ဆီးချိုရောဂါသည်များ၌ ဖြစ်တတ်သော သွေးတွင်းသကြား နည်းခြင်းအား အရေးပေါ်ကု...
27-Feb-2017
ဆီးချိုရောဂါသည်များ၌ ဖြစ်တတ်သော သွေးတွင်းသကြား နည်းခြင်းအား အရေးပေါ်ကုသနည်း
သွေးတွင်းသကြားဓာတ် နည်းခြင်း၏ လက္ခဏာများမှာ
(၁) ချွေးထွက်ခြင်း
(၂) ခြေလက်တုန်ခြင်း
(၃) ဆာလာခြင်း
(၄) စိတ်ပူပန်ခြင်း
(၅) လမ်းလျှောက်ရခက်ခြင်း
(၆) အားနည်းခြင်း
(၇) အမြင်မကြည်လင်ခြင်း
(၈) စိတ်ဇဝေဇဝါဖြစ်ခြင်း
(၉) အပြုအမူပြောင်းလဲခြင်း
(၁၀) သတိမေ့ခြင်း
ကုသမှု
(၁) ချက်ချင်းအချိုစားပါ။ ဥပမာ သကြားလုံး ၆-၈ ခုလောက်ကို သစ်သီးဖျော်ရည်မှာ ထည့်ဖျော်သောက်ပါ။
(၂) ယင်းထက် သက်သာပါက ချိုချဉ်သကြားလုံး စုပ်ပါ။
(၃) ပြီးလျှင် အစာ/ ထမင်းစားပါ။
(၄) ၁၅-မိနစ်ခန့် နားပြီးထပ်၍ အချိုစားပါ။ ပေါင်မုန့်၊ ဘီစကစ်၊ ဆင်းဒဝစ်ချ် (အသားညှပ်ပေါင်မုန့်)
(၅) အားလုံးကောင်းသွားပါက ဆရာဝန်နှင့်တိုင်ပင်ပါ။
(၆) မိမိဘာသာ မလုပ်တတ်က ဆရာဝန်ချက်ချင်းပြပါ။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာမောင်မောင်ညို
လူတိုင်းအတွက် အရေးပေါ်ဆေးပညာစာအုပ်မှ ကောက်နှုတ်ထားပါသည်။
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

