Print

လိင်ဆက်ဆံခြင်းနှင့် နှလုံးရောဂါ

  30-Oct-2016
Preview Image

ခင်ပွန်းနဲ့ ဇနီးသည် လိင်ဆက်ဆံခြင်းဟာ သဘာဝတစ်ခုပါ။ သူ့ကြောင့် အိမ်ထောင်ရေး သာယာမြဲမြံတတ်ကြသလို သူ့ကြောင့် အိမ်ထောင်ရေး ကန့်လန့်ကာ နောက်ကွယ်မှာ ထားရှိကြပေမယ့် လိင်ဆက်ဆံရေးနှင့် ပတ်သက်လို့ သက်ဆိုင်သူတို့ သိသင့်သိထိုက်တာတွေ မှန်မှန်ကန်ကန် သိထားဖို့လိုပါတယ်။ ဒါကြောင့်လည်း ရုပ်ဝါဒ အဓိကထားတဲ့နိုင်ငံတွေမှာ လိင်ဆက်ဆံရေးနဲ့ ပတ်သက်လို့ ပွင့်ပွင့်လင်းလင်း ပညာပေးတာတွေ ပြုလုပ်နေကြပါတယ်။ လိင်ပညာပေးအကြောင်း အချက် Sex Education တွေကို ဘာသာရပ် တစ်ခုသဖွယ် ပို့ချနေတာတောင် ရှိပါတယ်။ လိင်ဆက်ဆံတာလို့ ခြုံပြောလိုက်ပေမယ့် သူ့မှာ အဆင့်တစ်ခုမက ရှိနေပါတယ်။ နှစ်ဦးနှစ်ဖက် ပြင်းပြလာစေတဲ့အဆင့်၊ အမျိုးသားလိင်အင်္ဂ ါ တောင့်တင်းလာတဲ့အဆင့်၊ ခံစားမှုအထွတ်အထိပ် ရောက်ရှိတဲ့အဆင့်၊ အမျိုးသားများမှုာ သုတ်လွတ်တဲ့အဆင့်နှင့် ခံစားမှု ပြန်လည်ပြေလျော့တဲ့အဆင့် စသည်ဖြင့် အဆင့်ဆင့် ရှိပါတယ်။ကိုယ်လက်လှုပ်ရှားမှ ရင်ဘတ်အောင့်လာတတ်တဲ့ Stable angina နှလုံး ဝေဒနာရှိသူတွေဟာ လိင်ဆက်ဆံစဉ်နှင့် ဆက်ဆံပြီးတဲ့ခါစမှာ ရင်ဘတ်အောင့်တာ တွေ့ရပါတယ်။ ဒါ့ပြင် မိမိဆန္ဒအလျောက် ပါဝင်လာတဲ့ စုံတွဲများကို သူတို့ရဲ့ အိပ်ခန်းထဲမှာပဲ ပုံမှန်အတိုင်း လိင်အမှု ပြုစေပြီး လေ့လာခဲ့ကြပါတယ်။ ဒီအခါမှာ ပျမ်းမျှအမြင့်ဆုံး နှလုံးခုန်နှုန်းဟာ တစ်မိနစ် ၁၁၇ ခါသာရှိတာ တွေ့ကြရပါတယ်။ နေ့စဉ် ပုံမှန်လုပ်ငန်းပြုလုပ်စဉ် ပိုခုန်တတ်တဲ့ နှလုံးခုန်းနှုန်း တစ်မိနစ် ၁၂ဝ ထက် နည်းတာ တွေ့ခဲ့ကြတယ်။သွေးပေါင်ချိန်နှင့် ပတ်သက်လို့ မတိုင်းတာနိုင်ခဲ့ပေမယ့် ဒီလေ့လာချက်မှာ ရရှိလာတဲ့ အမြင့်ဆုံး နှလုံးခုန်နှုန်းနဲ့ တူညီတဲ့ လေ့ကျင့်ခန်းလုပ်စဉ် တွေ့ရှိရတဲ့ သွေးပေါင်ချိန်မှ ခန်းမှန်းကြည့်ကြတဲ့အခါ ပျမ်းမျှအားဖြင့် အထက်သွေးပေါင် ၁၆၂ နဲ့ အောက်သွေး ၈၉လောက်ရှိလိမ့်မယ်လို့ ခန့်မှန်းကြပါတယ်။ လိင်ဆက်ဆံခြင်းကြောင့် ရင်ဘတ်အောင့်တာ၊ နှလုံးခုန်မြန်ပြီး ရင်တုန်မောပန်းတာတွေ ဖြစ်နိုင်ခြေ နည်းတယ်ဆိုပေမယ့် နှလုံးသွေးကြောကျဉ်းမှု အနေအထား ဆိုးရွားသူတွေမှာတော့ ဖြစ်နိုင်ခြေ မြင့်မားနိုင်ပါတယ်။ လူနာအများစုကတော့ ဖြစ်နိုင်ခြေ နည်းတတ်ပါတယ်။ အထူးသဖြင့် ရက်သတ္တပတ်ခြောက်ပတ်မှရှစ်ပတ်အကြာ နှလုံးရောဂါလက္ခဏာ မပြတော့ဘဲ လူနာတွေ၊ သွေးတိုးရောဂါကို ဆေးနဲ့ကောင်းစွာ ထိန်းထားနိုင်သူ လူနာတွေ၊ နေရင်းထိုင်ရင်း ရင်ဘတ်အောင့်မနေဘဲ လှုပ်ရှားမှုများမှ ရင်ဘတ်အောင့်တတ်သူတွေ၊ နှလုံးသွေးကြောကျဉ်းတာကို ခွဲစိတ်ကုသထားပြီးသူတို့ဟာ လိင်ဆက်ဆံခြင်းကြောင့် နှလုံးရောဂါဖောက်လာမှာ စိုးရိမ်စရာ မရှိတတ်ပါဘူး...

 

Healthcare.com.mm

 

Ref:

ဒေါက်တာမြင့်သန်း (သန္ဓေသား)

Health for all magazine

January 2014, pg.113



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18