Print

မျိုးအောင်နိုင်မှုအားကောင်းစေရန် စားပေးရမည့် အစားအစာများ

  30-Dec-1899
Preview Image

လူသားမျိုးပွားမှုဂျာနယ်တွင် ဖော်ပြထားသော လေ့လာမှုတစ်ခုအရဗီတာမင်ဒီချို့တဲ့ပြီး ခန္ဓာကိုယ်ပြင်ပတွင်မျိုးအောင်နိုင်ရန်ကြိုးစားနေရသောအမျိုးသမီးများသန္ဓေရနိုင်ခြေနည်းပါးကြောင်းသိရသည်။ ဗီတာမင်ဒီကိုအဆီများသောငါးနှင့် ဥများမှ ရရှိနိုင်သော်လည်းဗီတာမင်ဒီသဘာဝအတိုင်းဖြစ်ပေါ်သော အကောင်းဆုံးအစားအစာများအနက် တစ်ခုမှာ ဝက်ပေါင်ဆားနယ်ခြောက်ဖြစ်သည်။

ဥများတွင် ဗီတာမင်များ၊ သတ္တုဓာတ်များ၊ ဓာတ်တိုးဆန့်ကျင် ပစ္စည်းများ၊ ကျန်းမာစေသောအဆီဓာတ်များ၊ ကိုလက်စထရော၊ အိုမီဂါ-၃ ဖက်တီးအက်စစ်များနှင့် မျိုးအောင်စေရန် မရှိမဖြစ် လိုအပ်သည့် အခြားအာဟာရဓာတ်များပါဝင်သည်။သို့သော် သဘာဝအတိုင်းမွေးမြူသော ကြက်၊ ဘဲများ၏ ဥကိုစားပေးသင့်သည်။ အမဲသားမှာလည်း မျိုးအောင်နိုင်မှုကိုအားကောင်းစေမည့် အကောင်းဆုံးအစားအစာများ အနက်တစ်ခုဖြစ်သည်။ ၁၀၀ ရာခိုင်နှုန်းမြက်စားသော နွားသားကိုစားရန်လိုအပ်သည်။ အုန်းဆီမှာကျန်းမာရေးနှင့်ညီသောအဆီများပါဝင်သည့် အကောင်းဆုံးရင်းမြစ်များအနက် တစ်ခုဖြစ်သည်။ အုန်းဆီတွင် ပါဝင်သောဖက်တီးအက်စစ်များမှာ ခန္ဓာကိုယ်တွင်း လျင်မြန်စွာစုပ်ယူနိုင်ပြီး စွမ်းအင်လျင်မြန်စွာရရှိစေနိုင်သည်။ယောကျာင်္များတွင် သွပ်ဓာတ်၊ ဆီလီနီယမ်နှင့် မျိုးအောင်နိုင်မှုအတွက် အရေးကြီးသော ဗီတာမင်အေနှင့် ဒီတို့ပါဝင်သောကြောင့် မျိုးအောင်စေရန် စားပေးရမည့် အကောင်းဆုံးအစားအစာဖြစ်သည်။

 

သဘာဝအတိုင်း မွေးမြူထားသော နွားများ၏နွားနို့မှ ထုတ်ယူထားသောထောပတ်များတွင် ဗီတာမင် အေ၊ အီး၊ ဒီ၊ ကေနှင့် ကေ-၂ တို့ပါဝင်ပြီး ရင်သွေးဖွံ့ဖြိုးတိုးတက်မှု၊ ကိုယ်ဝန်ဆောင်စဉ်နှင့် ကိုယ်ဝန်ဆောင်ပြီးနောက် ကျန်းမာရေးတို့နှင့် ဆက်စပ်သော ဇီဝဖြစ်ပျက်မှုအတွက် အရေးကြီးသည်။ဗီတာမင်အေ ကြွယ်ဝစွာပါဝင်သော အသည်းများကို စားပေးခြင်းဖြင့်လည်းမျိုးအောင်နိုင်မှုကို အထောက်အကူပြုနိုင်သည်။ ငါးဥကို လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာမျှ စားပေးခြင်းဖြင့် ပရိုတိန်းအိုမီဂါ-၃ ဖက်တီးအက်စစ်များ၊ ဗီတာမင်အီးနှင့်ဘီ-၁၂ တို့ လုံလောက်စွာရမည်ဖြစ်သည်။ ကိုယ်ဝန်သက်တမ်း ၁၂ ပတ်မတိုင်မီကိုယ်ဝန်ပျက်ကျနိုင်ခြင်းကို ကာကွယ်ရန် ဖောလစ်အက်စစ်များသောအသီးအရွက်များဖြစ်သည့် ပဲနီကလေး၊ ပဲစေ့များ၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်များ၊ ကညွတ်ပင်၊ ထောပတ်သီးနှင့် လိမ္မော်သီးများ စားပေးသင့်သည်။

 

Ref:

FOX

7daydaily

No.723 Monday, May 4, 2015



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18