှုများတွင် သားအိမ်ထည့်သွင်းပေးခြင်း၊ ခန္ဓာကိုယ်က သားအိမ်ကိုလက်မခံသဖြင့် သားအိမ်ကို ပြန်လည်ထုတ်ပစ်ရခြင်း၊ သားဖွားလမ်းကြောင်း တည်ဆောက်ခြင်းတို့ကို ပြုလုပ်ခဲ့သည်။ သို့သော်လီလီအယ်လ်ဘီသည် လိင်ပြောင်းခွဲစိတ်မှု ငါးကြိမ်ခံယူပြီး သုံးလအကြာတွင် ဒိုရာရစ်ချ်တာသည် ခွဲစိတ်ကုသမှုခံယူကာ ဒုတိယမြောက် လိင်ပြောင်းအမျိုးသမီးဖြစ်လာခဲ့သည်။

လိင်အဂါၤ ခွဲစိတ်မှုများ ခန္ဓာကိုယ်ဖွဲ့စည်းမှု ရုပ်ပိုင်းဆိုင်ရာ လိင်အသွင် သဏ္ဍာန်ကို အမျိုးသားမှ အမျိုးသမီးအဖြစ်သို့ ပြောင်းလဲမှုတွင် အမျိုးသားလိင်ဥများကို ဖယ်ရှားရသည်။ ထို့နောက် အမျိုးသားအဂါင်္အစိတ်အပိုင်းများကို ဖြတ်တောက်ပြုပြင်၍ အမျိုးသမီးအဂါင်္ဖြစ်ပေါ်လာစေရန် ခွဲစိတ်ပြုပြင်ရသည်။ တစ်ခါတစ်ရံတွင် ပေါင်နှင့်တင်ပါးမှ အသားများကိုယူ၍ အစားထိုးလုပ်ဆောင်ရသည်လည်း ရှိသည်။

သမားတော်များသည် မိမိတို့ပညာနှင့်  ကျွမ်းကျင်မှုအရ မိမိလူနာ ၏ အသက်၊ အာဟာရပြည့်ဝမှု၊ ကိုယ်လက်ကြံ့ခိုင်မှုနှင့် ဆေးလိပ်သောက်မှုအပေါ်မူတည်၍ ခွဲစိတ်ကုသမှု ကွဲပြားကြပြီး ရောဂါပိုးဝင်မှု ၊ သွေးဆုံးရှုံးမှု ၊ အာရုံကြောပျက်စီးမှုများကိုလည်း ရင်ဆိုင်ကြရလေ့ရှိသည်။ ဇီဝကမ္မဖြစ်စဉ်ကြောင့် ခန္ဓာကိုယ်သည် ခွဲစိတ်ပြုပြင်မှုကို ဒဏ်ရာတစ်ခုအဖြစ်သာ လက်ခံသဖြင့် အချိန်ကာလတစ်ခုအထိ စောင့်ဆိုင်းကြရသည်။

ယခုအချိန်တိုင် လိင်ပြောင်းကာ အမျိုးသမီးဖြစ်လာကြသူများသည် သားအိမ်မထည့်နိုင်သေးမီ ရာသီသွေးဆင်းခြင်း ၊ ကိုယ်ဝန်ဆောင်နိုင်ခြင်းတို့မရှိပါချေ။ လိင်ပြောင်းခွဲစိတ်မှု အပြီးတွင် ခန္ဓာကိုယ်က မဟော်မုန်းများကို ထိန်းသိမ်းထားနိုင်ရန် ဟော်မုန်းကုသမှုပြုရန် လိုအပ်သည်။

ဆက်စပ်ပြုပြင်ခွဲစိတ်မှုများ

အမျိုးသားတစ်ဦးကို လိင်အဂါေင်္ပြာင်းပေးခြင်းအပြင် မျက်နှာနှင့် ရင်သားပြုပြင်မှုများကို ဆက်လက်ဆောင်ရွက်ရသည်။ အထူးသဖြင့် မေးရိုးများ၊ မျက်ခုံး၊ နဖူး၊ နှာခေါင်း၊ ပါးနှင့် လည်ဇလုပ် တို့ကို ပြုပြင်ကြရသည်။ တင်ပါးနှင့် ခါးအချိုးမှန်စေရန် Estrogen ဆေးကို သောက်ရသကဲ့သို့ ခွဲစိတ်ပြုပြင်ရခြင်းများလည်း ရှိသည်။

အမျိုးသမီးကဲ့သို့ ရင်သားများကြီးထွားစေရန် ဆောင်ရွက်မှုတွင် တစ်ခါတစ်ရံ၌ ဟော်မုန်းကုသမှုဖြင့် စိတ်ကျေနပ်ဖွယ် အဆင့်ရောက်အောင်ပြုလုပ်၍ မရခြင်းများလည်းရှိသည်။ အမျိုးသမီးပုံဖြစ်လာသည်နှင့်အမျှ အသံကိုလည်း မိန်းမအသံဖြစ်ရန် လိုအပ်သဖြင့် အသံပိုင်းဆိုင်ရာခွဲစိတ်မှုကို ပြုလုပ်ရန်လိုအပ်လာပြန်သည်။ ထို့ကြောင့် လည်ချောင်းထိပ်ပိုင်းတွင် ရှိနေသည့် အသံအိုး၏ အသံထုတ်လွှတ်သည့် နေရာကို ခွဲစိတ်ပြုပြင်ကာ အသံပြောင်းစေရန် ဆောင်ရွက်ရသည်။

Estrogen ဆေးသည် အမျိုးသမီးအဖြစ်သို့ ပြောင်းလဲထားသူများ၏ ရင်သားများကို အဆီများများလာရန် ၊ နို့ရည်ဂလင်းများ များပြားလာရန် အထောက်အပံ့ ပြုနိုင်သော်လည်း အသံထွက်ရှိမှုအပေါ်တွင် အကျိုးသက်ရောက်မှုမရှိချေ။ ထို့ကြောင့် အသံအိုးကို ခွဲစိတ်ပြုပြင်ကြရသကဲ့သို့ လိင်ပြောင်းအမျိုးသမီးများသည် မိန်းကလေးအသံထွက်ပေါ်လာစေရန် လေ့ကျင့်နိုင်သည်ဟုလည်းဆိုသည်။

အမျိုးသားမှ အမျိုးသမီးသို့ ပြောင်းလဲသကဲ့သို့ အမျိုးသမီးမှ အမျိုးသားသို့ ပြောင်းလဲမှုများလည်းရှိရာတွင် လိုအပ်သော ဆေးဘက်ဆိုင်ရာ ခွဲစိတ်ကုသမှုများသည် တူညီမှုမရှိချေ။ ပြောင်းလဲမှု နှစ်ခုလုံးတွင် လိင်အဂါင်္ဖန်တီးပေးရသော်လည်း အမျိုးအဖြစ်ဖန်တီးမှုတွင် ရင်သားကိုဖယ်ရှားကာ အမျိုးသမီးလစဉ် ဇီဝဖြစ်စဉ် ကိုရပ်တံ့သွားရန် သားအိမ်ကို ခန္ဓာကိုယ်အတွင်းမှ ဖယ်ထုတ်ရသည်။]

Credit : ကောင်းစည်သူ

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18