Print

တစ်နာရီအတွင်း ၂ ကြိမ်တိုင် ချစ်တင်းနှောခြင်းဟာ ကိုယ်ဝန်ရနိုင်ခြေကို ၃ဆ...

  30-Oct-2016
Preview Image

မှန်ကန်တဲ့ အစားအသောက် တွေ စားသုံးခြင်းက စလို့ သေချာတဲ့ Positionတွေ အသုံးပြုခြင်းအထိ နည်းလမ်း အမျိုးမျိုး ကို အသုံးပြုပြီး ဇနီးမောင်နှံ တွေဟာ သူတို့ရဲ့ ကလေး ရနိုင်တဲ့ အခွင့်အလမ်းကို မြှင့်တင်လေ့ရှိကြပါတယ်။ဒါပေမယ့်လည်း ဒါဟာ သိပ်တော့မထိရောက်လှပါဘူး။ ကလေး ရယူဖို့ အခက်အခဲ ရှိတဲ့ ဇနီးမောင်နှံတွေအတွက်ကလေးရစေနိုင်မယ့် အကောင်းဆုံး အခွင့်အလမ်းကတော့ အမျိုးသားတွေအနေနဲ့ သုတ်ပိုး အားကောင်းလာပြီး မျိုးပွားနိုင်နှုန်း မြင့်မား လာသည်အထိ လိင်ဆက်ဆံခြင်းကိုရှောင်ကြဉ်နေဖို့ပဲ ဖြစ်ပါတယ်။ဘာပဲ ဖြစ်ဖြစ် လန်ဒန်မြို့က North Middlesex ဆေးရုံက သုတေသနအသစ်တစ်ခု က ဆွေးနွေးတင်ပြလာတာကတော့ တစ်နာရီအတွင်းမှာ ၂ ကြိမ်တိုင် ချစ်တင်းနှောခြင်းဟာ အမျိုးသားတစ်ယောက်ရဲ့ မျိုးအောင်နိုင်စွမ်းကို ၃ ဆ တိတိ မြှင့်တင်ပေးနိုင်တယ်ဆိုတာပါပဲ။ထို လေ့လာမှုဟာ စုံတွဲ ရ၃ တွဲကို လေ့လာခဲ့ပါတယ်။ ထိုစုံတွဲ ရ၃ တွဲလုံးဟာ အမျိုးသားရဲ့ သုတ်ပိုးကို အမျိုးသမီးရဲ့ သားအိမ်ထဲ တိုက်ရိုက်ထည့်သွင်းထားတဲ့ IUI မျိုးပွားကုသခြင်းကို လုပ်ဆောင်ခဲ့သူတွေပဲဖြစ်ပါတယ်။ ထိုလေ့လာမှုအတွင်းမှာ အမျိုးသားတွေကတော့ တစ်နာရီအတွင်း သုတ်ပိုး ၂ ကြိမ် ထုတ်လွှတ်စေပြီး ဒုတိယ အကြိမ်မြောက်ထုတ်လွှတ်တဲ့ သုတ်ပိုးကိုတော့ IUI မျိုးပွားကုသခြင်း မှာ အသုံးပြုခဲ့ပါတယ်။နောက်ဆုံး ရလဒ်ကတော့ ၂၀ ရာခိုင်နှုန်းရဲ့ ကိုယ်ဝန်ရနိုင်ခြေ ၊ မျိုးအောင်နိုင်ခြေ ဟာ အောင်မြင်ခဲ့တဲ့ ၆ ရာခိုင်နှုန်း ရဲ့ ၃ ဆ ဖြစ်နေခဲ့တာကိုလည်း တွေ့ရပါတယ်။ဇနီးမောင်နှံတွေအတွက် ယုံကြည်မှု တစ်ခုရှိနေခဲ့တာကတော့ အမျိုးသမီးတွေရဲ့ ဓမ္မတာ ကာလတစ်ဝင်ခန့်မှာ အမျိုးသားတွေအနေနဲ့ ချစ်တင်းနှောခြင်းကို ရှောင်ကြည်သင့်တယ်ဆိုတာပါပဲ။ ဒါ့အပြင် အမျိုးသားကျန်းမာရေး ဌာန ရဲ့ ဂိုက်လိုင်းတွေအရတော့ သူတို့အနေနဲ့ ချစ်တင်းနှောခြင်း မတိုင်မီ ၂ ရက်ခန့်ကတည်းက လိင်ဆက်ဆံခြင်းကို ရှောင်ကြဉ်ထားမှသာ မျိုးအောင်နိုင်ခြေများတဲ့ သုတ်ပိုးတွေကိုထုတ်လွှတ်နိုင်မှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။ဒါပေမယ့် လက်ရှိ သုတေသန အရတော့ လိင်ဆက်ဆံခြင်းကိုပိုမိုပြုပေးခြင်းကသာ မျိုးအောင်နိုင်ခြေများတဲ့ သုတ်ပိုးကို ထုတ်လွှတ် နိုင်မယ်ဆိုတာကိုတွေ့ရှိခဲ့ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ လေ့လာမှု အရတော့ တစ်နာရီအတွင်း ၂ ကြိမ်ထုတ်ယူထားတဲ့ သုတ်ပိုးတွေမှာ ဒုတိယ အကြိမ်မြောက် သုတ်ပိုးတွေဟာ ပိုမိုလတ်ဆတ်ပြီး အရည်အသွေးကောင်းမွန်ကာ မျိုးအောင်နိုင်ခြေများတဲ့ သုတ်ပိုးတွေဖြစ်နေခဲ့လို့ပါ။

 

Healthcare.com.mm

 

Credit : သစ်ထူးလွင်



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18