Print

အမျိုးသားတို့သွေးဆုံးချိန် တက်စထရိုစတီရုန်းမြင့်မားစေရန်

  16-Apr-2018
Preview Image

အမျိုးသားတွေ အသက်ကြီးလာတဲ့အခါ တက်စထရိုစတီရုန်းပမာဏ တဖြည်းဖြည်းလျော့နည်းလာပါတယ်။ အဲ့ဒါကို အမျိုးသားတွေ သွေးဆုံးချိန်လို့ သတ်မှတ်ပါတယ်။ အမျိုးသားတွေအများစုမှာ သိသာတဲ့ ပြဿနာရပ်တွေ ဒါမှမဟုတ် ရောဂါလက္ခဏာတွေ မပြတတ်ကြပါ။ တချို့အမျိုးသားတွေမှာတော့ ပူလိုက်ချမ်းလိုက်ဖြစ်တာ၊ ချွေးထွက်များတာ၊ အရင်ထက်စိတ်တိုစိတ်ဆတ်လာတာ၊ လိင်ပိုင်းဆိုင်ရာ စိတ်ဝင်စားမှု အားနည်းလာတာစတာတွေ ဖြစ်ပေါ်တတ်ပါတယ်။


တက်စထရိုစတီးရုန်းမြင့်မားစေသောအစာများ

၁။ အစေ့အဆန်

၂။ ကန်စွန်းဥနှင့် အာလူး

၃။ ချင်း (ဂျင်း)

၄။ သံလွင်ဆီ

၅။ ကော်ဖီ

၆။ အညိုရောင်ချောကလက်

၇။ စပျစ်သီးခြောက်

၈။ ဥအမျိုးမျိုး

၉။ ထောပတ်သီး

၁၀။ မှို

၁၁။ ဒိန်ချဉ်

၁၂။ သလဲသီး

၁၃။ ကြက်သွန်နီ

၁၄။ ကြက်သွန်ဖြူ

၁၅။ ကမာကောင်


ကုသခြင်း

၁။ ဟော်မုန်းအစားထိုးခြင်း

၂။ ထိုးဆေးအသုံးပြုခြင်း

၃။ ဂျယ် သို့မဟုတ် ကပ်ခွာ


ဟော်မုန်းကုသခြင်းကြောင့် ဖြစ်ပေါ်လာသော ဘေးထွက်ဆိုးကျိုးများ 

 ဟော်မုန်းကုသမှုကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို အမျိုးသားအများစုမှာ ခံစားရနိုင်ပါတယ်။

• ညဘက် အိပ်မပျော်ခြင်း

• ဆီးကျိတ်ကြီးခြင်း

• ဝက်ခြံထွက်ခြင်း


ဟော်မုန်းကုသမှုနှင့် ပတ်သတ်တဲ့ သုတေသနတွေကိုများစွာ ပြုလုပ်ခဲ့ပေမယ့် ကောင်းကျိုး၊ ဆိုးကျိုးတွေအတွက် ပြည့်စုံတဲ့ အဖြေကိုတော့ ဒီနေ့အထိကောက်ချက်မချနိုင်ပါ


ဆီးကျိတ်ကင်ဆာဖြစ်ခြင်း

 တက်စထရိုစတီးရုန်းဟော်မုန်းကို ကြာရှည်အသုံးပြုတဲ့ သက်ကြီးအမျိုးသားတွေမှာ ဆီးကျိတ်ကင်ဆာ ဖြစ်ပွားနိုင်ခြေရှိတယ်လို့ ပညာရှင်တွေက စိုးရိမ်မှုရှိပါတယ်။ ဒါကြောင့် တက်စထရိုရုန်းနဲ့ ကုသမှုနဲ့ ကုသမှုခံယူနေသူတွေအနေနဲ့ ဆီးကျိတ်ကင်ဆာနဲ့ ပတ်သက်တဲ့ ရောဂါလက္ခဏာတွေ ရှိတယ်လို့ သံသယရှိပါက ဆရာဝန်နဲ့ ပြသပြီးစစ်ဆေးမှုခံယူလို့လိုပါတယ်။ 


Credit: အလင်း (ဆေးဝါး)



Related Articles


Advertisment 18