Print

ကာမအားဆေးများ အမြဲသုံးရင်ဘာဖြစ်နိုင်သလဲ

  30-Oct-2016
Preview Image

Tadalafil (တာဒါလာဖေးလ်) ဆေးကို Adcirca နဲ့ Cialis Tablets စားဆေးအနေနဲ့ ထုတ်လုပ်ရောင်းချတယ်။ဆေးဝါးဗေဒအရ ပြောရရင် Inhibition of phosphodiesterasetype 5 (PDE5) အမျိုးအားဖြစ်တယ်။ အရင်ဆုံး သုံးခဲ့တာက Pulmonary arterial hypertension အဆုပ်ရောဂါတမျိုးအတွက် ဖြစ်တယ်။ အခုခေတ်စားလာတာကတော့ Erectile dysfunction ပန်းသေ-ပန်းညှိုးအတွက်ဖြစ်တယ်။ Benign prostatic hyperplasia (BPH) ခေါ်တဲ့ ယောက်ျား အသက်ကြီးသူတွေမှာ အဖြစ်များတဲ့ ဆီးကျိတ်ကြီးခြင်း အတွက်လဲ သုံးပါတယ်။

ဘေးထွက်-ဆိုးကျိုးတွေနဲ့ သတိထားစရာတွေ -

 

• မျက်နှာနီမြန်း (၁၃%)၊ သွေးတိုး (၃%)၊ နှလုံးခုန်မြန် (၂%)၊ နှလုံးကိုသက်ရောက်မှုများ၊ အားယုတ်၊ ခေါင်းမူး၊ အိပ်ရေးပျက်၊

• Priapism ခေါ်တဲ့ ၄ နာရီအထိ ကျားလိင်အင်္ဂါသန်မာနေတာ ကျ မသွားတာမျိုးလဲ

တချို့မှာ ဖြစ်တတ်တယ်။

• ဆရာဝန်မညွှန်ဘဲ ဆေးကို တိုးမသောက်သင့်ပါ။

• တကယ်လို့ ခေါင်းမူးတာ၊ ရင်ဘတ်နာလာတာ၊ သတိလစ်ချင်သလို ဖြစ်လာတာ။ မျက်စိအမြင်ဝေဝါးလာတာ၊ နားထဲမှာ ဝီဝီမြည်သံကြားလာတာ၊နားကြားမကောင်းတာတွေ

ဖြစ်လာရင် ဆေးကိုချက်ချင်းရပ်ပါ။ အရက်နဲ့တွဲမသောက်ရပါ။ သွေးတိုးကျဆေးသောက်နေရရင် ဆရာဝန်ပြောပါ။

 

• ဒီဆေးဟာ လိင်ကတဆင့်ကူးစက်ရောဂါတွေကို အကာကွယ်မပေးပါ။ ကိုယ်ဝန်မရအောင်

လဲ တားမပေးပါ။

Healthcare.com.mm

Ref:

ဒေါက်တာတင့်ဆွေ

၁၉-၁-၂ဝ၁၃



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18