Print

တစ်နာရီအတွင်း နှစ်ကြိမ်ချစ်တင်းနှောပါက ကလေးရနိုင်ချေ သုံးဆပိုများနိုင်

  24-Feb-2017
Preview Image

လေ့လာမှုအသစ်တွေအရ တစ်နာရီအတွင်း နှစ်ကြိမ် လိင်ဆက်ဆံမှုပြုလုပ် သူတွေက ဖခင်ဖြစ်တဲ့ အခွင့်အလမ်းသုံးဆ ပိုများတယ်လို့ သိရပါတယ်။ ယခင်လေ့လာမှု အရ မျိုးဆက်ပွားနိုင်စွမ်းမြင့်မားဖို့ မှန်ကန်တဲ့အစားအသောက်တွေ ရွေးချယ်တာ၊ လိင်ဆက်ဆံတဲ့အနေအထား မှန်မှန်ကန်ကန်ပြုလုပ်တာတွေ လုပ်သင့်တယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် သုက်ပိုးအရည်အသွေး ကောင်းမွန်စေဖို့အတွက် ကလေးရဖို့ ကြိုးစားရမယ့်နေ့မတိုင်မီမှာ လိင်ဆက်ဆံမှု မပြုလုပ်သင့်ဘူးလို့ ထင်မှတ်ကြပါတယ်။ 

 

ဒါပေမယ့် အဲဒီလိုထင်တာက မှားယွင်းပါတယ်။ သုက်မလွှတ်တာက သုက်ပိုးရဲ့ အရည်အသွေးကို ကျဆင်းစေနိုင်ပါတယ်။ သုက်ရည်လတ်တလ်ဆတ်ဆတ်ထွက်လေလေ၊ သုက်ပိုးရဲ့ အရည်အသွေးကောင်းလေလေ ဖြစ်တာကြောင့်ပါ။

 

လေ့လာမှုမှာ ဖန်ပြွန်သန္ဓေပြုလုပ်မယ့် အိမ်ထောင်ရှင်ပေါင်း ၇၃ ဦး ပါဝင်ပါတယ်။ အမျိုးသားတွေကို တစ်နာရီအတွင်း နှစ်ကြိမ်သုက်လွှတ်စေပြီး ဒုတိယအကြိမ်လွှတ်တဲ့ သုက်ရည်နဲ့ ကုသမှုပြုလုပ်ကြည့်ရာ ကိုယ်ဝန်ဆောင်နိုင်နှုန်း ၂၀ ရာခိုင်နှုန်း ထွက်ပေါ် လာတာကြောင့် ပုံမှန်အောင်မြင်နှုန်း ခြောက်ရာခိုင်နှုန်းထက် သုံးဆပိုများတယ်လို့ သိရပါတယ်။ ဒီလေ့လာမှုအရ ဒုတိယအကြိမ်လွှတ်တဲ့ သုက်ရည်ထဲမှာ ပါဝင်တဲ့ သုက်ပိုးတွေက မှတ်ချက်ပေးကြပါတယ်။ 

 

တခြားလေ့လာမှုတစ်ခုအရ စက်ဘီးစီးတဲ့အမျိုးသမီးတွေမှာ သုက်ပိုးအရေ အသွေးနှင့် အရည်အတွက်တွေ ည့ံဖျင်းကြောင်းသိရပါတယ်။ စက်ဘီးစီးသလို မျိုး လေ့ကျင့်ခန်းတွေက သုက်ပိုးပျက်စီးစေနိုင်တဲ့ ရောင်ရမ်းမှုဖြစ်စေတဲ့ပစ္စည်း ဆိုက်တိုကိုင်းနီစ်ထွက်လာတာကြောင့်လို့ ဆိုပါတယ်။ 

 

ဒါ့အပြင် ပြင်းထန်တဲ့လေ့ကျင့်ခန်းပြုလုပ်ရာမှာ တင်းကျပ်တဲ့ အဝတ်အစားတွေ ဝတ်ဆင်တာနဲ့ထိုင်ခုံပေါ်မှာ အကြာကြီး ထိုင်နေရတဲ့အတွက် ဝှေးစေ့မှာအပူချိန်တွေမြင့်မားတာတွေကြောင့် သုက်ပိုးအရည်အသွေးကျဆင်းရာတာ ဖြစ်ပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
Arpgyam magazine, January 2016, No.282, Pg.185

 


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18