Print

ဆီးချိုသွေးချိုရောဂါအတွက် အိမ်တွင်းကုထုံး

  12-May-2019
Preview Image

ဆီးချိုသွေးချိုရောဂါများ (Diabetes Mellitus)

 အခု ၂၀ ရာစုနောက်ပိုင်းမှာ လူတိုင်းနီးပါး အဖြစ်များလာတာက ဒီဆီးချိုသွေးချိုရောဂါ ပါ။ ဒါက မျိုးရိုးကြောင့် ၊ နေထိုင်စားသောက်မှုပုံစံတွေကြောင့် စသဖြင့် အမျိုးမျိုးသော အကြောင်းကြောင်းတွေကြောင့်လို့ ပြောကြပေမယ့် အဓိကအကြောင်းအရာအနေနဲ့ အစားအသောက်အနေအထိုင် ဆင်ခြင်လိုက်ရင် တော်ရုံတန်ရုံလောက်ဆို ထိန်းသိမ်းနိုင်မှာ အသေအချာပါ။


 ဤရောဂါတွင် သကြားဓာတ်သည် ဆီးထဲတွင်သာမက သွေးထဲပါ ပိုမိုများပြားလွန်ကဲနေသည်ကို တွေ့ရသည်။ ထို့ကြောင့်လည်း ဤရောဂါကို ဆီးချိုသွေးချိုရောဂါဟု ခေါ်ခြင်းဖြစ်သည်။ ဤရောဂါသည် ရိုးရိုးဆီးချိုရောဂါထက် အဆပေါင်းများစွာ အန္တရာယ် ကြီးလေသည်။ ကုသရန်လည်းခက်ခဲပေသည်။ 


 ကုသရန်ခက်ခဲပုံမှာ ဆီးချိုသွေးချိုခြင်းကို လျော့နည်းစေရန်အတွက် သကြားဓာတ် (ဝါ) ကစီဓာတ်များကို လျှော့ခြင်း၊ ဖြတ်တောက်ခြင်း ပြုလုပ်သောအခါ လူနာတွင် Energy ခေါ် စွမ်းအင် ၏ မူလဓာတ်ကုန်ခန်းလျော့နည်းသွားသဖြင့် အားပြတ်၍ ဒုက္ခဖြစ်ရ၏။


 ဤတွင် ကစီဓာတ်ကို ပြန်လည်၍ ကျွေးရ၊ ပေးရပြန်လေသည်။ ထိုအခါတွင် သကြားဓာတ်က တက်လာပြန်ပြီး ဆီးချိုသွေးချိုရောဂါသည်လည်း ပြန်လည်၍ ခေါင်းထောင်လာ၏။


သို့သော် ကြာရှည်လာသောအခါတွင်လည်း ပိုလျှံသော သကြားဓာတ်က ဒုက္ခပေးပြန်သဖြင့် ကစီဓာတ်ကို လျှော့ရပြန်လေသည်။


ဤသို့ဖြင့် လျှော့လိုက်၊ တင်းလိုက် လုပ်ရသောကြောင့် ရောဂါမှာလည်း ဦးနင်းပဲ့ထောင်၊ ပဲ့နင်းဦးထောင် ဖြစ်ရသည်။ သို့မဟုတ် မီးစတစ်ဖက် ၊ ရေမှုတ်တစ်ဖက် ဖြစ်ရသည်။


ဆီးချိုရောဂါဖြစ်ကြောင်းများ

(၁) ချိုစိမ့်ရသာ အစားများခြင်း၊

(၂) အဆီအဆိမ့် အစားများခြင်း၊

(၃) ကစီဓာတ် အစားများခြင်း၊

(၄) ချဉ်၊ ခါး၊ စပ်အရသာ အစားနည်းခြင်း၊ 

(၅) ဇိမ်ခံမှု များခြင်း၊

(၆) ကိုယ်လက်လှုပ်ရှားမှု နည်းခြင်း၊

(၇) အေးသောဥတုတွင် အနေများခြင်း၊

(၈) အာရုံခံစားမှု များခြင်း၊

(၉) အရိပ်အာဝါသတွင် နေထိုင်မှု များခြင်း၊

(၁၀) နေပူ၊ လေပူ၊ ရေပူ ထိတွေ့မှုများခြင်း၊

(၁၁) ရေအေး၊ လေအေး၊ ထိတွေ့မှုများခြင်း၊

(၁၂) ခန္ဓာကိုယ်တွင် အင်ဆူလင်ဓာတ် (ခေါ်) သကြားဓာတ်ကို ထိန်းသိမ်းပေးသော ဓာတ်ထုတ်လုပ်မှု လျော့နည်းခြင်းတို့ ဖြစ်လေသည်။


ရောဂါလက္ခဏာများ 

(၁) ဆီးနှင့်သွေးကို စစ်ကြည့်လျှင် သကြားဓာတ် မြင့်တက်မှုကို တစ်ပြိုင်နက်တည်း တွေ့ရခြင်း၊

(၂) ရောဂါဖြစ်စတွင် လူသည် ဝဖြိုးလာခြင်း၊

(၃) စားဝင်အိပ်ပျော်ဖြစ်နေခြင်း၊

(၄) ကြာလေ ချဉ်၊ ခါး၊ စပ်အရသာကို ကြောက်လာခြင်း၊ အေးချိုစိမ့်ကို ပို၍စားလာခြင်း၊

(၅) အကြောတက်လာခြင်း၊ ဆီးသွားလွန်ခြင်း၊

(၆) လက်သည်းပန်းကုံး အရစ်များ၊ မျက်ရစ်များ ညိုမည်းလာခြင်း၊

(၇) ညအိပ်မပျော်ခြင်း ၊ (ရောဂါရင့်လာခြင်း)၊

(၈) မှတ်ဉာဏ်သတိ လျော့နည်းခြင်းတို့ ဖြစ်လေသည်။


မှတ်ချက်။ ။ 

 ဆီးချိုသွေးချိုရောဂါတွင် ဖြစ်စ၌ စားဝင်အိပ်ပျော် ဝဖြိုးသယောင် ရှိသော်လည်း ရောဂါရင့်လာလျှင် လူပိန်၍ ညအိပ်မပျော် ဖြစ်တတ်သည်။


အိမ်တွင်းကုထုံးများ

(၁) ကြက်ဟင်းခါးသီးကို ချက်စား၊ ပြုတ်စားပါ။ ကြက်ဟင်းခါးညွန့် ပြုတ်တို့ပါ။

(၂) ကြောင်လျှာသီး၊ ကြောင်လျှာညွန့်၊ ကြောင်လျှာပွင့် ပြုတ်တို့ပါ။

(၃) မလွှသီး၊ မလွှပွင့် ပြုတ်စား၊ သုပ်စားပါ။

(၄) ဒန့်သလွန်သီး၊ ဒန့်သလွန်ရွက် ၊ ဒန့်သလွန်ပွင့် ပြုတ်စား၊ ဟင်းချက်စားပါ။

(၅) ခွေးတောက်ရွက်ပြုတ်တို့ပါ။

(၆) ကြက်ဥ၊ ဘဲဥနှင့် ကြော်စားပါ။


ဓာတ်စာနှင့် အခြားလိုအပ်ချက်များ

 အထူးသတိပြုရန်မှာ ဆီးချိုရောဂါရှင်သည် မည်သည့်သစ်သီးဝလံနှင့် မျှ မသင့်ပေ။ များသောအားဖြင့် သစ်သီးဝလံ များသည် ချို၊ ချဉ်အရသာ (သို့မဟုတ်) အချိုအရသာ ဖြစ်သွားကြလေသည်။ ထိုအရသာ နှစ်မျိုးလုံးသည် ဆီးချိုရောဂါကို အားပေးကြလေသည်။ ထို့ကြောင့် ဆီးချိုရောဂါအတွက် သင့်တော်သည့် အသီးအနှံမှာ သပြေသီးသာဖြစ်လေသည်။ သပြေသီးအစိမ်းဖြစ်စေ၊ အမှည့်ဖြစ်စေ သုပ်စားနိုင်မည်။

 နောက်တစ်ချက် သတိပြုရန်မှာ မတည့်သော အစာများကို လုံးဝရှောင်ရှား၍ တည့်သောအစားအစာများကို ဂရုစိုက်စားရမည်ဖြစ်သည်။

ဒေါက်တာ ဆရာမြင့်(စကြာမင်း)




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18