Print

ယောကျာ်းလျာများနှင့် အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း

  30-Oct-2016
Preview Image

ဘာကြောင့် ယောကျာ်းလျာတွေ ဟာ လုံခြုံစိတ်ချမှုရှိသော လိင်ဆက်ဆံခြင်းကို စဉ်းစားသင့်သလဲ?

----------------------------------------------------------------------------------

ယေဘုယျအားဖြင့် ယောကျာ်း လျာတွေဟာ HIV ပိုးကူးစက်ခံရနိုင်ခြေနှင့် မလိုချင်ဘဲနဲ့ကိုယ်ဝန်ဆောင် နိုင်ခြေ နည်းပါးကြပါတယ်။ သို့သော်လည်း မိန်းမအချင်းချင်း လိင်ဆက်ဆံခြင်းဟာ အမြဲတမ်းတော့ လုံခြုံ စိတ်ချမှုရှိတယ်၊ အန္တရာယ်ကင်းတယ် လို့တော့မဆိုနိုင်ပါဘူး။ ယောကျာ်းလျာတွေဟာလည်း ယောကျာ်းများနှင့် လိင်ဆက်ဆံသော အမျိုးသမီး များကဲ့သို့ လိင်မှတစ်ဆင့်ကူးစက် တတ်သော ရောဂါများ ကူးစက်ခံရနိုင်ပါတယ်။

 

အန္တရာယ်ကင်းတဲ့ လိင်ဆက်ဆံခြင်း ဆိုတာဘာပါလဲ?

--------------------------------------------------------

 

HIV အပါအဝင် လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါတွေ ကူးစက် မခံရဘဲ လိင်ဆက်ဆံခြင်းကို ဆိုလိုပါတယ်။ ယောကျာ်းလျာတွေဟာ လည်း ထိုရောဂါတွေ မကူးစက်ခံရအောင် ကိုယ့်ကိုယ်ကို ကာကွယ်နိုင်ပါတယ်။ ရောဂါပိုးရှိတဲ့ ခန္ဓာကိုယ်မှ ထွက်သောအရည်များ ဥပမာ-သွေး၊ မိန်းမကိုယ်မှထွက်သောအရည်များကို လိင်ဆက်ဆံနေစဉ် မိမိရဲ့ခန္ဓာကိုယ်ထဲ ဝင်ရောက်မှုမရှိအောင် ကာကွယ်ရပါမယ်။ လိင်ဖျော်ဖြေရေး ပစ္စည်းများကို ဝေမျှမသုံးစွဲသင့်ပါဘူး။ အကယ်၍ သုံးမယ်ဆိုရင်တော့ လိင်ဆက်ဆံဖော်ဟာ ကွန်ဒုံးအသစ်တစ်ခု သီးသန့်အသုံးပြုရပါမယ်။ ဖက်ခြင်း၊ ထိတွေ့ကိုင်တွယ်ခြင်း၊ နှိပ်နယ်ခြင်း၊ မိမိ ဘာသာမိမိ လိင်ဆန္ဒဖြေဖျောက်ခြင်း တို့ကတော့ ယောကျာ်းလျာများ အတွက် ရောဂါကူးစက်နိုင်ခြေ နည်းပါးစေတဲ့ လိင်ဆက်ဆံမှုဆိုင်ရာ အပြုအမူများ ဖြစ်ပါတယ်။ ရေယုန်စတဲ့ အချို့သော ရောဂါပိုးတွေဟာ အရေပြားချင်း ထိတွေ့မိရုံနဲ့ကူးစက်နိုင်ပါသေးတယ်။ ဖြစ်နိုင်ရင်တော့ ရောဂါပိုးကင်းစင်တဲ့သူနဲ့ လိင်ဆက်ဆံတာ ကတော့ စိတ်အချရဆုံးဖြစ်ပါတယ်။

 

ယောကျာ်းလျာများ HIV ကူးစက် ခံရနိုင်သည့် အခွင့်အလမ်းများဟာ ဘာပါလဲ?

-------------------------------------------------------------------------------------

 

- Oral Sex

ကူးစက်ခံရနိုင်ခြေရာခိုင်နှုန်း နည်းပါးသော်လည်း ပါးစပ်သို့မဟုတ် ခံတွင်းတွင် အနာတစ်ခုခု၊ ဒဏ်ရာ တစ်ခုခုရှိနေပါက HIV ကူးစက်ခံရနိုင် ခြေရာခိုင်နှုန်းဟာ မြင့်တက်လာပါတယ်။ မိန်းမကိုယ်တွင် အနာတစ်ခုခု ခံစားနေရပါက သို့မဟုတ် ရာသီ သွေးဆင်းနေစဉ် Oral Sex ပြုလုပ်ပါက ကူးစက်ခံရနိုင်ခြေရာခိုင်နှုန်း မြင့်မားနေပါတယ်။

 

- လိင်ဖျော်ဖြေရေးပစ္စည်းများကို ဝေမျှသုံးစွဲခြင်း

Vibrators ကဲ့သို့ ပစ္စည်းများမှာ များသောအားဖြင့် မိန်းမကိုယ် အရည်များ၊ သွေးများပေရေနေ တတ်ပါတယ်။ ယောကျာ်းလျာများ ဟာ ထိုအရာများကို မျှဝေသုံးစွဲခြင်းမပြုဘဲ တစ်ယောက်တစ်ခုစီ အသုံးပြုရန် ခွဲခြား သတ်မှတ်ထားသင့်ပါတယ်။ ထိုပစ္စည်းတွေကို အမြဲတမ်းသန့်ရှင်းရေး ပြုလုပ်ပေးပြီး သန့်စင်အောင်ထား ရှိရပါမယ်။

 

- ကြမ်းတမ်းစွာလိင်ဆက်ဆံခြင်း

ကြမ်းတမ်းစွာလိင်ဆက်ဆံခြင်း ကြောင့် ဒဏ်ရာအနာတရရပြီး သွေးထွက်သံယိုဖြစ်လာနိုင်ပါတယ်။ ဒါဟာလည်း HIV ပိုးကူးစက်ခံရနိုင်ခြေ များစေတဲ့ အချက်ဖြစ်ပါတယ်။

 

-လှူဒါန်းထားသော သုက်ပိုးကိုရယူခြင်း

ယောကျာ်းလျာတွေဟာ ကလေး လိုချင်တဲ့အခါ အလှူရှင်ထံမှ သုက်ပိုး ကို ရယူလေ့ရှိပါတယ်။ ထိုကဲ့သို့ရ ယူတဲ့အခါ အလှူရှင်အမျိုးသားရဲ့ ကျန်းမာရေးရာဇဝင်ကို သတိထားဖို့ လိုအပ်ပါတယ်။ ထိုအလှူရှင်ဟာ မူးယစ်ဆေးဝါးများ သုံးစွဲဖူးသလား၊ လိင်ဆက်ဆံမှုနဲ့ပတ်သက်ပြီး ရာဇဝင်များကို သိရှိထားပြီး HIV အပါအ ဝင် လိင်မှတစ်ဆင့်ကူးစက်တတ် တဲ့ရောဂါတွေ ဖြစ်ပွားနိုင်ခြေမြင့်မား သူတွေဆိုရင်တော့ ထိုသူရဲ့သုက်ပိုး မှတစ်ဆင့် HIV ပိုးကူးစက်ခံရနိုင်လို့ ဖြစ်ပါတယ်။ HIV ပိုးကူးစက်ခံရနိုင်ခြေများသော ယောကျာ်းလျာများကတော့ အမျိုးသားနှင့်လိင်ဆက်ဆံမှုရှိသော ယောကျာ်းလျာများ၊ မူးယစ်ဆေးဝါးထိုးသွင်း သုံးစွဲသောယောကျာ်းလျာများ၊ အန္တရာယ်များသော လိင်ဆက်ဆံသည့်နည်းများ အသုံးပြုသော ယောကျာ်းလျာများဖြစ်ပါတယ်။

 

Healthcare.com.mm

Ref: Health Digest



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18