Print

ဂေါက်ရောဂါ ( ဒူလာဖြစ်ခြင်း)

  20-Feb-2019
Preview Image

ဂေါက်ရောဂါနှင့် အစားအစာ

          ဂေါက်ရောဂါ (ဒူလာ)ဖြစ်နေသူများသည် အဆစ်အမြစ်ကိုက်ခဲခြင်း၊ ဖောရောင်ခြင်း၊ အဖျားရှိခြင်း၊ လက်ဆစ်ခြေဆစ်၊ ဒူးဆစ်များရှိ အဆစ်များ နာကျင်ကိုက်ခဲခြင်းတို့ ဖြစ်တတ်သည်။ ကိုက်ခဲမှုများသည် ညအချိန်တွင် ပိုမိုကိုက်ခဲတတ်သည်။

        

  ဒူလာ (ဂေါက်) ရောဂါဖြစ်နေသူများသည် နေ့စဉ် ကိုယ်ခန္ဓာအတွက်ရေဓာတ်ပမာဏ လုံလောက်စွာ ရရှိရန်လိုမည်။ ထို့ကြောင့် ရေများများသောက်ပေးပါ။ ရေကျက်အေး သောက်ပေးလျှင် ပိုသင့်လျော်သည်။

         

ဒူလာ(ဂေါက်)ရောဂါဖြစ်နေသူများသည် အရက်သောက်ခြင်းကို ရှောင်သင့်ပါသည်။ လှေကားအတက်အဆင်း ကြာရှည်စွာ ပြုလုပ်ခြင်း၊ ခဏခဏ လှေကားအတက်အဆင်း လုပ်ခြင်း၊ ခရီးမိုင်များစွာကို တစ်ကြိမ်တည်းနှင့် လမ်းလျှောက်ခြင်းမျိုးတို့ကို မလုပ်ပါနှင့်။ဒူလာ (ဂေါက်)ရောဂါဖြစ်နေသူများသည် ကိုယ်အလေးချိန်ကို ထိန်း၍ အဝမလွန်စေရန် ဂရုပြုပါ။ အဆစ်အမြစ်များကို မထိခိုက်စေရန် ကာကွယ်ပါ။

         

ဒူလာ (ဂေါက်)ရောဂါ ဖြစ်နေသူများသည် ဟင်းသီးဟင်းရွက်နှင့် သစ်သီးများများ စားပေးပါ။ ကယ်လ်ဆီ်ယမ်ဓါတ်(Calcium) ပါသာ အစားအစာများကို စားပေးပါ။ ဗီတာမင် ဘီ၊ ဗီတာမင် စီ ဓါတ်ပါသော အစားအစာများကိုလည်း စားပေးပါ။ ဗီတာမင် အီး ဓါတ်ကိုလည်း ခန္ဓာကိုယ်အတွက် လုံလောက်စွာ ရရှိစေရန် နေ့စဉ် စားသုံးပေးပါ။ ဗီတာမင် အီး ဓါတ်သည် အဆစ်အမြစ် ရောင် ရမ်းခြင်းကို ကာကွယ်ပေးနိုင်သည်။ အဆစ်အမြစ်နာခြင်းကိုလည်း သက်သာပျောက်ကင်းစေနိုင်သည်။ရောဂါအခြေအနေ ပြင်းထန်လာပါက ဆရာဝန်ထံ ပြသ၍ ဆရာဝန်ညွှန်ကြားထားသောဆေးကို ပုံမှန်သောက်ပေးပါ။

         

ဒူလာ (ဂေါက်)ရောဂါ ဖြစ်နေသူများသည် ဗီတာမင် အေ၊ ဗီတာမင် ဘီ၊ ဗီတာမင်အီး၊ ရေဓါတ်၊ ကန့်ညို (ဆီလီနီယမ်)၊ ကြေးဓါတ်၊ မဂ္ဂနီဆီယမ်ဓါတ်၊ ကယ်လ်ဆီ်ယမ်ဓါတ်၊ ဇင့်ဓါတ်တို့ လိုအပ်ပါသည်။


စားသင့်သော အစာများ

          ဒူလာ (ဂေါက်)ရောဂါဖြစ်နေသူများသည် ခရမ်းသီး၊ မုန်လာဥ၊ မုန်လာဥနီ၊ ကြက်သွန်နီ၊ ကြွက်နားရွက်မှို၊ ကြက်ဟင်းခါးသီး၊ မုန်ညင်းဖြူ၊ ဂေါ်ဖီ၊ တရုတ်နံနံ၊ သခွားသီး၊ ကျောက်ဖရုံသီး၊ ခဝဲသီး၊ ခရမ်းချဉ်သီး၊ အာလူး၊ ငရုတ်ပွ၊ ကန်စွန်းဥ၊ ပန်းသီး၊ စပျစ်သီး၊ ချယ်ရီသီး၊ တည်သီး၊ ရှောက်ချိုသီး၊ သံပရိုသီး၊ ပန်းသစ်တော်၊ သရက်သီး၊ သဘောၤသီး၊ နာနတ်သီး၊ သလဲသီး၊ မက်မွန်သီး၊ ဖရဲသီး၊ သခွားမွှေး၊ ငှက်ပျောသီး၊ နွားနို့ တို့ကို စားပေးသင့်ပါသည်။

မစားသင့်သော အစာ

         

ဒူလာ (ဂေါက်)ရောဂါဖြစ်နေသူများသည် တူနာငါး၊ ငါးပြေမ၊ ဆယ်လ်မွန်ငါး၊ ဆာဒင်းငါး၊ မက်ကရယ်ငါး၊ ငါးကြင်း၊ ပုစွန်၊ ကမာကောင် (ဂုံးကောင်)၊ ငါးခြောက်၊ ကြက်ခြေထောက်၊ ကြက်ရင်အုံသား၊ တိရစ္ဆာန်အသည်းကလီစာ၊ အရက်၊ အမဲစွပ်ပြုတ်တို့ကို မစားသင့်ပါ။


Credit: ယမုံအေး(စမ်းချောင်း)

 

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18