Print

ကိုယ်အလေးချိန်နှင့် နှလုံးရောဂါ

  25-Jul-2019
Preview Image

          သွေးဆုံးပြီးသော အမျိုးသမီးများသည် ကိုယ်အလေးချိန် လျှော့ချခြင်း ပြုလုပ်ပြီးနောက် အစားအသောက်၊ အနေအထိုင် မဆင်ခြင်၍ ပြန်လည်အလေးချိန်တက်လာတတ်သည်။ ထိုအခါ အလေးချိန်လျှော့ချခြင်းနှင့် အလေးချိန်ပြန်တက်ခြင်းများဖြစ်ပါက ရုတ်တရက် နှလုံးရောဂါဖြင့် သေဆုံးနိုင်ပါသည်။


ပုံမှန် ကိုယ်အလေးချိန် Body Mass Index ၁၈ ဒသမ ၅ မှ ၂၉ ဒသမ ၉ ရှိသူများထက် ဖြစ်နိုင်ခြေ သုံးဆရှိနိုင်ပါသည်။ ထိုသို့ ဖြစ်ရခြင်းမှာ သွေးအတွင်း ဂလူးစ်ကို့၊ သွေးပေါင်ချိန်နှင့် အခြားသော နှလုံးသွေးကြောနှင့်ဆိုင်သည့်အချက်အလက်များ၏ ပြင်းထန်သော ပြောင်းလဲမှုများက သွေးလည်ပတ်သည့် အဖွဲ့အစည်းအပေါ် ဖိအားပေးလွန်းခြင်းကြောင့် ဖြစ်နိုင်သည်ဟု ဆိုပါသည်။


          စိတ်ကျန်းမာရေးက ကင်ဆာကုသရာတွင် ပတ်သက်ဆက်နွယ်မှု ရှိပါသည်။ ကျန်းမာရေးကြောင့် စိတ်ဓာတ်ကျဆင်းနေသူများက ကျန်းမာရေးကောင်းမွန်နေသောသူများကဲ့သို့ ဓာတုဆေးဝါများကို တုံ့ပြန်စွမ်းအား မရှိနိုင်ပါ။ တရုတ်သုတေသနပညာရှင်များက BDNF ခေါ်သော ပရိုတင်းတစ်မျိုးက စိတ်ကျဝေဒနာရှင်များ၊ ခံစားနေရသူများ၏ သွေးအတွင်းတွင် နိမ့်ကျနေကြောင်း တွေ့ရပြီး ယင်းပရိုတင်းနိမ့်ကျနေခြင်းကြောင့် ကင်ဆာဆေးများကို တုံ့ပြန်မှု နည်းစေပြီး ဘေးထွက်ဆိုးကျိုးများကို ခံနိုင်စွမ်းအား နည်းသွားစေသည်။ စိတ်ကျရောဂါအတွက် ဆေးသောက်နေသည်ဖြစ်စေ၊ မသောက်နေရသူဖြစ်စေ ကင်ဆာဝေဒနာရှင်များကို စိတ်ဓာတ်တက်ကြွစေရန် ဂရုပြုပေးရပါမည်ဟု ဆိုပါသည်။


ကိုယ်လက်လှုပ်ရှားခြင်းနှင့် ကျန်းမာရေး

          လေ့ကျင့်ခန်းလုပ်ခြင်း၊ ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်သူများက မလုပ်သူများ ထကြွနိုးကြားမှု မရှိသူများထက် အယ်ဇိုင်းမားခေါ် မှတ်ဉာဏ်တဖြည်းဖြည်း ပျောက်ဆုံးနေသည့်ဝေဒနာ ခံစားရမှု နည်းပါးကြောင်း၊ နှစ်ဆသက်သာကြောင်း သုတေသနများတွင် တွေ့ရှိထားသည်။


ဇီဝရုပ်ဖြစ်ပျက်ခြင်းနှင့် ကျန်းမာရေး

          ဇီဝရုပ် ဖြစ်ပျက်ခြင်းသည် ကိုယ်လက်လှုပ်ရှားမှုနှင့်လည်း ဆက်စပ်မှု ရှိနေသည်။ ကြန့်ကြာနှေးကွေးနေသော ဇီဝရုပ်ဖြစ်ပျက်ခြင်းက အမျိုးသမီးများအတွက် ကိုယ်အလေးချိန်တက်ခြင်း (ဝဖြိုးခြင်း) ဖြစ်လာနိုင်သည်။ အသက်အရွယ်နှင့်လိုက်၍လည်း ဇီဝရုပ်ဖြစ်ပျက်ခြင်း နှေးသွားခြင်းက သဘာဝတရားအတိုင်းဖြစ်သည်။ အရွယ်အိုလာသည်နှင့် ကြွက်သားများ အားပျော့လာသည်။ ကြွက်သားများ ပြန်လည် သန်မာလာစေရန် လေ့ကျင့်ခန်းများ လုပ်ပေးရသည်။

          အသက်အရွယ် အိုမင်းလာသောအခါ ငယ်ရွယ်စဉ်ကကဲ့သို့ အစားအစာများ မစားနိုင်မတော့ပေ။ ငယ်ရွယ်စဉ်ကကဲ့သို့ ဇီဝရုပ်ဖြစ်ခြင်း၊ ပျက်ခြင်း မမြန်တော့ခြင်းကြောင့်လည်း ကိုယ်ခန္ဓာအလေးချိန်များ တက်လာနိုင်ပါသည်။ နှေးသွားသည့် ဇီဝရုပ်ဖြစ်ပျက်ခြင်းကို မြှင့်တင်ခြင်းကို အကောင်းဆုံးနည်းမှာ ကြွက်သားများကို သန်မာစေရန် အားကစားလေ့ကျင့်ခြင်း၊ လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ ဖြည်းဖြည်းမှန်မှန် ပြေးခြင်း၊ ရေကူးခြင်း စသည်များကို နေ့စဉ် ပုံမှန် တစ်ခုခု ပြုလုပ်ပေးသင့်သည်။ နံနက်စောစောကို အပြည့်အဝစားပါ။ နေ့ခင်းစာကို သင့်တင့်မျှတစွာစား၍ ညစာကို လျှော့စားပါ။ ညငါးနာရီမတိုင်ခင် စား၍ ညစာကို လျှော့စားပါ။ ညငါးနာရီမတိုင်ခင်စားသည်က အကောင်းဆုံးဖြစ်သည်ဟု သိရပါသည်။ အစာစားသည့်အခါ အသားနှင့် အသီးအရွက်မျှတစွာ စားသင့်ပါသည်။


အိပ်စက်ခြင်းနှင့် ကျန်းမာရေး

          သုတေသနပညာရှင်အများက တစ်ညတာ အိပ်စက်ချိန်သည် ၇ နာရီဖြစ်သင့်သည်ဟု ဆိုသည်။ အိပ်စက်နေစဉ် မီးရောင်၊ အလင်းရောင်မရှိပါက ပို၍ကောင်းသည်ဟု ဆိုပါသည်။ အိပ်ရာမဝင်မီ သွားတိုက်ခြင်း၊ ခြေလက်သန့်ရှင်းရန် အကြံပေးထားပါသည်။ အိပ်ချိန်မတိုင်ခင် အစာစားခြင်း မပြုရန်နှင့် ညလယ်စာ စားခြင်းမပြုရန် သတိပေးထားပါသည်။

Credit : ဒေါ်စောကြိုင် ( အငြိမ်းစား ပါမောက္ခ)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18