Print

“ ကြွက်သားရောင်လေးဖက်နာ(သို့) လျစ်လျူရှုခံရောဝါတစ်ခု”

  04-May-2020
Preview Image

                “ ကြွက်သားရောင်လေးဖက်နာ(သို့) လျစ်လျူရှုခံရောဝါတစ်ခု”

            ****************************************************

ကြွက်သားတွေ အားနည်းတာအပြင် မျက်ခွံတစ်ဝိုက်မှာ ကာခြယ်ဆွဲထားသလို ပြာတာတာဖြစ်နေတာ၊ လက်သီးဆုပ် အဆစ်တွေပေါ်မှာ လက်သီးထိုးလေ့ကျင့်ထားလို့ အသားမာတက်သလို ထူနေတာ၊ လက်ဖဝါးတွေ အလုပ်ကြမ်းလုပ်ထားသလို ထူကြမ်းပြီး ကွဲတာတွေလည်း ရှိတတ်ပါတယ်။ သေချာကြည့်ရင် ရင်ဘတ် ဆွဲကြိုးဆွဲတဲ့နေရာတစ်ဝိုက် နီညိုရောင် ပြောင်းနေတာလည်း တွေ့တတ်ပါတယ်။ နောက် ကြွက်သားရောင်ရင် ကြွက်သားတွေထဲက ထွက်လာတတ်တဲ့ ဓာတ်တစ်မျိုး “စီကေ”ဆိုတာကို စစ်ကြည့်ရပါတယ်။ ပိုသေချာချင်ရင်တော့ ကြွက်သားတွေရဲ့ ညှစ်အားကို လျှပ်စစ်နဲ့ စမ်းကြည့်တာ၊ အသားစထုတ်ပြီး စစ်ကြည့်တာတို့ လုပ်ရပါတယ်။

ဘာလ့ိုဖြစ်တာလဲ

လေးဖက်နာတွေ့ရဲ့ ထုံးစံအတိုင်း ဗီဇရယ်၊ ပတ်ဝန်းကျင်ရယ်၊ အနေအထိုင်ရယ်ကြောင့်ပါပဲ။ ဗီဇထဲမှာတော့ သွေးဖြူဥဗီဇ “ HLA 9RB1” က သူနဲ့တွဲပါတယ်။ ထူးခြားတာတစ်ခုကတော့ ကင်ဆာနဲ့ တွဲတတ်တာပါပဲ။ ကြွက်သားရောင် လေးဖက်နာတွေရဲ့ ၂၅ ရာခိုင်နှုန်းက ကင်ဆာတစ်ခုခု၊ သွေးကင်ဆာ၊ မျိုးဥအိမ်ကင်ဆာ) စတာတွေနဲ့ တွဲတတ်ပါတတ်ပါတယ်။

 ပတ်ဝန်းကျင်အကြောင်းတွေကတော့ တုပ်ကွေ အိတ်ချ်အိုင်ဗီ စတဲ့ဗိုင်းရပ်စ်တွေနဲ့ နေရောင်ခြည်ထဲက ယူဗီဓာတ်ပါ။ အနေအထိုင်ထဲ ငပွကြီးကတော့ ထုံးစံအတိုင်း ဆေးလိပ်ပါပဲ။ ဆေးလိပ်သောက်တဲ့သူတွေဟာ ကြွက်သားရောင် လေးဖက်နာဖြစ်နိုင်ခြေနှစ်ဆ ပိုများပြီး ဖြစ်လာခဲ့ရင်လည်း ပိုပြင်းတဲ့ ဂျိုဝမ်းဓာတ်တွေ ပေါ်လို့ အဆုတ်ခဲတဲ့အထိ ဖြစ်တတ်တယ်လို့ဆိုပါတယ်။

ဘာတွေဖြစ်တတ်သေးလဲ

      လူနာတစ်ဝက်လောက်ကတော့ အဆုတ်ကို ထိပြီး မောလာ၊ ချောင်းခြောက်ဆိုးတာ၊ ကွန်ပျူတာဓာတ်မှန်နဲ့ စစ်ကြည့်ရင်အဆုတ်ခဲနေတာ တွေ့ရတတ်ပါတယ်။ တစ်ချို့မှာတော့ အစာမျိုတဲ့ ကြွက်သားတွေက အားနည်းလာလို့ အစာကို ကောင်းကောင်းမမျိုနိုင်ဘဲ သီးပြီး အဆုတ်ထဲရောက်၊ အဆုတ်ရောင်ပိုးဝင်ပြီး သေတဲ့အထိ ဖြစ်တတ်ပါတယ်။ ရှားရှားပါးပါးလူတွေမှာတော့ ရောဂါကြောင့်ကို အဆုတ်က ချက်ချင်း မြန်မြန်ကြီးရောင်ပြီး သက်မရှူနိုင်၊ လေမဝင်တော့ဘဲ ဆုံးပါးသွားတာ တွေ့ရဖူးပါတယ်။ ၁၀၀ မှာ ၇၀လောက်မှာ နှလုံးထိတာ ညှစ်အားကျတာ၊ နှလုံးကြောင့် မောတာတွေလည်းတွေ့ရနိုင်ပါတယ်။ ဒါကြောင့် လိုအပ်ရင် နှလုံးဆေးတွေလည်း တွဲပေးရတာပါ။

အစာမျိုမရတာ၊ အစာရေမျိုနဲ့ အစာအိမ်အဆက်အဆို့က မလုံလို့ အက်ဆစ်တွေ နောက်ပြန်တက်ပြီး ရင်ဘတ်အောင့်တာ၊ အူထဲက သွေးကြောလေးတွေ ရောင်ပြီး ဝမ်းသွားရင် သွေးပါတာတွေလည်းဖြစ်နိုင်ပါတယ်။

ကုလို့ရော ရပါသလား

ကုလိုရပါတယ်။ အမြစ်ပြတ်မပျောက်ပါ။ ရောဂါဝေဒနာသက်သာအောင်၊ လမ်းပြန်လျှောက်နိုင်အောင် ဆေးနဲ့ ထိန်းထားပေးလို့ ရပါတယ်။ ပျောက်တာ မဟုတ်ပါ။ တစ်နှစ်၊ နှစ်နှစ်မှာ ရောဂါလက္ခဏာာတွေ ပြန်သည်းလာတတ်ပါတယ်။  အဓိကဆေးကတော့ စတီးရွိုက်ဆေးပါပဲ။ တစ်နေ့ကို ၅၀ မီလီဂရမ်လောက်ပေးရတာပါ။ သူများရောဂါတွေလို တစ်လနဲ့ လျော့မသွားဘဲ သုံးလလောက်အထိ များများပေးထားပြီး တစ်နေ့ကို ၁၀ မီလီဂရမ်လောက်နဲ့ တစ်နှစ်အထိ ဆက်ပေးထားရတာပါ။  အထိုင်အထ မရလောက်အောင် ဆိုးတဲ့သူတွေကိုတော့ အရေပြားလေးဖက်နာ၊ ကျောက်ကပ်ထိတဲ့လူနာတွေကိုပဲ ဆိုင်ကလိုဆေးကို တစ်လတစ်ခါ သွင်းရပါတယ်။

     ခြောက်လဆေးသွင်းပြီးရင်တော့ မီသိုထရက်ဆိတ်၊ အေဇာသိုင်းအိုပရင်၊ လက်ဟူနမိုက်၊ အမ်အမ်အက်ဖ်ဆေးတွေ တစ်မျိုးမဟုတ် တစ်မျိုး တိုက်ရတာပေါ့။ အသက်လည်းဆိုကြပါတယ်။

Credit

ပါမောက္ခဦးချစ်စိုး

အရိုးအကြောအဆစ်အထူးကု ဆရာဝန်ကြီး

 

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18