Print

ညဉ့်နက်မှ အိပ်ရာဝင်ခြင်းနှင့် မီးအလင်းကြောင့် မျိုးအောင်နိုင်စွမ်း ထိခ...

  24-Feb-2017
Preview Image

ကိုယ်ဝန်ရရှိရန် ကြိုးစားနေလျှင် မီးအမှောင်ချပြီး အိပ်ချိန် ရှစ်နာရီထားရှိ် သင့်ကြောင်း၊ အမှောင်သည် အမျိုးသမီးတစ်ဦး၏ ကိုယ်ဝန်ရရှိနိုင်ချေအတွက် အဓိက သော့ချက်ဖြစ်ကြောင်း လေ့လာမှုအသစ်အရ သိရသည်။ အကြောင်းမှာ အမှောင်ထဲတွင် ထွက်ရှိသော မယ်လတိုနင်ဟော်မုန်းသည် အမျိုးသမီးတစ်ဦး၏ သားဥအား ဖိစီးမှုမှ ကာကွယ်ပေးနိုင်သောကြောင့် ဖြစ်သည်။

 

ညဘက်တွင် မီးဖွင့်ပါက မီးအလင်းရောင်ကြောင့် မယ်လတိုနင်ဟော်မုန်း ထွက်နှုန်း လျော့ကျသွားစေပြီး အမျိုးသမီးတို့၏ မျိုးအောင်နိုင်စွမ်းကို ထိခိုက်စေနိုင်ကြောင်း လေ့လာသူ ရက်ဆဲလ်က ပြောသည်။ ထိုပြင် ကိုယ်ဝန်ရရှိရန် ကြိုးစားနေသော အမျိုးသမီးများသည် တစ်ညလျှင် အမှောင်ထဲ ရှစ်နာရီ အချိ်ိန််ဖြုန်းသင့်ကြောင်း၊ အမှောင်ချ ထားသော အိပ်ခန်းထဲ နေခြင်းဖြင့် မယ်လ်တိုနင်ဟော်မုန်းထွက်ရှိမှုကို အမြင့်ဆုံး ဖြစ်စေကြောင်း သိရသည်။ မယ်လတိုနင်သည် အမျိုးသမီးတစ်ဦး၏သားဥများကို ဖရီးရယ်ဒီကယ် ဒဏ် မကျရောက်စေရန် ကာကွယ်ပေးနိုင်ကြောင်း မျိုးအောင်မှုဆိုင်ရာ ဂျာနယ်၏ လေ့လာမှုအရ သိရသည်။

 

“ ကိုယ်ဝန်ဆောင် ပထမသုံးလပတ်ရှိတဲ့ အမျိုးသမီးတွေကလည်း ဒီအကြံဉာဏ် ကိုလိုက်နာသင့်ပါတယ်။ တကယ်လို့ မီးဖွင့်ထားရင် အလင်းရောင်နဲ့ ထိတွေ့မှုကြောင့် ကလေးရဲ့ ဦးနှောက်ဆီကို မယ်လတိုနင် အလုံအလောက် မရရှိစေတဲ့အတွက် နောက်ပိုင်း မှာ ကျန်းမာရေး ပြဿနာတွေ ဖြစ်ပေါ်စေနိုင်ပါတယ်” ဟု လေ့လာသူတို့က ဆိုသည်။ ထိုပြင် ညဘက်ဖွင့်သော မီးရောင်သည် အနီ သို့မဟုတ် အဝါ ဖြစ်သင့်ပြီး အဖြူ သို့မဟုတ် အပြာ မဖြစ်သင့်ပေ။ မီးသီးအဖြူနှင့် အပြာသည် ခန္ဓာကိုယ်၏ ဇီဝနရီကို ထိခိုက်စေနိုင်ကြောင်း လေ့လာသူ ရက်ဆဲလ်က ဆိုသည်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit : Arogyam magazine (September 2014 , No.266 ,Page 135 )

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18