Print

အပြာကားနှင့် လူသားပြဿနာ

  04-Apr-2019
Preview Image

ဒီနေ့ခေတ် ဆယ်ကျော်သက်တွေရော၊ လူကြီးလူငယ်မရွေး ကူးစက်ခံနေရတဲ့ အပြာကားပြဿနာဟာ များသောအားဖြင့် ဆေးပညာအရကောင်းမွန်တယ်လို့ ပြောကြပေမယ့် ဆိုးကျိုးများလည်း ရှိနေပါတယ်။ ဘက်တီးရီးယားပိုးလို ပျံ့နှံ့လွယ်တဲ့အတွက် အချိန်မီ ထိန်းချုပ်ဖို့ လိုအပ်နေတဲ့ ပြဿနာတစ်ရပ်ဆိုလည်း မမှားပါဘူး။ ဘယ်အရာမဆို တန်ဆေးလွန်ဘေး ဖြစ်တတ်တာကြောင့် ဘယ်လောက်ပဲ ဆေးစွမ်းထက်ပါတယ်ဆိုဆို တော်ရုံသုံးပြီး မှဆေးဖြစ်နိုင်ပြီး တရားလွန်လာရင်တော့ ဘေးဖြစ်တတ်တာလေးကိုတော့ သတိချပ်စေချင်ပါတယ်။


ကူးစက်လွယ်

ဆိုဆုံးမမှုမရှိတဲ့ ကလေးတွေကနေ တစ်ဆင့် တတ်သိနားလည်လို့ မိဘတွေက သေချာရှင်းပြခံရထားတဲ့ ကလေးတွေပါ ကူးစက်ပြီး အပြာကားပြဿနာ ပိုမိုကြီးထွား နိုင်ပါတယ်။ လူကြီးတွေအတွက်လည်း ဒီပြဿနာက မသေးပါဘူး။ မကြာခဏကြည့်တာများလာရင် ဦးနှောက်ကျုံ့လာမယ်။ အပြင်က တကယ့်လူနေမှုဘဝမှာ မရောင့်ရဲနိုင်တာတွေ ဖြစ်လာမယ်။


အချိန်မီတားဆီးသင့်

သူ့ချည်းပဲဆိုရင်တော့ ဒီလောက်မဆိုးရွားနိုင်တဲ့အပြင် ကျန်းမာရေးအရ ကောင်းကွက်တွေပါ ရှိထားတဲ့အရာဟာ ဆယ်ကျော်သက်တွေရဲ့ အစွမ်းလမ်းလွန်တဲ့ ရောဂါထဲဝင်ရောက်လာတော့ ကိုယ်ပိုင်ဘဝကို ထိခိုက်လာတဲ့အထိ ဖြစ်လာကြရပါတယ်။ ဖေ့စ်ဘွတ်ခ် တွေ တွင်တွင်သုံး၊ ရပ်ကွက်ထဲမှာ၊ ကျောင်းမှာ၊ သူငယ်ချင်းတွေဆီမှာ ဒီလိုကားတွေက ပေါချင်းသောချင်း၊ မကြည့်ချင်မှ အဆုံး။ လူဆိုတာမျိုးကလည်း မခံချင်အောင်ပြောလေ လုပ်ကြည့်ချင်လေပဲမဟုတ်လား။ ဒီလိုဆိုတော့ တစ်ဆင့်စကားစ တစ်ဆင့်နားထောင် မဟုတ်တော့ဘူး။ တစ်ယောက်ဖုန်းထဲက တစ်ယောက်ကူး၊ အဲဒီလိုနဲ့ကူးစက်လာပါတယ်။

ဒီလိုအခြေအနေမှာ မြန်မာနိုင်ငံက မိဘတွေအနေနဲ့လည်း သားသမီးကို ဒီလိုကားတွေရဲ့ ဆိုးရွားပုံတွေကို မသိမသာတစ်မျိုး၊ သိသိသာသာ တစ်ဖုံပြောပြပြီး နားလည်အောင်သင်ပေးသင့်ပါတယ်။

အဲဒီတော့ လူကြီးမိဘတွေက သူတို့သိထားသင့်တာတွေ ပြောပြမယ်။ မလုပ်သင့်တာတွေ တားဆီးမယ်ဆိုရင် အပြာကားတွေကြောင့် ပျက်စီးနေတဲ့လူငယ်လေးတွေ လျော့နည်းသွားမယ်လို့ထင်ပါတယ်။


မူးယစ်ဆေးထက်ဆိုး

အပြာကားစွဲလန်းလွန်တဲ့ ပြဿနာဟာ မူးယစ်ဆေးထက်ဆိုးပါတယ်။ ပထမတော့ အာသာပြေရုံလောက်ကြည့်ကြတာဆိုပေမယ့် ကြိမ်ဖန်များလာရင် မကြည့်ရမနေနိုင်တွေဖြစ်လာမယ်၊ တကယ်လို့များ ကြည့်ချိန်တန်လို့မကြည့်ရရင် ပြဿနာတွေရှာလာမယ်။ သာမန်အေးဆေးတဲ့သူတောင် အပြာကားကို အစွဲလန်းလွန်သွားရင် သွေးပူလာတတ်ပါတယ်။ နောက်ပြီး တကယ့်အပြင် လိင်မှုဆက်ဆံရေးမှာ အာသာမပြေနိုင်တော့ဘူး။ အပြင်က ပါတနာကို စိတ်တိုင်းမကျတော့ဘူး။ သာမန်လောက်ပဲထင်တော့တယ်။ အပြာကားတွေထဲကမှ တကယ့်အရာတွေလို့ ထင်တော့တယ်။ တွေးခေါ်ဆန်းစစ်နိုင်မှုအား တအားနည်းလာတယ်။


လက်တည့်စမ်းချင်လာတယ်

ချစ်သူရည်းစားတွေဆိုရင်လည်း လက်တည့်စမ်းလိုစိတ်တွေ အရမ်းများလာတယ်။ အဲဒီလို လက်တည့်စမ်းလိုက်တဲ့အခါ ဘာတွေဖြစ်လာသလဲဆိုတော့ မဖြစ်သင့်တဲ့အရာတွေ ဖြစ်လာတယ်။ မလိုချင်တဲ့ကိုယ်ဝန်ရလာမယ်။ ဒါဟာခြိမ်းခြောက်တာမဟုတ်ပါဘူး။ အခုခေတ် ကလေးတွေဟာ ပျော်ဖို့ပါးဖို့လောက်ပဲ သိတာပါ။ တာဝန်ယူဖို့ကျတော့ မလိုချင်ပါဘူး။ ခဏတာ စိတ်အာရုံပြေရုံလောက် လက်တည့် စမ်းလိုက်တဲ့အရာတွေက တကယ်ဖြေရှင်းမရတဲ့ ပြဿနာတွေဖြစ်လာပါတယ်။


လူမှုရေးဖောက်ပြန်တတ်လာမယ်

အရွယ်ရောက်ပြီးသား၊ လက်ထပ်ပြီးသား လူတွေဆိုလည်း ဒီလိုကားတွေ အကြည့်များပြီး တစ်ယောက်ထက်ပိုတဲ့ ဆက်ဆံဖော်တွေ လိုချင်လာကြတယ်။ ပုံမှန်မဟုတ်တဲ့ နည်းလမ်းတွေနဲ့ လက်တွဲဖော်ကို ဆက်ဆံချင်လာတယ်။ အဲဒီလိုမရရင် ဖောက်ပြန်ချင်လာတယ်။ လူမှုဆက်ဆံရေးတွေလည်း ညံ့လာကြမယ်။ လူမှုဆက်ဆံရေးနယ်ပယ်ထဲမှာ စကားအသုံးအနှုံးတွေ အောက်တန်းကျလာမယ်၊ ခါးအောက်ပိုင်းက မတက်တဲ့ စကားလုံးတွေ ပြောတတ်လာတယ်။

Credit : Mercy Angel



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18