Print

Sperm life span သုတ်ပိုးတွေ ဘယ်လောက်ကြာကြာရှင်နေနိုင်သလဲ

  30-Oct-2016
Preview Image

ယောကျ်ားလေးရဲ့ သုတ်ရည်ထဲက သုတ်ပိုးဟာ ခန္ဓာကိုယ်အပြင်ဘက်မှာ အချိန်ဘယ်လောက်ကြာကြာနေနိုင်ပါသလည်း။ တကယ်လို့ သုတ်ပိုးဟာ ခနွာကိုယ်အပြင်ဘက်ရောက်ပြီး အချိန် နည်းနည်းကြာမှ မိန်းမအင်္ဂါထဲကို လက်ကနေတဆင့် အနည်းငယ် ကပ်ပါသွားခဲ့ရင်ရော ကိုယ်ဝန်ရနိုင်ပါသလားခင်ဗျာ။

• Sperm သုက်ပိုးက ဘယ်မှာနေတာလဲ သိရမယ်။ သူတို့နေစရာအပါ်မှာမူတည်ပြီး ဘယ်လောက်ကြာကြာ ရှင်နိုင်သလဲ ကွာခြားတယ်။

• သုက်ရည်ကို အမျိုသမီးရဲ့ ဗဂျိုင်းနားထဲမှာ ထုတ်လွှတ်ရင် အကြာဆုံး အသက်ရှင်နေနိုင်

တယ်။ ဗဂျိုင်းနား၊ သားအိမ်အဝနဲ့ သားမအိမ်ထဲ၊ သားအိမ်ပြွန်နေရာတွေမှာ ၃ ရက်ကနေ ၅ ရက်အထိ ရှင်နေကြမယ်။

• ဒါကြောင့် အမျိုးသမီးတွေဟာ တလမှာ တရက်တည်းမှာသာ မျိုးဥကထွက်ပေမဲ့ မျိုးဥမထွက်ခင် သုက်ပိုးတွေက အရင်ရောက်နေလို့ ရှင်နေသေးရင် ကိုယ်ဝန်ရနိုင်မယ်။

• အလားတူ မျိုးဥထွက်ပြီးနောက် မျိုးဥ ရှင်နေချိန်အတွင်း သုက်ပိုးနဲ့တွေ့ဆုံပေါင်းစပ်ရင်လဲ ကိုယ်ဝန်ရစေနိုင်တယ်။

• လူ့ကိုယ်ခန္ဓာပြင်ပမှာ သုက်နေရရင် သုက်ပိုးနဲ့အတူထွက်တဲ့ Semen (စီမင်) အရည်ထဲမှာဆိုရင် ရှင်နေနိုင်သေးတယ်။ နာရီအနည်းငယ်လို့ ပြောနိုင်တယ်။

• (စီမင်) ကို အေးအောင်ထားရင် ပိုကြာကြာထားနိုင်တယ်။ ခဲအောင်လုပ်ထား

ရင် နှစ်နဲ့အထိထားနိုင်တယ်။

• လူ့ကိုယ်ခန္ဓာပြင်ပမှာ သုက်ပိုးတွေက မိနစ် ၂ဝ ကနေ ၁ နာရီအထိရှင်နိုင်တယ်။ သုတေသန်တချို့က မိနစ် အနည်းငယ်မှ ၁-၂ ရက်လို့ပြောတယ်။

• ဘာမှာကွာသလဲဆိုရင် အပူချိန်၊ အစိုဓါတ်၊ ပါတ်ဝန်းကျင်အခြေအနေတွေပေါ်မှာ မူတည်တယ်။ အက်စစ် အခြေအနေ၊ ဖိအား၊ စိုထိုင်းဆစတာတွေ။

• ကိုယ်ဝန်ရမှာစိုးရိမ်ရင် သုက်ရည်ကို ဗဂျိုင်းနားနဲ့ ဝေလေကောင်းလေ ဥပဒေသကို

လိုက်နာသင့်တယ်။

• တကယ်တန်း သုက်လွှတ်ခြင်းဖြစ်စဉ် မတိုင်ခင်မျာ စိုစွပ်မှုပေးတဲ့ လိင်စိတ်ကနေဖြစ်စေ

တဲ့ အရည်ထဲမှာ သုက်ပိုးပါနေ-မနေ ကံသေကမ္မပြောမရပါ။ ရာခိုင်နှုန်းနည်းနည်းတော့ ပါနေနိုင်တယ်။

• ပုဝါအစိုထဲ၊ အဝတ်စိုထဲ၊ ရေထဲ၊ ရေချိုးကန်ထဲမှာ ပိုနေနိုင်မယ်။

• မျိုးဥသက်တမ်းက ပိုတိုတယ်။ သူ့ကိုယ်ထဲမှာသာရှိနေပေမဲ့ မျိုးဥအိမ်ကနေထွက်

လာပြီးနောက်မှာ ၁၂ နာရီကနေ ၂၄ နာရီသာ ရှင်တယ်လို့ သုတေသနအများစုက ဆိုတယ်။ တချို့ကတော့ ရ၂ ကနေ ၁၂ဝ နာရီအထိ နေနိုင်တယ်လို့ ပြောတယ်။

• ရှားပါးပေမဲ့ ဖြစ်နိုင်သေးတာက အမျိုးသမီးဟာ တလတည်းမှာ မျိုးဥနှစ်ခုကို ၂၄ နာရီအတွင်းမှာ ထွက်နိုင်တယ်။ တရက်ကျော်မှထွက်တာလဲ ပြောမရဘူး။ ထွက်လာရင် ၂ ရက်အထိရှင်နိုင်တယ်လို့ ဆိုတာလဲရှိပါတယ်။

• ဒါကြောင့် အများဆုံးရက်တွေကို စုပေါင်းလိုက်ရင် တလမှာ ကိုယ်ဝန်ရနိုင်ခြေက သုက်ပိုးအသက် ၅ ရက်နဲ့ မျိုးဥအသက်၂ ရက်ဖြစ်လို့ (၅ + ၂ = ရ) ရက် ဖြစ်တယ်။

• အကောင်းဆုံး ကိုယ်ဝန်ရစေနိုင်တဲ့ရက်ဟာ အမျိုးသမီး မျိုဥမထွက်ခင် ၁ ရက်မှာ

ယောက်ျားသုက်ပိုး ဝင်လာစေတာ ဖြစ်တယ်။

Healthcare.com.mm

Ref:

ဒေါက်တာတင့်ဆွေ

၉-၃-၂ဝ၁၃



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18