Print

အမျိုးသားများ စိတ်ဖြေခြင်း (Male MASTURBATION)

  30-Oct-2016
Preview Image

ပြဿနာ(၁)

--------------

ဆရာ ကျွန်တော် သုံးရက် တစ်ခါ လောက်စိတ်ဖြေမှု လုပ်လေ့ ရှိပါတယ်။ ကျွန်တော်တကယ် မလုပ်ချင်ပါဘူး။ ဒါပေမယ့် လုပ်နေမိတယ်။ အခု ကျွန်တော့် မင်္ဂလာဆောင်ပြီး ပါပြီ။ကျွန်တော့် သတို့သမီးကို မဖြည့်စွမ်းနိုင်မှာ ကြောက်မိပါတယ်။ ကျွန်တော့်သူငယ်ချင်းတွေက ဒီလိုစိတ်ဖြေခြင်းက ကိုယ်ကိုအားနည်းစေပြီး၊ လိင်အင်္ဂါထောင်မတ်မှုကို လျော့နည်း စေတယ်လို့ပြောပါတယ်။ ကူညီပါဦး ဆရာ။

 

ပြဿနာ(၂)

-------------

ဆရာ ကျွန်တော် အသက် (၁၅) နှစ်ရှိပါပြီ၊ မိဘတွေ မရှိတိုင်း မိန်းကလေး တွေရဲ့ ဓာတ်ပုံကြည့်ပြီး ကျွန်တော်စိတ် ဖြေလေ့ရှိပါတယ်။ အခု နောက်ပိုင်း ကျွန်တော် အချိန်တိုင်း နုံးနေလေ့ ရှိပါပြီး။ စာသင်တာတောင် စိတ်မဝင် စားနိုင်တော့ ပါဘူး။ ကျွန်တော် ကြားဖူးတာက စိတ်ဖြေတာများသွားရင် ရူးသွားတာမျိုး၊ မျက်လုံးကန်းသွားတာ မျိုးဖြစ်စေတယ် လို့ဆိုပါတယ်။ ဟုတ်ပါသလား ဆရာ။ စသည်ဖြင့် စိတ်ဖြေခြင်းနှင့် ပတ်သက်ပြီး အယူအဆ အမျိုးမျိုးရှိ ကြပါတယ်။ သို့ သော်လည်း တစ်ချိန်က အမေရိကန်မှ ခွဲစိတ်ဆရာဝန်တစ်ယောက်က ကျောင်းသင်ရိုး ညွှန်းတန်းနဲ့ စိတ်ဖြေခြင်းက ကျန်းမာရေးနှင့် ညီညွတ်ပြီး စိတ်ချရကြောင်းထည့်သင်သည်ဟု တိုက်တွန်းခဲ့သည့်အတွက် ရာထူးမှ ထုတ်ပယ်ခံခဲ့ရဖူးလေသည်။ စိတ်ဖြေခြင်းနှင့် ပတ်သက်၍ ကောင်းသည့် အကျိုးများမှာ-

 

၁။ သုတ်ပိုးများ အသစ်ပြန်ဖြစ်စေခြင်း

လေ့လာမှုအမျိုးမျိုးက သုက်လွှတ်ခြင်းက သုတ်ပိုးများ၏ အရေအတွက် နှင့်လှုပ်ရှားမှု အားပို၍ တိုးတက်စေ ကြောင်း အကြံပြုခဲ့သည်။ အကြောင်းမှာ အို ဟောင်းနေသော သုက်ပိုးများ နေရာတွင်သုက်ပိုး အသစ်များက စားထိုးလာသော ကြောင့်ဖြစ်ပြီး၊ ယင်းက သန္ဓေအောင် နိုင်မှုနှုန်းကို မြင့်တက်စေသည်။

 

၂။ စိတ်ဖိစီးမှု လျော့နည်းစေခြင်း

စိတ်ဖြေခြင်းက စိတ်ဖိစီးမှုကို ပြေပျောက် စေသော နည်းကောင်း တစ်ခု ဖြစ်သည်။ စိတ်ဖြေစဉ်တွင် စိတ်ညစ်ခြင်းကို သက်သာစေသော နိုပါမင်းနှင့် အောက်ဆီတို စင်ကဲ့သို့သော ဟော်မုန်းများ ထွက်စေသည်။ ထို့ပြင် စိတ်ဖြေ ခြင်းထက် ပိုကောင်းသောအိပ်ဆေး မရှိသေးပေ။

 

၃။ လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါကို လျော့နည်းစေခြင်း

စိတ်ဖြေခြင်းကို အကောင်းဖက်မှ တွေးလျှင် အခြားသော သူများနှင့် လိင်ဆက်ဆံမှုလျော့နည်း စေသည့် အတွက် လိင်မှတစ်ဆင့် ကူးစက်သော ရောဂါများ ပျံ့ပွားခြင်းကို လျော့နည်း စေသည်။

 

၄။ ဆီးကျိတ် ကင်ဆာ ဖြစ်ပွားမှုနှုန်း လျော့နည်းစေခြင်း

၂၀ဝ၃ခုနှစ် ဩစတေးလျ လေ့လာမှု တစ်ခုအရ တစ်ပတ်လျှင် ငါးကြိမ်နှင့် အထက် သုက်လွှတ် သူများသည် ဆီးကျိတ် ကင်ဆာ ဖြစ်ပွားမှုကို လျော့နည်း စေသည်ဟုဆိုသည်။ ထို့ပြင် စိတ်ဖြေခြင်းက ခန္ဓာကိုယ်ထဲ ရှိသွေးများကို ပျံ့နှံ့သွားစေ၍ ကင်ဆာ ဆဲလ်များ စုပုံခြင်းအား ကာကွယ်ပေး လေသည်။ အများစုက ကာလရှည်ကြာ စိတ်ဖြေ ခဲ့သော လူနာများတွင် သူနှင့်အတူ နေထိုင်မည့် လိင်ပိုင်းဆိုင်ရာ အဖော် မရနိုင်ခြင်းနှင့် ဆက်စပ် နေသည်ဟု လွဲမှားစွာ လက်ခံ ထားခဲ့သည်။ သို့သော်လည်း အမှန်ကစိတ်ဖြေခြင်းများများ လုပ်ခဲ့သူမှာ အိပ်ခန်းထဲတွင် ဘုရင် ဖြစ်လေသည်။ များများလေ့ကျင့်လေ ပိုကောင်း လေဆိုသော သဘောပင် ဖြစ်လေသည်။ ဒါကြောင့် သင့်စိတ်က လိုအပ်ပြီဟု ခံစားရတိုင်း စိတ်ဖြေခြင်းက ကျန်းမာရေးကို ထိခိုက်စေမှု မရှိပေ။ကျန်းမာရေးကို ထိခိုက်မှု မရှိစေသော်လည်း ယင်းအကျင့်က အလုပ်အကိုင်နဲ့ မိမိနှင့် ဆက်ဆံသူများတွင် သက်ရောက်မှုရှိလာပါက ရှောင်ကြဉ်သင့်ပါသည်။

 

Healthcare.com.mm

 

Ref:

ဖိုးသောကြာ

Health Upadates Journal

Source: MNT



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18