Print

အမျိုးသမီးများနဲ့ အမျိုးသားများရဲ့ မတူညီတဲ့ အချစ်စိတ်တက်ချိန်များ

  24-Feb-2017
Preview Image

အင်္ဂလန်နိုင်ငံက ပြုလုပ်ခဲ့တဲ့ ချစ်တင်းနှောခြင်းဆိုင်ရာ စိတ်ဝင်စားဖွယ် စစ်တမ်း ရလဒ်တွေအရ အမျိုးသမီးတွေရဲ့ အမြင့်ဆုံး အချစ်စိတ်တက်ချိန်က ည ၁၁း၂၁ နာရီ ဖြစ်ပြီး အမျိုးသားတွေရဲ့ အချစ်စိတ်တက်ချိန်က နံနက် ရး၅၄ နာရီ ဖြစ်တယ်လို့ အတိအကျ တွေ့ရှိခဲ့ကြပါတယ်။

 

အမျိုးသမီး အများစုက ည ၁၁ နာရီကနေ နံနက် ၂ နာရီအတွင်းမှာ ချစ်တင်းနှောလိုစိတ် အမြင့်ဆုံးဖြစ်ပြီး အမျိုးသားတွေကတော့ နံနက် ၅ နာရီကနေ နံနက် ၉ နာရီ အတွင်း ချစ်တင်းနှောရတာကို ပိုပြီးနှစ်သက်တယ်လို့ ဆိုကြပါတယ်။

 

အင်္ဂလန်နိုင်ငံက လူပေါင်း ၂၃၀၀၀ ကျော်ကို ပြုလုပ်ခဲ့တဲ့ စစ်တမ်းအရ လူတွေက ကိုယ်နဲ့ ကာမဆန္ဒချင်း တူညီတဲ့ ဆက်ဆံဖက်တွေနဲ့သာ ဘဝကို အခြေချလိုကြောင်းပြောကြားခဲ့ကြပါတယ်။ အမျိုးသမီး ၆၈ ရာခိုင်နှုန်းနဲ့ အမျိုးသား ၆၃ ရာခိုင်နှုန်းက သူတို့နဲ့ ဆန္ဒချင်း မတူညီတဲ့သူတွေနဲ့ ပတ်သက်ခဲ့ဖူးပေမဲ့ ရေရှည် လက်မတွဲဖြစ်ခဲ့ဘူးလို့ ဖွင့်ဟ ဝန်ခံခဲ့ကြပါတယ်။

 

ဇနီးမောင်နှံတွေအနေနဲ့ အချစ်စိတ် နိုးကြားချိန် မတူတဲ့အတွက် ၄င်းတို့နှစ်ယောက် ရဲ့ ပေါင်းသင်းဆက်ဆံရေးမှာ အဆင်မပြေမှုတွေ ဖြစ်ပြီး ကွာရှင်းပြတ်စဲရသည်အထိ ဖြစ်ကြ တဲ့ စုံတွေ အများကြီးရှိပါတယ်။ အမျိုးသမီးတွေရဲ့ အချစ်စိတ် နိုးကြားချိန်မှာ ၁၆ ရာခိုင်နှုန်းသော ယောက်ျားတွေကပဲ အတူတူ နေလိုတဲ့ဆန္ဒ ဖြစ်တတ်ပါတယ်တဲ့။ 

 

အမျိုးသမီး ၃ ပုံ ၂ ပုံနဲ့ အမျိုးသားတွေရဲ့ တစ်ဝက်ကျော်ကတော့ သူတို့ရဲ့ လက်ရှိ အဖော်ဖြစ်သူတွေနဲ့ ဆန္ဒချင်း ထပ်တူကျလိုကြောင်းကိုလည်း ဝန်ခံခဲ့ကြပါတယ်။ထူးခြားတဲ့ တွေ့ရှိမှုအနေနဲ့ အမျိုးသား တစ်ဝက်ကျော်ရဲ့ ကာမဆန္ဒက တည်ငြိမ်ပြီး ၃၆ ရာခိုင်နှုန်းသော အမျိုးသမီးတွေကတော့ စိတ်ခံစားချက်အလိုက် ကာမဆန္ဒ ပြောင်းလဲ တတ်ပါတယ်တဲ့။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit :
Trend Myanmar

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18