Print

အမျိုးသားများ မျိုးအောင်ရေးအတွက် အိမ်တွင်းနည်းလမ်းများ

  24-Feb-2017
Preview Image

၁။ ရက် အရေအတွက် တိုးမြင့်ပါ 

တစ်လ အတွင်းမှာ လိင် ဆက်ဆံတဲ့ရက် အရေအတွက် တိုးမြှင့်ပါ။ ဒါပေမယ့် ၄၈ နာရီအတွင်း အကြိမ်ကြိမ် သုက်စွန့်ထုတ်ရင်တော့ သုက်ပိုးကောင်ရေ နည်းပါးနိုင်တယ်။

 

၂။ သန္ဓေအောင်ခြင်း ဖြစ်နိုင်တဲ့ရက်မှာ လိင်ဆက်ဆံပါ

အမျိုးသမီးရဲ့ ဓမ္မတာရာသီလာတဲ့ စက်ဝန်းရဲ့အလယ် သားဥ ကြွေတဲ့အချိန်မှာ ကိုယ်ဝန် ရနိုင်ပါတယ်။ ကျွမ်းကျင်သူတွေကတော့ သားဥ မကြွေခင် ၂ ရက် အလိုမှာ လိင် ဆက်ဆံရင် သုက်ပိုးဟာ ရက်အတော်ကြာ အသက်ရှင်နိုင်တဲ့အတွက် သားဥကြွေ ဆင်းလာတဲ့အချိန်မှာ သန္ဓေအောင်ဖို့ အခွင့်အလမ်း သေချာသလောက်ပဲလို့ ဆိုပါတယ်။

 

၃။ ချောဆီ အသုံးမပြုပါနှင့်

လိင်ဆက်ဆံမှု ချောမွေ့ဖို့ Lubricants များ၊ လိုးရှင်းများ၊ တံတွေး စသည်တို့ အသုံးပြုခြင်းဟာ သုက်ပိုးကောင်ရဲ့ ရွေ့လျားမှုကို အနှောင့်အယှက်ပေးနိုင်ပါတယ်။

 

၄။ ဖြည့်စွက်အားဆေးများ

ဗီတာမင် C၊ ဇင့်၊ ဆယ်လီနီယံ၊ ဗီတာမင် E၊ ဗီတာမင် B12 ၊ အာရှ ဂျင်ဆင်း စသည်တို့ဟာ သုက်ပိုးရဲ့ အရေအတွက်နဲ့ အရည်အသွေးကို တိုးမြှင့်ပေးနိုင်တဲ့ အာနိသင် အချို့ ရှိပါတယ်။ L-arginine နဲ L- carnitine ပါဝင်တဲ့ ဖြည့်စွက်အားဆေးအချို့လည်း ပါဝင်ပါတယ်။

 

ကုသမှုများ မအောင်မြင်တဲ့အခါ
အမျိုးသားများ မြုံခြင်းကို ကုသမှုများ ရရှိနိုင်တယ် ဆိုပေမယ့် မအောင်မြင်တဲ့အခါ မျိုးလည်း ကြုံတွေ့လာရနိုင်ပါတယ်။ အဲဒီအခါမျိုးမှာ သုက်ပိုးအလှူရှင်ထံမှ သုက်ပိုးရယူခြင်း ၊ ကလေးမွေးစားခြင်းတို့ဖြင့် ဖြေရှင်းလေ့ရှိပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit :
newmyanmarpyi

 


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18