ဆီးချုပ်ခြင်းနှင့် ဆီးကျန်ခြင်း
01-Mar-2017
ဆီးအိမ်ထဲတွင် တစ်စုံတစ်ရာသော ပမာဏအထိ ဆီးများစုမိလာသောအခါ ဆီးအိမ်တွင်း ဖိအားတက်ခြင်းကြောင့် မိမိတို့တွင် ဆီးသွားလိုစိတ် ဖြစ်ပေါ်လာရသည်။ ဆီးသွားရန် အဆင်ပြေပါက ဆီးအိမ်အပေါက်ဝရှိ ကြွက်သားကို ထိန်းချုပ်ထားခြင်း ကို လျှော့လိုက်သောအခါ ဆီးသွားသည်။ အထက်ပါကဲ့သို့ ဆီးသွားရာ အဆင့်တွင် တစ်စုံတစ်ရာ ချွတ်ယွင်းခြင်း၊ ဆီးလုံးဝသွား၍မရခြင်း (သို့) ဆီးသွားရာတွင် မကုန်ခြင်း၊ မပြီးဆုံးခြင်းကိုခေါ်သည်။
အသက်ကြီးလာသော အမျိုးသားတို့တွင် ဆီးကျိတ်ကြီးခြင်းကြောင့် ဖြစ်ပွားလေ့ ရှိသည်။ ဤသို့ဖြစ်ပါက ကုသမှု ချက်ချင်းခံယူရန် လိုအပ်ပြီး ဆီးထွက်နိုင်စေရန် ဆီးပိုက်ထည့်သွင်းရန် လိုအပ်ပါသည်။ အမျိုးသမီးတို့တွင်မှု ကိုယ်ဝန်ဆောင်ကာလအစတွင် ကြီးစပြုလာသော သားအိမ်မှ ဆီးအိမ်ကို ဖိမိထားသောကြောင့် ဖြစ်နိုင်၏ မဖြစ်မီ ဆီးသွားရာ၌ ခက်ခဲခြင်း အမြဲကြို၍ ဖြစ်လေ့ရှိသည်။ ဆိုးရွားသော အဆင့်သို့မရောက်မီ ၎င်းအဆင့် ရောက်ကတည်းက ကုသမှုများ ခံယူသင့်ပါသည်။ တခါတရံတွင် ရှက်စိတ်ကြောင့် ဆီးမသွားနိုင်ခြင်းလည်း ဖြစ်တတ်ပါသည်။ (အများသုံး အိမ်သာနှင့် ဆေးရုံပေါ်တွင် လူအများရှိသောကြောင့် ဆီးမသွားနိုင်ခြင်းကို ဆိုလိုသည်။) ထို့အပြင် အချို့သော ဆေးဝါးများကြောင့်လည်း ဤသို့ဖြစ်နိုင်ပါသည်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာမေမိုးနွယ်
မိသားစုကျန်းမာရေးလမ်းညွှန် စာအုပ်မှကောက်နုတ်ထားပါသည်။
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

