Print

လိပ်ခေါင်းရောဂါ အတွက် ဆောင်ရန် ရှောင်ရန်

  01-Mar-2017
Preview Image

 

လိပ်ခေါင်းရောဂါ အတွက် ဆောင်ရန်ရှောင်ရန်များကို တင်ပေးဖို့ မကြာခဏ တောင်း ဆိုလာကြတဲ့အတွက် လေ့လာ စုဆောင်းထားသမျှလေးကို တင်ပေးလိုက်ပါတယ်။လိပ်ခေါင်းရောဂါ ဖြစ်ရတဲ့ အကြောင်းများစွာထဲမှာ အထင်ရှားဆုံးကတော့ ဝမ်းချုပ်ခြင်းကြောင့်ပါပဲ။ ဝမ်း မကြာခဏချုပ်၍ ညှစ်ပေးနေရလျှင် ကြာလာတော့ စအိုနေရာမှ သွေးကြောများ နေရာကျွံ၍ လိပ်ခေါင်းကဲ့သို့ ပေါ်လိုက်ပျောက်လိုက်ဖြစ်လာ တဲ့အတွက် လိပ်ခေါင်းရောဂါလို့ ခေါ်ကြတာပါ။ အင်္ဂလိပ်လိုကတော့ Hemorrhoid/Pile လို့ခေါ်ကြပါတယ်။ အတွင်းလိပ်၊ အပြင်လိပ်ဆိုပြီး ၂ မျိုးရှိပါတယ်။ အူမကြီးကင်ဆာ၊ အသည်းရောဂါ၊ အရက် အလွန်အကျွံသောက်ခြင်းတို့သည်လည်း လိပ်ခေါင်းဖြစ်ရသည့် အကြောင်းများဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်သူများလည်း အဖြစ်များတဲ့ ရောဂါ တစ်ခုပါ။

 

ဆောင်ရန်များ
(၁) မနက် အိပ်ယာထချိန် ရေများများ သောက်ပါ။

(၂) ကိုယ်လက်လှုပ်ရှားပါ။ လမ်းများများ လျှောက်ပါ။

(၃) လတ်ဆတ်တဲ့ သစ်သီးများကို စားပေးပါ။ ဝမ်းပျော့စေမည့် သင်္ဘောသီး၊ငှက်ပျောသီးစသည့်အသီးများကို များများစားပေးပါ။

(၄) လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်များကို စားပေးပါ။

 

ရှောင်ရန်များ
(၁) ဝမ်းမာဝမ်းကျစ်စေမည့် အစားအစာများကို ရှောင်ပါ။

(၂) ငရုတ်သီး၊ အပူအစပ်တို့ကို ရှောင်ပါ။

(၃) အထိုင် မများပါစေနဲ့။ ကြာရှည်စွာ မတ်တပ်ရပ်ခြင်းကို ရှောင်ပါ။

(၄) အလေးအပင် မခြင်းကို ရှောင်ပါ။ မလွဲသာ၍ မရသော် အသက်ကို မှန်မှန်ရှူပြီး မပါ။ မအောင့်ထားပါနဲ့။

(၅) အသည်းခြောက်လျှင် လိပ်ခေါင်းဖြစ်ရန် သေချာသလောက်ရှိသည်။ ထို့ကြောင့် အရက်သေစာ သောက်စားခြင်းကို ရှောင်ပါ။

လူ တော်တော်များများတွင် အဖြစ်များနေသော လိပ်ခေါင်းရောဂါများကို ကြိုတင် ကာကွယ်ထားနိုင်ကြပါစေရန် မျှဝေပေးလိုက်ပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
စောနွဲ ့နေဆိုင် (ပူတာအို)
ကိုးကား - ရိုးရာဆေးနည်းများ



Related Articles


Advertisment 18