Print

မျိုးမပွားနိုင်သော အမျိုးသားများ ဇီဝဖြစ်စဉ်ဆိုင်ရာရောဂါ ဖြစ်နိုင်ခြေမျ...

  24-Feb-2017
Preview Image

မျိုးမအောင်နိုင်သော အမျိုးသားများ၏ လိင်ဟော်မုန်းများ ပမာဏနှင့် အခြား ဇီဝဓာတုဆိုင်ရာ အချက်အလက်များကို ဆွီဒင်နိုင်ငံမှ သုတေသီများ တိုင်းတာလေ့လာရာ တွင် လူအများအပြားသည် ဇီဝ ဖြစ်ပျက်မှုဆိုင်ရာ ရောဂါနှင့် အရိုးအားနည်းသော ရောဂါ တို့အပြင် လိင်ဟော်မုန်းပမာဏလျော့နည်းသည့် အန္တရာယ်ကျရောက်နေ ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

 

သုတေသီများက သုက်ကောင်အရေအတွက်နည်းပါးသော အမျိုးသား ၁၉၂ ဦးနှင့် သက်တူရွယ်တူမျိုးအောင်နိုင်သော အမျိုးသား၁၉၉ဦး၏ အခြေအနေများကို နှိုင်းယှဉ် လေ့လာခဲ့ကြသည်။

 

သုတေသီများက ယင်းအုပ်စုနှစ်ခုကြား ဆီးချိုရောဂါဖြစ်နိုင် သော ကနဦး အခြေအနေကို ဖော်ပြသည့် အင်ဆူလင်အသုံးမချနိုင် ခြင်း၊ အရိုးအားနည်းသော ရောဂါ အန္တရာယ်ကို ဖော်ပြသည့် အရိုး သတ္တုဓာတ်သိပ်သည်းဆတို့ကဲ့သို့ လက္ခဏာများနှင့် လိင်ဟော်မုန်း ပမာဏတို့ကို နှိုင်းယှဉ်လေ့လာခဲ့သည်။

 

မျိုးအောင်နိုင်မှုဆိုင်ရာ ပြဿနာများ ကြုံနေသော အသက် (၅ဝ) အောက်အမျိုးသား များ၏ သုံးပုံတစ်ပုံသည် လိင်ဟော်မုန်းပမာဏနည်းပါးသော ဇီဝဓာတုဆိုင်ရာလက္ခဏာ များ ပြသကြောင်း လေ့ လာတွေ့ရှိခဲ့သည်။ ယင်းအမျိုးသားများသည် အရိုးသိပ်သည်းဆ လည်း လျော့နည်းပြီး အထူးသဖြင့် ဖိုဟော်မုန်းနည်းပါးသော အမျိုး သားများအရိုးကျိုးနိုင် သည့် အန္တရာယ်နှင့် အရိုးအားနည်းသော ရောဂါဖြစ်လာနိုင်သည့် အန္တရာယ်မြင့် မားကြောင်း လေ့လာတွေ့ရှိသည်။

 

မျိုးမအောင်ဖြစ်နေသောအမျိုးသားများ၏ သွေးထဲတွင်သကြားပမာဏမြင့်မား နေသော ဇီဝဓာတုလက္ခဏာများကိုလည်း တွေ့ရသောကြောင့် ခန္ဓာကိုယ်က အင်ဆူလင် ကို ထိရောက်စွာ အသုံးမချနိုင်ဖြစ်နိုင်သဖြင့် ဆီးချိုရောဂါသို့ ဦးတည်သွားနိုင်ကြောင်း သုတေသီများက ပြောသည်။

 

မျိုးအောင်နိုင်မှုဆိုင်ရာ ပြဿနာများအတွက်အကြံဉာဏ် တောင်းခံရန်ကြိုးစား နေသော အမျိုးသားများအားလုံးကို မျိုးပွားမှု ဆိုင်ရာ ဟော်မုန်းပမာဏစစ်ဆေး သင့်ကြောင်း သုတေသနအဖွဲ့ ခေါင်းဆောင်ဒေါက်တာ အလက်ဇန်းဒါးဂီဝါမန်း က ပြောသည်။

 

ယင်းကဲ့သို့ ရောဂါများ ဖြစ်ပွားနိုင်သည့် အန္တရာယ်ကျရောက် နေသော အမျိုးသား များကို မျိုးပွားမှုဆိုင်ရာ ကုသမှုခံယူပြီးနောက် တွင်လည်း ကျန်းမာရေးစစ်ဆေးမှုပြုလုပ် သင့်သည်ဟု ဒေါက်တာ အလက်ဇန်းဒါးဂီဝါမန်းက ပြောသည်။ ယခုလေ့လာမှု ကို မြူးနစ်မြို့တွင် ကျင်းပသော ဥရောပဆေးပညာအဖွဲ့ညီလာခံ၌ တင်ပြခဲ့ ကြောင်း သိရသည်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit : TOI

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18