Print

ကျောနာခြင်း၊ ခါးနာခြင်း ဖြစ်ပွားမှုနှင့် ပတ်သက်၍ အံ့သြစရာအချက် (၄) ချက...

  26-Feb-2019
Preview Image

          ကျောနာခြင်း၊ ခါးနာခြင်းဆိုတာ လူအများထင်ထားသလို အသက်အရွယ်နှင့် ကိုယ်ကိုယ်တိုင် ခါးအသုံးပြုမှု အလွန်အကျွံဖြစ်ခြင်းတို့ကြောင့်လည်း ဖြစ်တတ်ကြောင်း လေ့လာတွေ့ရှိချက်အသစ်တွေအရ သိရပါတယ်။ လေ့လာတွေ့ရှိချက်အသစ်တွေအရ ဒီလိုမျိုး မသက်မသာဖြစ်ရခြင်းဟာ တချို့လျှို့ဝှက်တဲ့ လှုပ်ရှားမှုတွေ အဖြစ်အပျက်တွေကနေ ရောက်ရှိလာကြောင်း လေ့လာသူတွေက ဆိုပါတယ်။

 

သင်ဟာ ဗီတာမင် ဒီ မလုံလောက်ဘူးဆိုရင်

          လူနာတွေနဲ့ ထိခိုက်မှု တစ်စုံတစ်ရာကြောင့် (သို့) ရောဂါအခြေအနေကြောင့် မဟုတ်ဘဲ နာတာရှည် ကျောနာခြင်း၊ ခါးနာခြင်းတွေ ဖြစ်မယ်၊ မကြာခဏ ကျောနာခြင်း၊ ခါးနာခြင်းတွေ ဖြစ်မယ်ဆိုရင် ဒါဟာ ဗီတာမင်ဒီ နည်းပါးနေတာဖြစ်နိုင်ပြီး အရိုးကျန်းမာရေးဟာလည်း အားနည်းလာလို့ ခါးအောက်ပိုင်းနာခြင်း၊ ထိခိုက်ခြင်းတွေ အလွယ်တကူ ဖြစ်စေတတ်ပြီး ရောဂါရလွယ်စေတယ်လို့ လေ့လာသူတွေက ထပ်မံပြောကြားခဲ့ပါတယ်။ ဒါကြောင့်မို့ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်တွေနဲ့ တိုင်ပင်ပြီး ဗီတာမင် ဒီ ချို့တဲ့ခြင်း၊ မလုံလောက်ခြင်းကို ကာကွယ်မယ်ဆိုရင် ကျောနာခြင်း၊ ခါးနာခြင်း လက္ခဏာတွေကို လျော့ချနိုင်မှာ ဖြစ်ပါတယ်။

 

ရက်ရှည် ဝမ်းပုံမှန်မသွားဘူးဆိုရင်

          သင့်အနေနဲ့ ရက်ရှည်ပုံမှန် ဝမ်းမသွားဘူးဆိုရင် အူလမ်းကြောင်း အောက်ပိုင်းမှာ ပိတ်ဆို့မှုတွေ ဖြစ်ပေါ်လာပြီး အဲဒီ ဖိအားဟာ ခါးအောက်ပိုင်းမှာ သက်ရောက်မှု ဖြစ်ပေါ်စေပါတယ်။ နောက်ပိုင်း ရက်ရှည် ဝမ်းပုံမှန် မသွားဘူးဆိုရင် သင့်ကို စိတ်လက်မအီမသာ ဖြစ်ခြင်းတွေကို ဖြစ်ပွားစေပါတယ်။ ဒါကြောင့် ဝမ်းတစ်လုံးကောင်းရင် ခေါင်းမခဲဘူးဆိုတဲ့အတိုင်း ပုံမှန်ဝမ်းသွားဖို့ အရေးကြီးပါတယ်။ ထို့ကြောင့် ရေများများသောက်ခြင်း၊ အမျှင်ဓာတ်ကြွယ်ဝတဲ့ အသီးအနှံတွေ အစေ့အဆန်တွေကို စားသုံးခြင်း၊ ပုံမှန် ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းပြုလုပ်ခြင်းအားဖြင့် ဝမ်းချုပ်ခြင်းကို ကာကွယ်နိုင်ပါတယ်။

 

သင့်မှာပြင်းထန်တဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုရှိရင်

သိမှတ်မှုအခြေအနေတွေဟာ ခန္ဓာကိုယ် နာကျင်မှုတွေကို  သိမှတ်ဖို့ အရေးကြီးတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။ ဒါကြောင့်မို့ သင်ဟာ စိတ်ဖိစီးမှု ဒဏ်တွေကို လက်ခံထားမယ်ဆိုရင် သင့်ရဲ့ ကျောဘက်နာကျင်မှုတွေကို ခံစားရနိုင်ပါတယ်။ စိတ်ဖိစီးမှုနဲ့ စိတ်ဓာတ်ကျမှုတွေဟာ နာကျင်မှုဝေဒနာတွေဖြစ်ပွားဖို့ အချက်တစ်ချက်ဖြစ်တယ်ဆိုတာ မေ့မထားသင့်ဘဲ စိတ်ဖိစီးမှုနဲ့ စိတ်ဓာတ်ကျမှုတွေကို တတ်နိုင်သလောက် မောင်းထုတ်သင့်ကြောင့် လေ့လာသူတွေက အဆိုပြုထားပါတယ်။

 

သင့်မွေးရာပါ ကျောရိုးစောင်းခြင်း၊ ရွဲ့ခြင်းတွေ ဖြစ်ပွားပြီး ရောဂါအမည် ရှာဖွေဆုံးဖြတ်မှု ခက်နေရင်

          သင်ဟာ အသက်ကြီးလာတဲ့အခါ ကယ်ဆီယမ်ဓာတ်တွေ ချို့တဲ့ပြီး နောက်ကျောကြွက်သားတွေဟာ အားနည်းလာပါတယ်။ အဲဒီအခါမှာ သင့်ရဲ့ ကျောရိုးဟာ စောင်းခြင်း၊ ရွဲ့ခြင်းနဲ့ နေရာမှန်မှာ ရှိမနေတော့ပါဘူး။ အကယ်၍ သင်ဟာ မွေးရာပါ ကျောရိုးစောင်းခြင်း၊ ရွဲ့ခြင်းတွေ ဖြစ်ပွားမယ်ဆိုရင် ခါးရိုးဆစ်ပြဿနာတွေနဲ့ မတော်တဆ ဒဏ်ရာအနာတရ အဖြစ်များတဲ့အခါမှာ ပြဿနာတွေ ဆက်လက်ဖြစ်ပွားနိုင်ပါတယ်။ အဲဒီအခါမှာ သင်ဟာ တခြား ကွဲပြားခြားနားတဲ့ နာကျင်မှုတွေ ဖြစ်တဲ့အခါ ဆရာဝန်တွေအနေနဲ့ ရောဂါအမည်ရှာဖွေ ဆုံးဖြတ်ဖို့ ခက်ခဲသွားနိုင်ပါတယ်။ ဒါကြောင့်မို့ သင်ဟာ မွေးရာပါ ကျောရိုးစောင်းခြင်း၊ ရွဲ့ခြင်းဖြစ်ပွားခဲ့မယ်ဆိုရင် ဆက်လက်မဆိုးရွားရအောင် ဖွံ့ဖြိုးတိုးတက်မှုအရွယ်ကတည်းကစပြီး ကျန်းမာစေတဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းထားမယ်။ ဆေးလိပ်မသောက်ဘူးဆိုရင် ကျောရိုးနဲ့ ပတ်သက်ပြီး ဆက်လက် မဆိုးရွားရအောင် ကာကွယ်နိုင်ပါတယ်။ ဒီလိုမျိုး ပြုလုပ်ခြင်းဟာ ဖွံ့ဖြိုးတိုးတက်မှုအရွယ်မှာ နောက်မကျစေဘဲ စောစီးစွာ ပြုလုပ်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်တွေနဲ့ တိုင်ပင်အကြံဉာဏ်ရယူပြီး သင့်ရဲ့ ကျောရိုးကို ကာကွယ်စေချင်ပါတယ်။

 

Credit: ယွန်း



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18