လေဖြတ်ရောဂါအတွက် ဆိပ်ဖူးပင်
25-Feb-2017
ယခုပုံထဲမှာ မြင်နေရတဲ့အပင်ကတော့ ဆိပ်ဖူးပင် ဖြစ်ပါတယ်။ ဆိပ်ဖူးပင်ဟာ
ဆေးဖက်ဝင်သည့်အပင်တစ်မျိုး ဖြစ်ပါတယ်။ မြန်မာ့တိုင်းရင်းဆေးများမှာလည်း
ဆိပ်ဖူးကို ထည့်သွင်း အသုံးပြုထားကြပါတယ်။ အချိုပင်နှင့်အချဉ်ပင် နှစ်မျိုးစလုံး သုံးနိုင်ပါတယ်။
ဆေးသုံးစွဲနည်း
------------------
၁။ ဆိပ်ဖူးပင်၏ ဥကို ထောင်းပြီးလျှင် ထန်းလျှက်ရည်နှင့် တစ်နေ့ ၃ ကြိမ်ဖြင့် တစ်လခန့်
သောက်ပေးပါက လေဖြတ်ဝေဒနာသည်များ အကောင်းအတိုင်း ပြန်ဖြစ်လာပါသည်။
၂။ ဆိပ်ဖူး၊ မျှစ်၊ ပုဇွန်တို့ကို အတူလုံး၍ ရွဲယိုရွက်ဖြင့် ထုပ်ကာ ချက်စားနိုင်ပါသည်။
၃။ ဆိပ်ဖူးကို ပုဇွန်ခြောက်နှင့်အတူကြော််၊ ကျက်ခါနီး ဆန်မှုန့်ရေဖြော်ပြီးထည့်၊ ကျက်သွားအောင်ထပ်ကြော်ပြီး စားသုံးလျှင် အလွန်အရသာရှိပါသည်။
၄။ ဆိပ်ဖူးကို မှိုနှင့်အတူ ချက်စားလျှင် အဆိပ်တောက်များကို ပြေစေပါသည်။
၅။ ဆိပ်ဖူးကို ပြုတ်၍ တို့စရာအဖြစ် စားသုံးနိုင်ပါသည်။ ငရုတ်သီးနှင့်အတူ
ထောင်းစားနိုင်ပါသည်။
ဆိပ်ဖူးပင်သည် မိုးတွင်းမှာ အဖူး ဖူးပါသည်။ ၄င်းဆေးပင်ကို မွန်ပြည်နယ်၊ ထီးလင်း၊ သိမ်ဇရပ်နှင့် အချို့မြို့များမှာရနိုင်ပါသည်။ စျေးထဲတွင်လည်း မေး၍ ဝယ်ယူနိုင်ပါသည်။
မည်သူမဆို SHARE လုပ်ပေးခြင်းဖြင့် ဆေးဒါနပြုပေးနိုင်ကြပါသည်။
Ref:
ဦးစောနွဲ့နေဆိုင် (ပူတာအို)
ကိုးကား ။ ။ U Zin U Zin , တိုင်းရင်းဆေးနည်းများ
Credit to ကျန်းမာရေးသတင်းများ
News-Myanmar
သတင်း နှင် ့အထွေထွေဗဟုသုတများစုစည်းရာ
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

