Print

Contraceptives and breastfeeding နို့တိုက်မိခင်များအတွက် ကိုယ်ဝန်တားဆေ...

  30-Oct-2016
Preview Image

ကိုယ်ဝန်တားဆေးတွေက နာမည်အမျိုးမျိုးနဲ့ လာတယ်။ အမျိုးသမီး အမျိုးမျိုးကို သက်ရောက်စေတာကလဲ အမျိုးမျိုး ရှိနိုင်တယ်။ ကိုယ်ဝန်တား စားဆေးတွေထဲမှာအများဆုံး သုံးနေကြတာက ဟော်မုန်း ၂ မျိုးတွဲ၊ တနေ့တလုံး စားရတဲ့ ဆေးမျိုး ဖြစ်တယ်။ဟော်မုန်းတွေဆိုတာ Estrogen (အီစထိုဂျင်) နဲ့ Progestin (ပရိုဂျက်စတင်) တွေ ဖြစ်တယ်။ ကလေး နို့တိုက်သူတွေနဲ့ သိပ်မကိုက်ဘူး။ ဒီဆေးမျိုးထဲမှာပါတဲ့ Estrogen က နို့ထွက်နည်းစေမယ်။ကလေးတလခွဲရှိတဲ့အထိ တားဆေးမသုံးဘဲလဲ နေနိုင်တယ်။ ကလေး နို့ဖြတ်ပြီးရင် ကြိုက်တဲ့ နည်းကို ပြောင်းသုံးနိုင်တယ်။ ဟော်မုန်း ၂ မျိုးတွဲကို ကလေး ၆ လရပြီးမှာ သုံးရင် နို့ထွက်နည်းတာကို ရှောင်နိုင်မယ်။ကလေးကို နို့တိုက်ပေးနေရင် နောက်ကလေး ရဘို့ ဝေးတတ်တယ်။ ဒါမျိုးကို ဆေးစာမှာ Lactational amenorrhea ခေါ်တယ်။ ရာသီမဆင်း၊ကလေးမရတာမျိုး ဖြစ်တယ်။ကလေးမွေပြီးတဲ့နောက် အမျိုးသမီးများဟာ ခင်ပွန်းနဲ့ အတူပြန်နေတာမှာ မြန်ကြတာများတယ်။၄ ပတ်ဆိုရင် ၃ ပုံ ၁ ပုံနဲ့ ၈ ပတ်ဆိုရင် ၈၈% လို့ ပြောနိုင်တယ်။

 

ကလေး နို့တိုက်တုံးသုံးနိုင်တဲ့ ကိုယ်ဝန်တားဆေးများ

--------------------------------------------------------

- Depo-Provera ၃ လခံထိုးဆေးလဲ သုံးနိုင်တယ်။

- Progestin-only pill (POP) တမျိုးထဲပါတဲ့ တားဆေးမျိုးက ပိုအဆင်ပြေတယ်။ ဒီဆေးမျိုးကို Mini pill လို့လဲ ခေါ်တယ်။ တားဆေးထဲက ဟော်မုန်းဟာ မိခင်နို့ရည်ထဲ မရောက်နိုင်လို့ ကလေးကို ဒုက္ခမပေးပါ။ Progestin-only pill အမျိုးအစားဟာ ဟော်မုန်း ၂ မျိုးတွဲထက် ကိုယ်ဝန်တားရာမှာ ထိရောက်မှု ရာနှုန်းနည်းတယ်။ ဆေးကို နေ့တိုင်းမှန်မှန် နဲ့ အချိန်လဲ မှန်မှန်သောက်ဘို့ အထူးသတိကြီးရမယ်။

- Progestin-only implants အရေပြားအောက်မှာ ထည့်ထားရတဲ့ အချောင်းမျိုးသုံးနိုင်တယ်။ ဥပမာ Norplant ဖြစ်တယ်။

- Contraceptive implant အရေပြားအောက်မှာ ထည့်ထားရတဲ့ ဟော်မုန်းပါ

ဆေးချောင်းထည့်နည်း Norplant and Jadelle (Norplant II), Implanon, Sino-implant (II) marketed as (Zarin, Femplant and Trust), Nexplanon တွေကို သုံးနိုင်တယ်။

- Barrier methods အဖုံး-အကာ-အစွပ်နည်းတွေထဲက Condom (ကွန်ဒွမ်) က ပိုအဆင်ပြေနိုင်တယ်။

- Intrauterine devices (IUD) သားအိမ်ထဲ (ကောပါး-တီ) ထည့်နည်းမှာ ဘာဟော်မုန်း

မှ မပါလို့ နို့ထွက်တာကို သက်ရောက်မှု မရှိပါ။

- Intrauterine system (IUS), IUD with progestogen, IntraUterine Contraceptive (IUC) လို့ ခေါ်တာက သားအိမ်အဝမှာ (ပရိုဂျက်စတင်) တမျိုးထဲသာ ပါလို့ နို့ထွက်တာကို မသက်ရောက်စေဘူး။

- Diaphragm (ဒိုင်ယာဖရမ်) နည်းကတော့ ကလေးမွေးပြီးစမှာ အရွယ်အစား ရင်စားပြန်မရသေးလို့ အနေမတော် ဖြစ်နိုင်တယ်။

- NuvaRing ထဲမှာလဲ ဟော်မုန်း ၂ မျိုးတွဲပါလို့ နို့ထွက်နည်းမယ်။

- Contraceptive patch = Transdermal patch (Evra, Ortho Evra) ထဲမှာ Estrogen နဲ့ Progestin hormones တွေပါလို့ နို့ထွက်နည်းစေမယ်။

 

Healthcare.com.mm

Ref:

Dr.Tint Swe



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18