Print

SLE နှင့် အာဟာရဆိုင်ရာ ဆောင်ရန် ရှောင်ရန်များ

  31-Oct-2019
Preview Image

          အခုတလော အဖြစ်များလာတဲ့၊ အထူးသဖြင့် မိန်းကလေးတွေမှာဆို ပိုတွေ့ရတဲ့ရောဂါတစ်မျိုးဖြစ်တဲ့ SLE နဲ့ ပတ်သက်ပြီး အာဟာရဆိုင်ရာ ဆောင်ရန် ရှောင်ရန်လေးတွေ ဖော်ပြပေးချင်ပါတယ်။

          ပထမဆုံး စဉ်းစားရမှာကတော့ SLE ကြောင့်ဖြစ်စေတဲ့ ရောင်ရမ်းမှုတွေကို သက်သာစေမယ့် အစားအစာရယ် ပိုဆိုးစေမယ့် အစားအစာရယ်ဆိုပြီး ခွဲခြားသိဖို့လိုပါတယ်။

          ရောင်ရမ်းတာ ပိုဆိုးစေတဲ့ အစားအစာတွေကတော့ ပြည့်ဝဆီများလွန်းတဲ့ အစားအစာ၊ ကိုလက်စထရောများတဲ့ အစားအစာတွေဖြစ်တဲ့

·         အနီရောင် အသားများ

·         ဝမ်းတွင်းကလီစာများ

·         မလိုင်အပြည့်ပါဝင်သော နို့များ

·         Cheese

·         ကိတ်မုန့်

·         ကွတ်ကီး

·         ထောပတ်

·         ရယ်ဒီမိတ် အသားပြား၊ အသားချောင်း၊ အသားလုံးများ

စတာတွေ စားတာကို သိသိသာသာ လျှော့ချပေးရပါမယ်။ အရမ်းစားချင်လို့ စားမယ်ဆိုရင်တောင် တစ်ပတ်တစ်ရက်ထက်ပိုမစားသင့်ပါဘူး။ တစ်ရက်စားတဲ့ နေရာမှာလည်း ပမာဏအများကြီး မစားသင့်ပါဘူး။



စားသင့်တဲ့ အစားအစာတွေကတော့

·         ငါးအမျိုးမျိုး

·         အရေခွံမပါသော ကြက်သား

·         ဥအမျိုးမျိုး

·         ဟင်းရွက်မျိုးစုံ

·         အသီးမျိုးစုံ

·         Flaxseed

·         ဗာဒံစေ့

·         သီဟိုဠ်စေ့

·         နေကြာစေ့

·         သံလွင်ဆီ စတာတွေ စားပေးလို့ ရပါတယ်။

အသီးအရွက်တွေကတော့ ဓာတ်တိုးဆန့်ကျင်သတ္တိရှိတဲ့ အာဟာရဓာတ် များစွာပါဝင်တဲ့အတွက် ရောင်ရမ်းခြင်းကို သက်သာစေပါတယ်။ ထို့အတူ အစေ့အဆန်တွေကလည်း သွေးတွင်းကိုလက်စထရော ကျစေတဲ့အတွက် ရောင်ရမ်းခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။


ဒုတိယအနေနဲ့ SLE ဝေဒနာရှင်တွေမှာ အဓိက ထိန်းသိမ်းရမှာကတော့ အရိုးနဲ့ ကြွက်သားတွေပါ။ တချို့သော ဆေးတွေမှာ အရိုးပါးစေခြင်းကို အားပေးတတ်တဲ့အတွက် SLE ဝေဒနာရှင်တွေက ကယ်လ်စီယမ်နှင့် ဗီတာမင်ဒီ ကြွယ်ဝအောင် စားပေးဖို့ လိုပါတယ်။ အဲဒီအတွက်ကတော့

·         အဆီထုတ်ထားတဲ့ နွားနို့

·         ကယ်လ်စီယမ်နှင့် ဗီတာမင်ဒီထပ်ဖြည့်ထားတဲ့ လိမ္မော်ရည်

·         အစိမ်းရင့်ရောင် အရွက်များ

·         အစားအသောက် သေချာမစားဖြစ်ပါက သက်ဆိုင်ရာ ဆရာဝန်ညွှန်ကြားသော ဖြည့်စွက်အားဆေးသောက်ပေးဖို့ လိုအပ်ပါတယ်။

          တတိယအချက်အနေနဲ့ကတော့ ရောဂါကြောင့် သောက်နေရတဲ့ ဆေးတွေကြောင့်ဖြစ်လာတဲ့ အာဟာရချို့တဲ့မှုကို ပြည့်အောင် ပြန်စားပေးဖို့ လိုပါတယ်။

Ø  Methotrexate ပါဝင်တဲ့ဆေးသောက်နေရတယ်ဆိုရင် Folate ကြွယ်ဝတဲ့ အစိမ်းရောင် ဟင်းရွက်များ၊ အသီးအနှံများ၊ Folate ထပ်ဖြည့်ထားတဲ့ (Fortified with folate) စီရီယယ်များ၊ ပေါင်မုန့်များ စားပေးရပါမယ်။

Ø  အကိုက်အခဲပျောက်ဆေးတွေဖြစ်တဲ့ Ibuprofen, Naproxen စတာတွေသောက်တော့မယ်ဆိုရင်တော့ အစာနည်းနည်းအရင်စားပြီးမှ ဆေးသောက်ပေးဖို့လိုပါတယ်။

Ø  အရမ်းချဉ်လွန်းတဲ့အစားအစာတွေ၊ စပ်လွန်းတဲ့အစားအစာတွေလည်း လျှော့သင့်ပါတယ်။

Ø  တချို့သော ဆေးတွေကတော့ ပျို့အန်စေပါတယ်။ အဲဒီလို အခြေအနေမျိုးမှာဆိုရင်တော့ အစာနည်းနည်းနှင့် ခဏခဏစားပေးဖို့ လိုအပ်ပါတယ်။ စားတဲ့နေရာမှာလည်း အစာပျော့ပျော့လေးတွေကို ပိုပြီးရွေးချယ်စားသောက်ပေးသင့်ပါတယ်။


တချို့သော ဆေးတွေကတော့ ပျို့အန်စေပါတယ်။ အဲဒီလို အခြေအနေမျိုးမှာဆိုရင်တော့ အစာနည်းနည်းနှင့် ခဏခဏစားပေးဖို့ လိုအပ်ပါတယ်။ စားတဲ့နေရာမှာလည်း အစာပျော့ပျော့လေးတွေကိုပိုပြီး ရွေးချယ်စားသောက်သင့်ပါတယ်။


စတုတ္ထအချက်အနေနဲ့ကတော့ SLE ဝေဒနာရှင်တွေမှာ ဝိတ်အတက်အကျပြဿနာတစ်ခုပါ။ ပါးစပ်မှာ အနာလေးတွေပေါက်နေတဲ့အချိန်မှာ အစားအသောက် ပျက်ပြီး ဝိတ်ကျသွားနိုင်သလို၊ Corticosteroid လိုဆေးမျိုးတွေ သောက်ရတဲ့အတွက်ကြောင့်လည်း ဝိတ်တက်လာစေနိုင်ပါတယ်။


ဒါကြောင့် ဝိတ်အတက်အကျပြဿနာ အတွက်ကတော့ ကယ်လိုရီ တွက်စားဖို့၊ လိုအပ်ရင် အာဟာရဆရာဝန်နဲ့ပြဖို့ လိုအပ်ပါတယ်။

ပဉ္စမ အချက်ကတော့ SLE ဝေဒနာရှင်တွေ အထူးသတိပြုရမယ့် နှလုံးရောဂါပါ။ ဒါကို ကာကွယ်ဖို့အတွက် Omega 3 fatty acid တွေများတဲ့ အစားအစာတွေ ကျွေးပေးရပါမယ်။ ဒါမှ သွေးတွင်း Triglyceride တွေကျစေပြီး နှလုံးရောဂါကို ကာကွယ်ပေးမှာပါ။

Ø  ဆော်လမွန်ငါး

Ø  ငါးသေတ္တာငါး

Ø  တူနာငါး

Ø  Flaxseed

Ø  ဗာဒံစေ့

Ø  Flaxseed oil

Ø  Canola oil

Ø  Olive oil

Ø  Rice bran oil စတာတွေ စားပေးခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။

Credit : ဒေါက်တာ ညီညီကျော်



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18