ဆီးကျိတ်ကင်ဆာနှင့် လက္ခဏာများ
27-Feb-2017
ဆီးကျိတ်ကင်ဆာနှင့် လက္ခဏာများ
ဆီးကျိတ်ကင်ဆာလူနာတွေထဲက တချို့က ဆီးလမ်းကြောင်းလက္ခဏာတွေ ခံစားရတာကြောင့် စစ်ဆေးရာက တွေ့ရှိကြပြီး တချို့ကတော့ ရောဂါလက္ခဏာ မရှိသေး
ဘဲ ကြိုတင်စစ်ဆေးရာက တွေ့ရှိရတာဖြစ်ပါတယ်။
ဆီးကျိတ်ကင်ဆာရဲ့ အဓိကလက္ခဏာသုံးခုကတော့ ဆီးလမ်းကြောင်းလက္ခဏာ
တွေဖြစ်တဲ့ ဆီးအနည်းငယ် မကြာခဏ သွားတာ၊ ဆီးစတင်သွားဖို့ ခက်ခဲတာ၊ ဆီးအလုံးသေးသွားတာ၊ ဆီးအားနည်းသွားတာ၊ ဆီးတစ်စက်စက်ကျတာ၊ ဆီးကျန်တာတွေ
ခံစားရနိုင်ပါတယ်။ ဒုတိယလက္ခဏာကတော့ ခါးနာတာနဲ့ တတိယလက္ခဏာ ကတော့
ဆီးထဲမှာ သွေးပါတာတွေ ဖြစ်ပါတယ်။
ကင်ဆာဆဲလ်တွေဟာ တခြားနေရာကို ပျံ့နှံ့သွားပြီဆိုရင်တော့ အစားအသောက်ပျက်တာ၊ ပိန်လာတာ၊ သွေးအားနည်းတာ၊ အရိုးတွင်းနာကျင်တာ၊ အရိုးကျိုးတာ၊ အကျိတ်တွေထွက်ပေါ်လာတာ၊ ခြေထောက်ဖောတာ၊ ရောင်တာ၊
ခြေထောက်သွေးပြန်ကြော ပိတ်တာ၊ ဆီးလမ်းကြောင်း ပိတ်ဆို့ပြီး ဆီးလမ်းကြောင်း
တင်းတာတွေ ခံစားရနိုင်ပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)
Arogyam magazine, No.260, March 2015, Pg.64
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

