Print

လိင်ဖောက်ပြန်မှုအား ကုသခြင်း

  24-Feb-2017
Preview Image

လိင်ဖောက်ပြန်မှုဟူသည် ညှိယူလွဲခြင်း၏ လက္ခဏာတစ်ရပ်ဖြစ်ရာ ကုသခြင်းသည် လူနာအား ညှိယူလာတတ်အောင် ကူညီပေးခြင်း ဖြစ်ရပေမည်။ အပြစ်စွဲစိတ်၊ မလုံခြုံစိတ်နှင့် အစွမ်းအစမဲ့စိတ်တို့ကိုလည်း ဖြေဖျောက်ပေးပြီး လူ့အသိုင်းအဝိုင်းက လက်ခံသည့် နည်းများဖြင့် အများ၏ အာရုံစိုက်မှုကို ရအောင်လုပ်ခြင်း၊ ထင်ပေါ်ကျော် ကြားအောင် ပြုလုပ်ခြင်း၊ စိတ်ပဋိပက္ခများကို ဖြေရှင်းခြင်းများ ပြုလုပ်တတ်အောင် ညွှန်ပြပေးရမည်။

 

လူကြီးများအား စိတ်ကုထုံးဖြင့် ကုသရာတွင် လူနာကိုယ်တိုင် စစ်မှန်သောဆန္ဒဖြင့် ပါဝင်ဆောင်ရွက်မှု ရှိရမည်။ တစ်စုံတစ်ယောက် ကျေနပ်စေရန် ပြုလုပ်ခြင်း (သို့) တရားဥပဒေကို ကြောက်ရွံ့၍သာ ပြုလုပ်နေရခြင်း ဖြစ်ပါက ပျောက်ကင်းမည့် အလားအလာသည် အလွန်ပင် နည်းလှပေသည်။

 

ပျိုဖော်ဝင်အရွယ်များအား ကုသရာတွင် လိင်ဖောက်ပြန်သည့် အပြုအမူ၏ သဘာဝ၊ ဖွံ့ဖြိုးလာပုံနှင့် ထိုအပြုအမူ၏ အကျိုးသက်ရောက်မှုတို့ကို ပညာပေး၍ ကုသရမည်ဖြစ်သည်။ သူ၏ ကြောက်ရွံ့နေသော သဘောထား၊ ရှက်နေသော သဘောထားကို မိမိကိုယ်ကို ယုံကြည်မှုနှင့် အစွမ်းသတ္တိ ရှိစေမှုတို့ဖြင့် အစားထိုးပြီး ညှိယူမှု မှန်မှန်ကန်ကန် ပြုလုပ်တတ်အောင် ညွှန်ပြပေးမှုလည်း ရှိရပေမည်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ခင်မောင်သန်း (စိတ်ပညာ)
စိတ်ဖောက်ပြန်မှုနှင့် စံလွဲအပြုအမူများစာအုပ်မှ ကောက်နှုတ်ထားပါတယ်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18