Print

အမျိုးသားများ လိင်ဆက်ဆံရေး စွမ်းရည် ကျဆင်းခြင်း၏ နောက်ကွယ်

  24-Feb-2017
Preview Image

အမျိုးသားတွေ အသက်ကြီးလာရင် တက်ကြွပြီး ကျေနပ်စရာကောင်းတဲ့ လိင်မှုကိစ္စ အပေါ် စိတ်ဆန္ဒ ပြင်းပြမှုတွေ လျော့ကျ သွားတတ်တယ်လို့ အများက သိထားကြပါတယ်။ ဒါပေမယ့် အဲဒါ မမှန်ပါဘူး။ အသက်အရွယ်က လိင်ကိစ္စမှာ သာယာမှု မရရှိ စေနိုင် တဲ့ အကြောင်းရင်းတွေထဲက တစ်ချက်ပဲ ရှိပါသေးတယ်။ 

 

အမျိုးသားတွေ ပျော်ရွှင်ကျေနပ်စရာ လိင်ဆက်ဆံမှု ကင်းမဲ့သွားစေတဲ့ အကြောင်းတွေအများကြီး ရှိပါတယ်။ သာယာကျေနပ်မှု မရရှိခြင်းရဲ့ နောက်ကွယ်က အကြောင်းတွေ အနက် တချို့ကို ဖော်ပြပေးလိုက်ပါတယ်။

 

လိင်စိတ်ဆန္ဒ နည်းပါးခြင်း
လိင်စိတ်ဆန္ဒ ပျောက်ဆုံးသွားတာက အမျိုးသမီးတွေနဲ့ နှိုင််းစာရင် အမျိုးသားတွေက ပိုအဖြစ်နည်းပါတယ်။ ဒါပေမယ့် အမျိုးသားတွေ လိင်အင်္ဂါ တောင့်တင်းနိုင်မှု အခက်အခဲ ရှိတာ (တချို့ကလည်း ပန်းသေ ပန်းညှိုးလို့ ဆိုကြပါတယ်) ကတော့ ဖြစ်လေ့ ဖြစ်ထ ရှိတဲ့ ပြဿနာ တစ်ခုပါ။ လိင်စိတ်ဆန္ဒ ပျောက်ဆုံးသွားတယ် ဆိုတာက အမျိုးသား တစ်ယောက် အနေနဲ့ လိင် မှု ကိစ္စ စွမ်းဆောင်ရည် ပျောက်ကွယ်သွားတယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ 

 

စိတ်ဆန္ဒ မရှိတာပဲ ဖြစ်ပါတယ်။ စိတ်ဆန္ဒ နည်း ပါးသွားခြင်း ပျောက်ဆုံး သွားခြင်းတွေက ဇီဝကမ္မဆိုင်ရာ၊ စိတ်ခံစားမှုဆိုင်ရာ၊ စိတ်ပညာဆိုင်ရာ အကြောင်းတွေနဲ့ ဆက်သွယ်နေနိုင်ပါတယ်။ လိင်စိတ်ဆန္ဒကို လျော့နည်းစေတဲ့ ဇီဝကမ္မဗေဒ ဆိုင်ရာ အကြောင်းရင်းတွေကတော့ အရက်စွဲခြင်း၊ မူးယစ်ဆေး သုံးစွဲခြင်း၊ အဝလွန်ခြင်း ၊ သွေးအားနည်းခြင်း၊ ကျားဟော်မုန်း (testosterone)ထုတ်လုပ်မှု နည်းခြင်းနဲ့ ဆီးချို
ရောဂါတွေကြောင့် ဖြစ်ပါတယ်။ စိတ်ခံစားမှု ဆိုင်ရာနဲ့ စိတ်ပညာဆိုင်ရာ အကြောင်းတွေ ကတော့ စိတ်ကျရောဂါ၊ စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှု လွန်ကဲခြင်း၊ အဆင်မပြေခဲ့တဲ့ အတိတ် အကြောင်း အတွေးတွေနဲ့ မိမိနဲ့ မိမိ အဖော်ရဲ့ ဆက်ဆံရေး ကိစ္စ တွေ၊ လိင်ကိစ္စနဲ့ ဆိုင်တဲ့ ပြဿနာတွေကြောင့် ဖြစ်နိုင်ပါတယ်။

 

လိင်အင်္ဂါ တောင့်တင်းရန် အခက်အခဲ ဖြစ်ခြင်း
အမျိုးသားတွေမှာ အသက်အရွယ် ရလာတာနဲ့ အမျှ လိင်အင်္ဂါ တောင့်တင်းနိုင်ဖို့ အခက်အခဲ ရှိလာတာက ဖြစ်ရိုးဖြစ်စဉ်ပါ။ ဒီလို ဖြစ်လာရင် လိင်ဆက်ဆံဖို့ အတွင် လိင်အင်္ဂါ တောင့်တင်းမှုကို ထိန်းထားနိုင်တဲ့ စွမ်းရည် ကျဆင်းလာပါတယ်။ တောင့် တင်းလာဖို့ အချိန်ယူရပါတယ်။ ဆက်ဆံလို့ အထွတ်အထိပ်ကို ရောက်သွားပြီး ရင်လည်း တောင့်တင်းမှုက မြန်မြန်ဆန်ဆန် လျော့ကျသွားနိုင်ပါတယ်။ နောက်တစ်ခါ ပြန်လည်တောင့်တင်းမှုကို ရဖို့ ပထမ အကြိမ်ထက် အချိန် ပိုယူရနိုင်ပါတယ်။ ဒီလို ဖြစ်တာဟာ ဆိုးရွားတဲ့ ပြဿနာ တစ်ခု မဟုတ်ပါဘူး။ တကယ်လို့ မကြာခဏ ဖြစ်နေမယ် ဆိုရင်တော့ ကျွမ်းကျင်တဲ့ ဆရာဝန် နဲ့ ပြသ ဆွေးနွေးသင့်ပါတယ်။

 

စိတ်ခံစားမှု ဆိုင်ရာ ပြဿနာများ
မိမိရဲ့ အဖော်နဲ့ ဆက်ဆံရေးမှာ ဖြစ်စေ မိသားစုမှာ ဖြစ်စေ စိတ်ခံစားမှု မတည်ငြိမ်စေ တဲ့ အကြောင်းတစ်ခု ရှိနေရင်လည်း ပျော်ရွှင်ကျေနပ်စရာ လိင်မှုကိစ္စကို ရရှိမှာ မဟုတ်ပါဘူး။ ချစ်သူနဲ့ ဖြစ်စေ အိမ်ထောင်ဘက်နဲ့ ဖြစ်စေ ဆက်ဆံရေး အဆင် မပြေရာကနေ စိတ်ဖိစီးမှုတွေ၊ အလိုမကျမှုတွေကလည်း လိင်မှုကိစ္စ အပေါ်မှာ သက်ရောက်မှုတွေ ဖြစ်စေ ပါတယ်။ မိသားစု ပြဿနာတွေ၊ ကိုယ်ချစ်ခင်သူ တစ်ယောက် သေဆုံးသွားလို့ ဝမ်းနည်း ရတာတွေကလည်း အမျိုးသား တစ်ယောက်ရဲ့ လိင်ကိစ္စအပေါ် အနှောက်အယှက်တွေပေးနေပါတယ်။ ကိုယ့်စိတ်ခံစားချက် နောက်ကို လိုက်ပြီး မျောပါနေတဲ့ ယောက်ျား တစ်ယောက်ဟာ လိင်ကိစ္စအပေါ် စိတ်ဝင်စားမှု လျော့ကျ သွားနိုင်ပါတယ်။

 

ကျန်းမာရေး မကောင်းမွန်ခြင်းနှင့် နောက်ဆက်တွဲ
တချို့ရောဂါတွေ၊ မသန်စွမ်းမှုတွေ၊ ဖျားနာခြင်းတွေနဲ့ ဆေးဝါးတွေ၊ ခွဲစိတ်ကုသမှု ခံယူတာတွေကလည်း အမျိုးသား တစ်ယောက် ရဲ့ လိင်မှုကိစ္စ စွမ်းဆောင်ရည်နဲ့ စိတ်ဆန္ဒကို ထိခိုက်စေနိုင်ပါတယ်။ ဆီးချိုလို ရောဂါမျိုးက တချို့ အမျိုးသား တွေကို လိင်အင်္ဂါ တောင့်တင်းနိုင်မှု အခက်အခဲ ဖြစ်စေနိုင်ပါတယ်။ ဆီး မထိန်းနိုင်တဲ့ ရောဂါမျိုးကလည်း လိင်ဆက်ဆံစဉ် မှာ အနှောင့်အယှက် ပေးနိုင်လို့ လိင်ဆက်ဆံဖို့ မဝ့ံရဲရာကနေ စိတ်ဆန္ဒ ကုန်ဆုံး သွားနိုင်ပါတယ်။ ဒါပေမယ့် ဆီးမထိန်း နိုင်တာကို လိင်ဆက်ဆံတဲ့ ပုံစံအနေအထားပြောင်းခြင်းအားဖြင့် ရှောင်လွှဲနိုင်ပါတယ်။ ဆေးဝါးကုသခြင်း ဖြင့်လည်း ဒီရောဂါကို ကုသနိုင်ပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit :
ဧရာဝတီ

 

 


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18