Print

လိင်ဆက်ဆံမှု ပြဿနာများကို ကာကွယ်ကုသနိုင်ပါမည်လော

  07-Apr-2019
Preview Image

လိင်ဆက်ဆံမှုပြဿနာများကို ထိရောက်စွာကုသပါက သက်သာပျောက်ကင်းနိုင်မည်ဖြစ်သည်။ ဖြစ်ပွားသော ဇစ်မြစ်ပေါ် မူတည်သည်။ တချို့သော ကြောင်းရင်းဇစ်မြစ်များကို အလွယ်တကူ ပြောင်းပြန်လှန်ပစ်နိုင်သည်။ တချို့အတွက် ခက်ခက်ခဲခဲ ကုသရတတ်သည်။


ရုပ်ပိုင်းဆိုင်ရာပြဿနာများကို ဖယ်ရှားနိုင်ရမည်။ စိတ်ဝေဒနာများကို ကုသပေးရန် လိုသည်။ နှစ်သိမ့်ဆွေးနွေးပညာပေးခြင်း၊ စိတ်ပညာကုထုံးနှင့် ဆက်ဆံမှုပြဿနာကို လမ်းညွှန်ဖြေရှင်းပေးခြင်းတို့ ဆောင်ရွက်ရန် လိုအပ်သည်။အမျိုးသားနှင့် အမျိုးသမီးတို့ နှစ်ဦးစလုံး ပူးပေါင်းပါဝင်ရန် လိုအပ်သည်။

လိင်ဆက်ဆံမှု ပြဿနာများကို ကာကွယ်ရန်မှာ လွယ်ကူသည့် ကိစ္စရပ် မဟုတ်ပေ။ သို့သော်အောင်မြင်ကျော်ကြားနိုင်ရန် ကူညီမှုများစွာ ပေးနိုင်သည်။ ကျော်လွှားရန် နည်းလမ်းများ ရှာဖွေနိုင်သည်။ ကောင်းမွန်သော ဆက်ဆံရေးဖြစ်ပေါ်စေရန် စွမ်းဆောင်ပေးနိုင်မည် ဖြစ်သည်။


လိင်ဆက်ဆံမှုပြဿနာများကို ကျော်လွှားပြီး ကောင်းမွန်သော ဆက်ဆံမှုရရှိစေရန် . . .

၁။ ဆေးပညာရှင်၏ ကုထုံးနှင့် လမ်းညွှန်မှုများကို တိကျစွာ လိုက်နာ ဆောင်ရွက်ကြရပါမည်။

၂။ အရက်အလွန်အကျွံ မသောက်သင့်ပါ။

၃။ စီးကရက် မသောက်သုံးရပါ။ သောက်သုံးသူဖြစ်ပါက ဖြတ်ပစ်ရမည်။

၄။ ခံစားနေရသော စိတ်ပိုင်းဆိုင်ရာ ဝေဒနာများကို ထိရောက်စွာ ကုသမှုခံယူူရမည်။

၅။ မိမိ၏ လိင်ဆက်ဆံဖော်နှင့် ယုံကြည်မှု တည်ဆောက်ရမည်။ ကောင်းမွန်သော ဆက်ဆံရေး ရရှိရန် လိုအပ်သည်။

 လိင်ဆက်ဆံမှု ပြဿနာများ၏ ရာနှုန်းအများစုကို ကုသပေးနိုင်မည် ဖြစ်သည်။ ကာကွယ်ရန် ခက်ခဲနိုင်သော်လည်း ပြဿနာဖြစ်စေသော ဇစ်မြစ်များကို ရှောင်ကြဉ်သင့်သည်။ ပြဿနာတိုင်း အတွက်အဖြေရှိသည်။ နည်းလမ်းရှိသည်။ လိင်ဆက်ဆံမှုပြဿနာများအတွက်လည်း ဖြေရှင်းရန် နည်းလမ်းရှိကြောင်း ကာယကံရှင်များ သိရှိနားလည်ထားသင့်ကြပေသည်။


လိင်စိတ် စွဲလမ်းခြင်း

Addiction စွဲလမ်းခြင်းသည် စိတ်ဝေဒနာတစ်မျိုးဟု ဆိုနိုင်သည်။ အရက်စွဲခြင်း၊ဆေးလိပ်စွဲခြင်း၊လောင်းကစားစွဲခြင်း. . . စသဖြင့် တစ်စုံတစ်ခုသော အရာ သို့မဟုတ် အပြုအမူကို မလုပ်ရမနေနိုင်လောက်အောင် ဖြစ်တတ်ကြသည်။ အစားအစာတစ်ခုကို စွဲစွဲလမ်းလမ်း နှစ်သက်ခုံမင် တတ်ကြသည်။ အကြောင်းတစ်ခုကို မလုပ်ရမနေနိုင်အောင်လည်း စွဲလမ်းတတ်ကြသည်။ စွဲလမ်းမှုကို လုပ်ဆောင်လိုက်ရမှသာလျှင် စိတ်ကျေနပ် နှစ်သက်မှု၊ ပျော်ရွှင်မှုကို ရနိုင်ကြသည်။


စွဲလမ်းမှု အမျိုးမျိုးတွင် `လိင်စိတ်စွဲလမ်းခြင်း` Sex Addiction မှာ တစ်မျိုးအပါအဝင် ဖြစ်သည်။ လိင်စိတ် စွဲလမ်းခြင်း သို့မဟုတ် လိင်ကိစ္စဆောင်ရွက်လိုစိတ်ဖြစ်ပေါ်ခြင်းမှာ အခြားသော စွဲလမ်းခြင်းမျိုး (ဥပမာ - ဆေးစိတ်စွဲခြင်း) နှင့် အလား သဏ္ဍာန်တူသည်ဟု ဆိုနိုင်သည်။ သုတေသန ပညာရှင်များသည် လိင်စိတ်စွဲလမ်းသူများ၏ ဦးနှောက်ကို ဆန်းစစ်လေ့လာခဲ့ကြသည်။


 University of Cambridge မှ သုတေသနပညာရှင်များက လိင်ဆက်ဆံမှု ဗီဒီယိုကားများကို ကြည့်ရှုနေသော အမျိုးသား ၁၉ဦး၏ ဦးနှောက်ကို ပုံရိပ်ဖော် စစ်ဆေးခဲ့ကြသည်။ ဆေးဝါးစွဲလမ်းသူများ၏ ခံစားမှုမျိုးဖြစ်သည်။ကျေနပ်နှစ်သက်မှုဆိုင်ရာ ပြောင်းလဲမှုမျိုးကို ဦးနှောက် မြင်တွေ့ကြရသည်ဟု ဆိုသည်။ လေ့လာမှုတွင် ပါဝင်ခဲ့သူနှစ်ဦးမှာ အလုပ်ခွင် အဆိုပါဗီဒီယိုကားများ ကြည့်ရှုခဲ့မှုကြောင့် အလုပ်ပြုတ် ဖြစ်ကြသည်။


လိင်ဆက်ဆံလိုစိတ်နှင့် အပြုအမူများကို ဆောင်ရွက်လိုစိတ် ပြင်းထန်နေသော လိင်စိတ်စွဲလမ်းမှုမှာ ဆေးလိပ်နှစ်သက်သူများနည်းတူဖြစ်သည်ဟုလည်း ဆိုသည်။

ကျန်းမာသော လူများနှင့် လိင်စိတ်စွဲလမ်းနေသူများ၏ ဦးနှောက်ကို ပုံရိပ်ဖော် စစ်ဆေး၍ မတူညီမှုများကို သုတေသန ပညာရှင်များက လေ့လာသုံးသပ်ခဲ့ ကြသည်။ လိင်စိတ် စွဲလမ်းသူများ ဦးနှောက်၏ အပိုင်းသုံးပိုင်းတွင် လှုံ့ဆော်မှု လွန်ကဲနေကြောင်း တွေ့ရသည်ဟု သုတေသနပညာရှင်များက ပြောကြားခဲ့သည်။

 

The University of Cambridge မှ Dr.Valsie Voom က လေ့လာတွေ့ရှိချက်မှာ ပထမဆုံးဖြစ်သည်ဟု ဆိုသည်။ လူငယ်လူရွယ်များတွင် ပြဿနာကို ထိန်းချုပ်ရန်ခက်ခဲသည်ဟု The Assouation for the Treatment of Sex Addiction and Compulsivity မှ Paulr Hall က ပြောကြားခဲ့သည်။

 ဆေးစွဲခြင်း၊ ဆေးလိပ်စွဲခြင်းနှင့် အစားအစာ စားသုံးမှုဆိုင်ရာ ပြဿနာများကဲ့သို့ပင် လိင်စိတ်စွဲလမ်းခြင်း ပညာကို ကိုင်ကွယ် ဖြေရှင်းရန် အရေးကြီး လိုအပ်နေပြီဖြစ်ကြောင်း ကျွမ်းကျင်ပညာရှင်များက ပြောဆိုလိုက်ကြသည်။


Credit : ဒေါက်တာ အေးကျော်(ဇီဝကမ္မဗေဒ)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18