နေရောင်ခြည်က မျိုးပွားနိုင်စွမ်းကို တိုးပွားစေကြောင်း တွေ့ရှိ
30-Oct-2016
နေရောင်ခြည်သည် ဗီတာမင်ဒီ ပါဝင်မှုနှုန်းကို တိုးပွားစေရာ ယင်းက အမျိုးသားနှင့် အမျိုးသမီး နှစ်ဦးစလုံးတွင် မျိုးပွားနိုင်စွမ်းကို မြှင့်တင်ပေးနိုင်ကြောင်း ပညာရှင်များကတွေ့ရှိခဲ့သည်။ ဗီတာမင်ဒီသည် အမျိုးသမီးများတွင် လိင်ပိုင်းဆိုင်ရာ ဟော်မုန်းများကို ထိန်းညှိပေးနိုင်ပြီး အမျိုးသားများတွင် သုက်ပိုးပါဝင်မှုနှုန်းကို တိုးတက်စေနိုင်ကြောင်းလေ့လာချက်အသစ် တစ်ရပ်၌ တွေ့ရှိခဲ့ရသည်။ ထို့ကြောင့် ကလေးမရသော စုံတွဲများအနေဖြင့် နေဆာလှုံခြင်းကို ကုထုံးတစ်ရပ်အဖြစ် အသုံးပြုနိုင်သည် ဟုဆိုသည်။ အမျိုးသမီးများတွင် ဗီတာမင်ဒီက လိင်ပိုင်းဆိုင်ရာ ဟော်မုန်းများ ဖြစ်သော ပရိုဂျက်စတာရုန်းနှင့် အီစထရိုဂျင်တို့ကို ၁၃ ရာခိုင်နှုန်းနှင့် ၂၁ ရာခိုင်နှုန်း အသီးသီးတိုးတက် စေသည့်အပြင် ရာသီလာခြင်းကိုလည်း ထိန်းညှိပေးသည် ဟုဆိုသည်။ အမျိုးသားများ၌ ဗီတာမင်ဒီသည် သုက်ပိုး၏ နျူကလီးယက်စ်ကို ကျန်းမာဖွံ့ဖြိုးစေ သည်ဟုဆိုသည်။ ၎င်းအပြင် အမျိုးသား လိင်ဟော်မုန်းဖြစ်သော တက်စတို စတာရုန်းကို တိုးပွားစေပြီး လိင်စိတ်ဖြစ်ပေါ်မှုကို တိုးတက်စေနိုင် သည်ဟုဆိုသည်။ ယင်းတွေ့ရှိချက်ကို သြစတြီးယားနိုင်ငံ ဂရက်ဇ်တက္ကသိုလ ်ဆေးကျောင်းမှ သုတေသနပညာရှင်များမှ လူပေါင်း ၂၃ဝဝ ကို သုတေသနပြုကာ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Healthcare.com.mm
Ref:
လပ်ကီးမြို့တော်
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

