Print

ညအချိန်သုက်လွှတ်တယ်ဆိုတာဘာပါလဲ။ စိတ်ပူစရာရှိလား။

  24-Feb-2017
Preview Image

ညအချိန်အိပ်နေတုန်း ယောကျ်ားလေးရဲ့ လိင်တံဟာမာလာပြီး သုက်ရည်လွှတ် တာကို ဆိုလိုတာပါ။ နံနက်နိုးလာတဲ့အခါမှ အတွင်းခံဘောင်းဘီမှာ အိပ်ယာမှာ စိုနေတာ တွေ့ရမှာပါ။ ဒါဟာ စိတ်ပူစရာ၊ စိတ်လှုပ်ရှားစရာ မဟုတ်ပါဘူး။ ဒါဟာ ပုံမှန်သဘာဝပါပဲ။ လူပျိုဖော်ဝင်လာတဲ့ ယောကျ်ားတိုင်းလိုလို ဒီလိုတွေ့ကြုံဖူးကြပါတယ်။ လူပျို တချို့တလေတို့လည်း ဒီလိုအိပ်နေတုန်း သုက်လွှတ်တာ မတွေ့ကြုံဖူးဘူး။ အိပ်နေ တုန်း သုက်ထွက်သွားတာကို အိပ်မက်စို (wet dream) လို့လည်း ခေါ်ကြတယ်။ ဘာလို့ လည်းဆိုတော့ များသောအားဖြင့် အိပ်နေတုန်း သုက်လွှတ်ကြတဲ့ လူပျိုတွေဟာ အဲဒီအချိန် မှာ လိင်ကိစ္စတစ်ခုခုကို အိပ်မက်နေကြလို့ပဲ ဖြစ်တယ်။

 

လူပျိုအများစုဟာ ဒီလိုအိပ်တုန်း သုက်လွှတ်တာဟာ သုက်လွှတ်ခြင်းနှင့် ပတ်သက် ပြီး သူတို့နဲ့ ပထမဆုံး အတွေ့အကြုံပါပဲ။ မကြုံဘူးတော့ ညက ဆီးပဲပေါက်မိတာလား။ လိင်တံဟာ သွေးပဲထွက်တာပဲလားဆိုပြီး လန့်သွားတတ်တယ်။ တကယ်တော့ ဆီးနဲ့ လည်းမတူ၊ သွေးနဲ့လည်းမတူပါဘူး။ သုက်ရည်က နို့နှစ်ရောင်ဖျော့ဖျော့ပါ။(အိမ်မက်စို ) ဖြစ်လို့ လိင်ဆက်ဆံဖို့ မလိုပါ။ လူပျိုအများစု တွေ့ကြုံကြရတဲ့ အတွေ့အကြုံပါပဲ။ အဲလို (အိမ်မက်စို) ကို မဖြစ်အောင် တားလို့မရပါဘူး။ သဘာဝဖြစ်စဉ် တစ်ခုပါ။ ပုံမှန်ပါပဲ

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး

Credit :
မျိုးဆက်ပွားကျန်းမာရေး

 
 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18