Print

“အခြားရောဂါများပမာ ထင်ယောင်ထင်မှားဖြစ်စေနိုင်သော ရောဂါများ”

  27-Apr-2020
Preview Image

 အချို့သောရောဂါလက္ခဏာများသည် ရောဂါအမျိုးမျိုးတွင် တွေ့နိုင်သောကြောင့် ဆရာဝန်များအနေဖြင့် မှန်ကန်တိကျသော ရောဂါအမည်မတပ်နိုင်သည့်အခြေအနေမှာ ၄၀%လောက်ရှိကြောင်း ပညာရှင်များက ဖော်ပြထားပါတယ်။

ဒါကြောင့် အခြားရောဂါများနှင့် ထင်ယောင်ထင်မှားဖြစ်စေနိုင်သည့် ဆင်တူယိုးမှားရောဂါလက္ခဏာများကို ပြနိုင်သော ရောဂါအချို့ကို ဖော်ပြပေးလိုပါသည်။

) Lyme disease(လှေးကိုက်သောရောဂါ) နှင့် တုပ်ကွေးရောဂါ

          လှေးကိုက်သောရောဂါတွင် ပစ်မှတ်ပုံစံအနီစက်များပေါ်လာတတ်သော်လည်း အချို့သောအခြေအနေများတွင် လှေးကိုက်ခံရသောလူနာများသည် ကိုယ်လက်ကိုက်ခဲခြင်း၊ ဖျားနာခြင်း၊ နုံးခွေခြင်း စသည့်လက္ခဏာများသာပြတတ်သောကြောင့် ကုသပေးသောဆရာဝန်များအနေဖြင့် တုပ်ကွေးရောဂါဟု ထင်ယောင်ထင်မှားဖြစ်စေနိုင်ပါတယ်။ ရောဂါဖြစ်ပြီး ၂ပတ်အကြာမှသာ ခန္ဓာကိုယ်မှ antibodyဟုခေါ်သော ကိုယ်ခံအားကိုထုတ်ပေးသောကြောင့် သွေးစစ်ကြည့်ရုံဖြင့်လည်း တိတကျကျမသိနိုင်ပါ။ Lyme diseaseဟု သံသယရှိပါက ဆရာဝန်များအနေဖြင့် ပိုးသတ်ဆေးပေး၍ကုသပေးပါသည်။

) ကျောက်ကပ်ကျောက်တည်ခြင်း နှင့် ဝမ်းဗိုက်ပင်မသွေးလွှတ်ကြောဖောင်းခြင်း (abdominal aortic aneurysm)

          ကျောက်ကပ်ကျောက်တည်ခြင်းသည်အခြားသောရောဂါအခြေအနေများနှင့်မှားနိုင်ပါတယ်။အဲ့ထဲမှာမှ ဝမ်းဗိုက်ပင်မသွေးလွှတ်ကြောဖောင်းခြင်းရောဂါက အန္တရာယ်အရှိဆုံးဖြစ်သည်။ ရောဂါ၂ခုလုံးကတော့ ဗိုက်ထိုးပြီးအောင့်ခြင်း၊ ပျို့အန်ခြင်းတွေ ဖြစ်နိုင်ပါတယ်။ ဝမ်းဗိုက်ပင်မသွေးလွှတ်ကြောအဖောင်းမှ ပေါက်ထွက်သွားလျှင် အသက်ဆုံးရှုံးသွားနိုင်ပါတယ်။ ကျောက်ကပ်ကျောက်တည်ခြင်း မဖြစ်ဖူးတဲ့ အသက်၆၀ကျော်လူနာများမှာ ပိုပြီးသတိထားကုသပေးရမှာဖြစ်ပါတယ်။

 

) အသည်းရောင်ခြင်းနှင့် ဓာတ်မတည့်ခြင်း (Allergies)

          အသည်းရောင်လျှင်လည်း ဗိုက်အောင့်ခြင်း၊ အရေပြားယားယံခြင်းများဖြစ်နိုင်တဲ့အတွက် ဓာတ်မတည့်ခြင်းနဲ့ မှားနိုင်ပါတယ်။ ဒါကြောင့် ဒီလက္ခဏာများဖြစ်ပေါ်ပါက မျက်စိနှင့်လျှာ ဝါ၊မဝါကို စစ်ဆေးပြီး အဝါရောင်သန်းနေပါက ဆရာဝန်နှင့်ပြသဖို့လိုအပ်ပါတယ်။

) လည်ပင်းကြီးရောဂါနှင့် သွေးပေါင်တက်ခြင်း

          Thyroid hormones (သိုင်းရွိုက်ဟော်မုန်း) များသော လည်ပင်းကြီးရောဂါတွင် ကိုယ်ခန္ဓာအလေးချိန်လျော့နည်းလာခြင်းအပါအဝင် နှလုံးခုန်မြန်ခြင်း၊ စိတ်လှုပ်ရှားခြင်းတွေဖြစ်နိုင်လို့ သွေးတိုးရောဂါနဲ့အမှတ်မှားနိုင်တဲ့အတွက် ဒီလက္ခဏာတွေဖြစ်နေရင်တော့ ဆရာဝန်နဲ့သွားရောက်ဆွေးနွေးပြီး Thyroidဟော်မုန်းဓာတ် စစ်ဆေးဖို့လိုအပ်ပါတယ်။

)အဆုတ်သွေးကြောပိတ်ခြင်းနှင့် အကြောက်လွန်ရောဂါ

          အဆုတ်သွေးလွှတ်ထဲသွေးခဲပိတ်ဆို့လျှင် ရုတ်တရက်ရင်ဘတ်အောင့်ခြင်း၊ မောကျပ်ခြင်း၊ စိုးရိမ်ကြီးခြင်း၊ သတိလစ်ခြင်းတွေဖြစ်နိုင်တဲ့အတွက် အကြောက်လွန်ရောဂါ၊ အဆုတ်ရောင်ရောဂါ (သို့) နှလုံးသွေးကြောပိတ်ရောဂါတွေနဲ့ မှားနိုင်ပါတယ်။

)လေဖြတ်ခြင်းနှင့် အရက်အဆိပ်သင့်ခြင်း

          ဦးနှောက်သွေးကြောပိတ်ခြင်း(သို့)ပေါက်ခြင်းက လေဖြတ်ခြင်းကိုဖြစ်စေနိုင်ပြီး အမြင်အာရုံေ၀ဝါးခြင်း၊ လျှာလိပ်ပြီး စကားလုံးသွားခြင်း၊ ကယောင်ကတမ်းဖြစ်ခြင်း စတဲ့လက္ခဏာတွေပေါ်လာနိုင်ပါတယ်။ ဒီလက္ခဏာတွေဟာ Migraineလို့ခေါ်တဲ့ ခေါင်းတစ်ခြမ်းကိုက်ရောဂါနဲ့ အရက်အဆိပ်သင့်ခြင်းရဲ့ လက္ခဏာတွေနဲ့ တူနေတဲ့အတွက် ရောဂါအမည်တပ်ရာမှာ လွဲမှားခြင်းတွေ ဖြစ်စေတတ်လို့ သတိထားဖို့လိုအပ်ပါတယ်။

)အူအတက်ရောင်ခြင်းနှင့် နာတာရှည်အူလမ်းကြောင်းဆိုင်ရာ ပြဿနာစု (Irritable bowel syndrome)

          အူအတက်ရောင်လျှင် ယေဘုယျအားဖြင့် ဝမ်းဗိုက်ညာဘက်အောက်ဘက် နာခြင်းကို ဖြစ်စေနိုင်ပြီး ပျို့အန်ခြင်းကိုပါ ဖြစ်စေနိုင်သော်လည်း ဗိုက်ရဲ့တခြားနေရာတွေပါအောင့်နိုင်ပါတယ်။ ဒီရောဂါလက္ခဏာတွေဟာ နာတာရှည်အူလမ်းကြောင်းဆိုင်ရာပြဿနာစုရဲ့ လက္ခဏာတွေနဲ့ တူနေတတ်ပါတယ်။ အူအတက်ရောင်ရာမှပေါက်သွားလျှင် အသက်အန္တရာယ်ရှိနိုင်လို့ ဗိုက်အောင့်တိုင်းလည်း ပေါ့ပေါ့ဆဆမနေသင့်ပါဘူး။

)ခြေထောက်သွေးပြန်ရည်မလုံလောက်ခြင်း(venous insufficiency) ရောဂါနှင့် နှလုံးရောဂါ

          သင့်ရဲ့ခြေကျင်းဝတ်နဲ့ခြေထောက်တွေ ဖောရောင်နေရင်တော့ ခြေထောက်သွေးပြန်ရည် မလုံလောက်ခြင်းရဲ့လက္ခဏာဖြစ်နိုင်ပါတယ်။ ခြေထောက်မှသွေးတွေဟာ သွေးပြန်ကြောမှတစ်ဆင့် နှလုံးဆီကို ပြန်မတက်နိုင်ဘဲ ခြေထောက်သွေးအိုင်ခြင်းဖြစ်ပြီး ဖောရောင်တာတွေဖြစ်နိုင်ပါတယ်။ ဒီလက္ခဏာကလည်း နှလုံးရောဂါသည်တွေမှာ ဖြစ်နိုင်တဲ့အတွက် ဒီရောဂါ၂ခုကို ကွဲကွဲပြားပြားသိရှိဖို့ လိုအပ်တဲ့ဆေးစစ်မှုတွေပြုလုပ်ပြီး တိကျတဲ့ကုသမှုခံယူဖို့လိုအပ်ပါတယ်။

Dr. Ehley

Brightside



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18