Print

အမျိုးသားများသုတ်လွတ်ခြင်းရောဂါနှင့် ကျန်းမာရေး

  30-Oct-2016
Preview Image

ဆေးပညာရပ်တွင် အမျိုးသားလူပျိုများတို့သည် အိမ်ထောင်မရှိဘဲ၊ လိင်ဆက်ဆံခြင်းမပြုဘဲ သုတ်လွတ်ခြင်းကို အင်္ဂလိပ်လို (Seminal Emission) ဟုခေါ်ပါသည်။ ယင်းသုတ်လွတ်ခြင်းမှာ လူငယ်လူရွယ်တို့၏ သဘာဝအလျှောက် (အလိုအလျောက်) သုတ်လွတ်ခြင်းများ ရှိပါသော်လည်း လူပျိုယောကျ်ားလေး၏ ကျန်းမာရေးချို့တဲ့မှုကြောင့် သုတ်လွတ်ခြင်းမျိုးလည်း ရှိတတ်ပေသည်။ သာမန်အားဖြင့် အရွယ်ရောက်လူပျိုပေါက်ဖြစ်လာခဲ့ပြီးသည့် နောက်ပိုင်းတွင် အလိုအလျောက် သုတ်လွတ်ခြင်းများ ရှိတတ်ပေသည်။ ယင်းသို့ သုတ်လွတ်ခဲ့ရာမှ အိမ်ထောင်ကျသည်အထိ ဖြစ်သည်။ သို့ရာတွင် အချို့သောယောကျ်ားလေးမှာ အိမ်ထောင်ကျပြီးသည့်တိုင်အောင် အလိုအလျောက် သုတ်လွတ်ခြင်းများ ရှိတတ်လေသည်။ ထိုသို့ဖြစ်ခြင်းသည် ကျန်းမာရေး ချို့တဲ့ခြင်းကြောင့် ဖြစ်ပေသည်။ မိမိ၏ ကိုယ်ခန္ဓာအတွင်းရှိ ပရိုစတိတ်ဂလင်းခေါ် (သုတ်ရည်ဂလင်း)မှ သဘာဝအလျောက် အလျင်မြန်နှုန်းဖြင့် ယိုစိမ့်ထွက်လာခြင်းကြောင့်ပင် ဖြစ်ပေသည်။ နောက်တစ်ချက်ကတော့ လူငယ်၊ လူရွယ်များတို့သည် ၉၉ရာခိုင်နှုန်း အများအားဖြင့် သဘာဝအလျောက် မဟုတ်သော တစ်နည်းအားဖြင့်ဆိုရသော် ဓမ္မတာအတိုင်း (အရ) မဟုတ်ဘဲ အတင်းအဓမ္မနည်းဖြင့် သုတ်လွတ်ခြင်း (လက်ဆော့ကစားခြင်း) ပြုဖန်များသော် မကြာခဏ သုတ်လွတ်တတ်လေသည်။ ယင်းသို့ဖြင့် ရက်ရှည်လကြာလာသည့်အခါတွင် အားအင်ကုန်ခမ်း ချည့်နဲ့လာချေတော့သည်။ ယင်းကို လူပျိုယောကျ်ားလေးများ သုတ်လွတ်ရောဂါဖြစ်၍ အမြန်ဆေးဝါးကုသခံယူမှု မပြုခဲ့လျှင် အသက်ကျန်းမာရေးအတွက် ဘေးအန္တရာယ်ရှိတတ်ပေသည်။ထို့ကြောင့် ရောဂါကို ပစ်မထားရ။ လျစ်လျူမရှုပေ။ ကျန်းမာရေးဂရုစိုက်ရာတည်း။မိမိ၏ခန္ဓာကိုယ်အတွင်းရှိ ပရိုစတိတ်ဂလင်း (ခေါ်) (သုတ်ရည်ဂလင်း) မှ အမြန်နှုန်းဖြင့် စိမ့်ထွက်လာသော အရည်သည် ကိုယ်ခန္ဓာထဲတွင် စုပြုံနေပြီး ကိုယ်ခန္ဓာပြင်ပသို့ ပုံမှန်အချိန်မှန် မထွက်ပြန်လည်းမရပေ။ ကိုယ်ခန္ဓာပြင်ပသို့ ပုံမှန်ယိုထွက်ပေး ရမည်။ ဆိုလိုသည်မှာ ပုံမှန်မစွန့်ထုတ်ဘဲ စုပုံနေပြန်လျှင်လည်း ရောဂါဖြစ်လေသည်။ မကြာခဏသုတ်လွတ်များပြန်တော့လည်း ရောဂါဖြစ်နေသည်ကို သတိပြုဆင်ခြင်အပ်ပေသည်။ အမျိုးသမီးများအဖို့ လစဉ်ရာသီဓမ္မတာမှန်မှန်ဆင်းမှ ကျန်းမာရွှင်လန်း နေပျော်ရသကဲ့သို့ အမျိုးသားယောကျ်ားလေးများအဖို့လည်း သုတ်မှန်မှန်လွတ်ပေးဖို့ လိုအပ်ပေသည်။ သဘာဝဓမ္မတာနှင့် ဆန့်ကျင်ပါက အသက်ဘေးအန္တရာယ်ရှိပေသည်။ သို့ရာတွင်အချို့သော အမျိုးသားလေးသည် ဆီးသွားဝမ်းသွား၊ ဆီးစွန့်မစင်စွန့်သည့်အခါ၌မူ ဆီးသွားဝမ်းသွားရင်းဖြင့် သုတ်လွတ်တတ်ရာ ယင်းမှာ သဘာဝအလျောက်သုတ်လွတ်ခြင်းပင်ဖြစ်၍ စိုးရိမ်ကြောင့်ကြဖွယ်ရာ မလိုချေ။ အသက်ဘေးအန္တရာယ် မရှိပါ။အကယ်၍တစ်နေ့တည်းတွင် သုတ်လွတ်ခြင်း နှစ်ကြိမ်သုံးကြိမ်ဖြစ်ပါက ဂရုစိုက်ရမည်ဖြစ်ပြီးအောက်ဖော်ပြပါအရ ပြုစုကုသထိန်းသိမ်း (ထိန်းချုပ်) ကြရမည်ဖြစ်၏။ လုံးဝသုတ်မလွတ်ရလေအောင် မပြုလုပ်နိုင်ပါ။ သုတ်လွတ်ခြင်းအကြိမ်များ လျော့နည်းလာအောင်သာပြုလုပ်ကုသနိုင်ပေသည်။

 

သုတ်လွတ်အကြိမ် လျော့နည်းလာအောင် ပြုစုထိန်းချုပ်နည်း

----------------------------------------------------------------

(၁) လမ်းဘေးတွင် ရောင်းချသောဆေးဝါး၊ သတင်းစာ၌ ကြော်ငြာသောဆေးဝါးများတိို့ကို မိမိသဘောဆန္ဒဖြင့် ၀ယ်မသောက်စေရန် (သို့) ဒေါက်တာရမ်းကုနှင့် မကုသရန် အမြဲသတိရှိဖို့လိုပါသည်။

(၂) အလုပ်ပင်ပင်ပန်းပန်း မလုပ်ရဘဲ နားနားနေနေ လုပ်ပေးရမည်။ အိပ်ရေးဝအောင် အိပ်စက်ပါလေ။ အားအင်မွေးထားပါ။ အားအင်ကို အလဟသဖြုန်းတီးခြင်း မပြုရ။

(၃) ၀မ်းဗိုက်တင်းကားအောင် စားသောက်ခြင်းမပြုရဘဲ သင့်တင့်မျှတစွာ စားသောက်ပါ။

(၄) ဘူး (ဗူး) ဖျော်ရည်ကို မသောက်ရဘဲ မိမိအိမ်တွင်း၌ ပြုလုပ်သော လတ်လတ်ဆတ်ဆတ် သစ်သီးကိုဖျော်သောက်ပါ။ သစ်သီးဖျော်ရည်တွင် ဆားအနည်းငယ် ရောထည့်ထားသည့် သစ်သီးဖျော်ရည်ကို သောက်ပါ။ ၄င်းဖျော်ရည်ထဲသို့ သကြားအနည်းငယ် ထည့်နိုင်ပါသည်။

(၅) ဆီးချုပ်၊ ၀မ်းချုပ်ခြင်း မဖြစ်ပါစေနှင့်။ ဆီးဝမ်း မှန်ကန်ပါစေ။

(၆) အပြာရောင်ဝတ္ထု၊ ရုပ်ရှင်၊ ဗွီတီယို လုံးဝမကြည့်ရ။ ကာမစိတ် နှိုးဆွထကြွစေသော စာအုပ်စာပေတို့ကို ဖတ်ရှုခြင်းမှ ကြပ်ကြပ်ရှောင်ပါ။

(၇) ညအိပ်စက်ခဲ့သည့်အခါတွင် ဘယ်ဘက် (သို့) ညာဘက်သို့စောင်းအိပ်ပါ။ အိပ်ရာပျော့ပျော့ပျောင်းပျောင်းမခင်းရဘဲ သစ်သားပြား ခပ်မာမာခင်းအိပ်ပါ။ အိပ်ခန်း လေဝင်လေထွက်ကောင်းပါစေ။ ညအိပ်အကျင်္ ီပါးပါးလွှာလွှာ ၀တ်အိပ်ပါ။

(၈) ညသုတ်လွတ်ခြင်းမရှိ်ရန် မိမိ၏ခါးနှင့် ကျောကို ပဝါထူထူထုံး၍ ခုအိပ်ပါ။ ပက်လက်လန်မအိပ်ရ။ ဘေးစောင်းစောင်းအိပ်ခြင်းသည် ကျန်းမာရေးနှင့် ညီညွတ်လှပေသည်။ ယင်းသို့အိပ်လျှင် ညညသုတ်လွတ်ခြင်း အကာအကွယ်ပြုနိုင်သည်။ အကောင်းဆုံး အိပ်စက်ခြင်းပင် ဖြစ်ပါသည်။ အိပ်ရေးဝအောင် အိပ်စက်နည်းပင်ဖြစ်သည်။

 

Healthcare.com.mm

 

Ref:

သက်ရှည်ကျန်းမာနေထိုင်ရေး

ဒေါက်တာစောချိန်ဝင်း

Health for all magazine



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18