Print

ဆီးချိုသွေးချိုရောဂါနှင့် မျိုးရိုးဗီဇ

  16-Dec-2019
Preview Image

          ဆီးချိုသွေးချိုအမျိုးအစား () နှင့် အမျိုးအစား () တို့တွင် မတူညီကြသော ရောဂါဖြစ်စေသော အကြောင်းတရားများ ရှိကြပါသည်။ သို့ရာတွင် ရောဂါအမျိုးအစား () ခုစလုံးတွင် တူညီသော အကြောင်းအချက်နှစ်ခုရှိပါသည်။ ဗီဇနှင့် ပတ်ဝန်းကျင်တို့နှင့် ဆက်စပ်နေကြခြင်း ဖြစ်ပါသည်။

          ဗီဇပါရုံသက်သက်နှင့် ဆီးချိုသွေးချိုရောဂါဖြစ်လာရန် မလုံလောက်ပါ။

          ဗီဇလည်း ပါလာကာ၊ ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းအချက်နှင့်လည်း ကိုက်ညီပါမှ ဆီးချိုသွေးချိုရောဂါဖြစ်လာလေ့ရှိသည်ဟု ဆိုလိုရင်းဖြစ်သည်။


အမျိုးအစား() ဆီးချိုသွေးချိုရောဂါ

          အမျိုးအစား () ဆီးချိုသွေးချိုရောဂါ အမျိုးအစားရှိသူအများစုတွင် ဗီဇကို မိဖနှစ်ဦးစလုံးစီမှ ရရှိရန်လိုအပ်ပေသည်။  ၎င်းဗီဇသည် လူဖြူများတွင် ပိုအဖြစ်များသည်ဟု ယူဆရပါသည်။ အမျိုးအစား () ဆီးချိုသွေးချိုရောဂါသည် လူဖြူများတွင် ပိုမိုဖြစ်ပွားလေ့ရှိပါသည်။

          ဗီဇရှိပါလျက်နှင့် အချို့သောသူများသည် အမျိုးအစား () ဆီးချိုသွေးချိုရောဂါ မဖြစ်ပေါ်လာပါ။ မည်သည့်ပတ်ဝန်းကျင် အကြောင်းအချက်များရှိရန်လိုသည်ကို သိလို၍ သုတေသီများ ဆန်းစစ်လေ့လာခဲ့ကြပါသည်။


() အေးသောရာသီဥတု

          အမျိုးအစား() ဆီးချိုသွေးချိုရောဂါသည် နွေရာသီမှာထက် အေးသောရာသီမှာ ပို၍ ဖြစ်ပွားနှုန်းများပါသည်။ အအေးပိုင်းရာသီဥတုရှိသော ဒေသများတွင် ဤအမျိုးအစား () ဆီးချိုသွေးချိုဖြစ်လေ့ရှိကြပါသည်။


() ဗိုင်းရပ်စ်ရောဂါပိုး

          အခြားဖြစ်နိုင်ခြေတစ်ခုမှာ ဗိုင်းရပ်စ်ပိုးတစ်မျိုးမျိုးက လှုံ့ဆော်လိုက်၍လည်း ဖြစ်နိုင်ပါသည်။ အားမပြင်းသော ဗိုင်းရပ်စ်ပိုးက အမျိုးအစား () ဆီးချိုသွေးချိုဖြစ်လာစေရန် လှုံ့ဆော်ခြင်းကြောင့်ဟုလည်း ယူဆကြပါသည်။


() အစာစောစောစတင်ကျွေးမိခြင်း

          နို့စို့ကလေးများတွင် အစားအစာကို ခပ်စောစောစားသုံးမှုဓလေ့ကြောင့်လည်း ဆီးချိုသွေးချိုဖြစ်လာနိုင်ပါသည်။ မိခင်နို့သာ တိုက်ကျွေးသောကလေးများနှင့် အစာကို နောင်နှစ်တော်တော်ကြာမှ စတင်စားသောကလေးများတွင် အမျိုးအစား () ဆီးချိုသွေးချိုရောဂါဖြစ်ပွားမှု နည်းပါးကြောင်း တွေ့ရှိရပါသည်။ အမျိုးအစား () ဆီးချိုသွေးချိုရောဂါသည် အချိန်အကြာကြီးနေပြီးမှ စတင်ဖြစ်ပေါ်လေ့ရှိသည်။ အမျိုးအစား () ဆီးချိုသွေးချိုရောဂါ စတင်မဖြစ်ပေါ်မီ ကာလအတွင်းမှာ မိမိကိုယ်ခန္ဓာအတွင်းအင်္ဂါများကို ပြန်လည်ထိခိုက်တိုက်ခိုက်တတ်သည်။ ပဋိပစ္စည်းများ (Autoantibodies) များ စတင်ဖြစ်ပေါ်လာသည်ကို တွေ့ရှိရတတ်သည်။


အမျိုးအစား() ဆီးချိုသွေးချိုရောဂါ

          အမျိုးအစား() ဆီးချိုသွေးချိုရောဂါသည် အမျိုးအစား () ဆီးချိုသွေးချိုရောဂါထက် ပို၍ မျိုးရိုးဗီဇနှင့် ဆက်စပ်မှုရှိသော်လည်း ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းအချက်များအပေါ်လည်း မူတည်ပတ်သက်နေတတ်ပါသည်။

          အမြွှာများတွင် လေ့လာချက်အရ၊ အမျိုးအစား () ဆီးချိုသွေးချို ရောဂါသည် ဗီဇနှင့် ပိုမိုဆက်စပ်မှုရှိကြောင်း တွေ့ရသည်။

          လူ့ဘဝနေထိုင်မှုပုံစံကလည်း အမျိုးအစား () ဆီးချိုသွေးချိုရောဂါ ဖြစ်ပေါ်လာရေးအတွက် သြဇာသက်ရောက်မှု ရှိနေပါသည်။ အဝလွန်ကဲမှုသည် မိသားစုများအတွင်း ဆက်တိုက်အဖြစ်များတတ်သော်လည်း မိသားစုဝင်များသည် အစားအသောက်ပုံစံနှင့် ကိုယ်ကာယလှုပ်ရှားမှုလေ့ကျင့်ခန်းပြုလုပ်မှု အလေ့အထများ တူညီလေ့ရှိခြင်းကြောင့်လည်း အဝလွန်ကဲမှုအတူတူဖြစ်လာတတ်ကြသည်။

          မိသားစုထဲတွင် ဆီးချိုသွေးချိုရောဂါဖြစ်လာပြီဆိုလျှင် ဗီဇကြောင့်လား၊ ပတ်ဝန်းကျင်အကြောင်းအချက်ဖြစ်သော လူ့ဘဝနေထိုင်မှုပုံစံတူကြ၍လား၊ ဆိုသည်ကို ခွဲခြားရ ခက်ခဲပါသည်။

          မိသားစုထဲတွင် ဆီးချိုသွေးချိုရောဂါရှိနေ၍လည်း စိတ်ဓာတ်ကျစရာမရှိပါ။ ကိုယ်ကာယလေ့ကျင့်ခန်းပြုလုပ်ခြင်းနှင့် အဝမလွန်အောင် ထိန်းသိမ်းခြင်း၊ ကိုယ်အလေးချိန် လျှော့ချခြင်းများဖြင့် ဆီးချိုသွေးချိုရောဂါကို မဖြစ်ရအောင်၊ သို့မဟုတ် ရောဂါစတင်ဖြစ်ပေါ်လာချိန် နှောင့်နှေးရအောင် တားဆီးထား၍ ရနိုင်ပါသည်။

Credit : ပါမောက္ခ ဦးတင့်ဆွေလတ်

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18