Print

အမျိုးသမီးတွေ စိတ်ကျေနပ်မှုရတယ် (ပြီးတယ်/orgasm ရတယ်) ဆိုတာ တကယ်လား?

  30-Oct-2016
Preview Image

ဟုတ်ကဲ့၊ ဒါတကယ်ပါ။ ဒါပေမယ့် အမျိုးသားတွေ ဖြစ်တတ်တာနဲ့တော့ ကွာပါတယ်။ အမျိုးသမီးတွေ ပြီးတာကို (orgasm ရတာကို) သတိပြုမိဖို့ကတော့ မလွယ်ပါဘူး။အမျိုးသမီးတွေအတွက် ပြီးသွားတယ်ဆိုတာမျိုးဟာ ဘာလဲ၊ ဘယ်လိုဖြစ်သလဲ ဆိုတာကို နားလည်ဖို့ နည်းနည်းတော့ ခက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က လိင်မှုဆိုင်ရာသာယာမှုတွေကို ဆွေးနွေးပြောဆိုရမှာ ရှက်ကြောက်နေကြတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီနေရာမှာ ဒီကိစ္စကို နည်းနည်းလောက် ရှင်းပြပါရစေ။အမျိုးသားတွေအနေနဲ့ စိတ်ကြွလာတဲ့အခါမှာ ခန္ဓာကိုယ်ထဲမှာ သွေးတွေစီးဆင်းရာကနေ လိင်တံကိုရောက်တဲ့အခါ ထောင်မတ်လာသလို အမျိုးသမီးတွေမှာဆိုရင်တော့ ယောနိရယ် မိန်းမအင်္ဂါဇာတ် ရယ်တို့ကလည်း သာမန်အချိန်ထက်ပိုကြီးလာတတ်ကြပြီး မိန်းမအင်္ဂါစေ့ကို ဖြတ်ပြီး ခန္ဓာကိုယ်ကနေ အရည်တွေကို ပိုထုတ်ပေးတာကြေင့် လှု့ံဆော်မှုတွေ အားကောင်းပြီး စိုစွတ်လာနိုင်ပါတယ်။သင်စိတ်လှုပ်ရှားမှု ဖြစ်တဲ့အချိန်မှာ သင့်ခန္ဓာကိုယ်ထဲက အာရုံခံလှုံ့ဆော်နိုင်မှုတွေ စုစည်းပြီး သင့်ကိုသာယာမှုတွေ ပိုဖြစ်စေနိုင်မှာပါ။ အဲ့အချိန်မှာ သင့်ကြွက်သားတွေက သင့်ကိုစတင်ပြီး ရုန်းကန်မှုတွေ ဖြစ်စေပါလိမ့်မယ်။ အဲ့ကြွက်သားရုန်းကန်မှုတွေ ဖြေလျော့လိုက်တဲ့ အချိန်ကတော့ ပြီးတဲ့အချိန်ပါပဲ။ တချို့ အမျိုးသမီးတွေကတေ့ ဒီအချိန်က သူတို့ခန္ဓာကိုယ်ရဲ့ ပေါက်ကွဲချိန်နဲ့တောင် တူတယ်လို့ ထင်ပါတယ်တဲ့။ ဒါကြောင့် အမျိုးသမီးတွေ အတွက် ပြီးတာနဲ့ပတ်သက်ပြီး ပြောပြနိုင်တဲ့ အတွေအ့ကြုံက ခက်ပါသလားဆိုရင် မခက်ပါဘူး။ မှန်ကန်တဲ့အစိတ်အပိုင်းပေါ်မှာ အာရုံထား တတ်ရင်မခက်ပါဘူး။လိင်ဆက်ဆံစဉ် သင့်ယောနိ နဲ့ သင့်မိန်းမအင်္ဂါစေ့တို့အပေါ် ပိုအာရုံထားတတ်ရင်၊ ခံစားမှုအားပိုကောင်းရင် သင်အောင်အောင်မြင်မြင်နဲ့ ပြီးဆုံးနိုင်ပါလိမ့်မယ်။ သင့် စိတ်ကျေနပ်မှုအတွက် ဘယ်အစိတ်အပိုင်းက အလုပ်လုပ်တယ်ဆိုတာ ရှာမတွေ့မချင်း အာရုံစိုက်ကြည့်ပါ။တစ်ယောက်နဲ့တစ်ယောက် orgasm ရပုံချင်းတော့ မတူနိုင်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သင့်ခန္ဓာကိုယ်နဲ့ စိတ်က လိင်ပိုင်းဆိုင်ရာ သာယာမှုမှာ ဘယ်လိုတု့ံပြန်တယ်ဆိုတာကို ရှင်းလင်းစွာ သိပြီဆိုရင်တော့ ပိုပြီးသာယာကောင်းမွန်တဲ့ အတွေ့အကြံုရရှိနိုင်ဖို့အထောက်အကူပြုနိုင်မှာပါ။

 

Healthcare.com.mm

 

Ref: Lydia



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18