Print

ဘယ်အရာတွေက အစာအိမ်အနာ ဖြစ်စေတာလဲ

  04-Dec-2018
Preview Image


အစာအိမ်အနာဆိုတာ အစာခြေ စနစ်ရဲ့ အပေါ်ပိုင်းမှာ ဖြစ်ပွားတာပါ။ အစာ အိမ်အနာလို့ပြောရင် အူသိမ်ဦးပိုင်းအနာ နဲ့ အစာအိမ်အနာဆိုပြီး နှစ်မျိုးဖြစ်နိုင်ပါ တယ်။အစာအိမ်အနာဖြစ်နိုင်သော အ ကြောင်း ရင်းများမှာ  အကိုက်အခဲပျောက်ဆေးများ ပုံမှန် သောက်ခြင်း (ဥပမာ- အက်စပရင်၊ စတီးရွိုက်မဟုတ်တဲ့ အကိုက်အခဲပျောက်ဆေးများ) နဲ့ ဆရာဝန်ညွှန်ကြားချက်မလိုတဲ့ တချို့ဆေးဝါးတွေ ကို စွဲပြီးသောက်သုံးခြင်းတို့ကြာင့် အစာ အိမ်နံရံထိခိုက်ပြီး အစာအိမ်အနာဖြစ် တတ်ပါတယ်။ အထူးသဖြင့် သက်ကြီး ရွယ်အိုတွေမှာ ပိုဖြစ်နိုင်ခြေများပါတယ်။


ဘက်တီးရီးယား

H.pylori ပိုးက အစာအိမ်အနာဖြစ် စေပါတယ်။ အစာအိမ်ထဲကို ဘယ်လို ရောက်ရှိလဲ မသိနိုင်ပေမယ့် အစာအိမ် နံရံကို ရောင်ရမ်းစေပြီး အစာအိမ်အနာ ဖြစ်စေတာပါ။


အရက်

အရက်စွဲနေသူတွေမှာ အစာအိမ် အနာဖြစ်နိုင်ခြေများပါတယ်။ အရက်ကို ပုံမှန် သောက်သုံးနေသူတွေရဲ့ အစာအိမ် နံရံတွေက ရောင်ရမ်းပြီး ပျက်စီးနေတာ ကြောင့် အနာဖြစ်နိုင်ခြေများရတာပါ။


ရောဂါလက္ခဏာများ

အစာအိမ်အနာဖြစ်တဲ့အခါ ခံစားရ တဲ့ဝေဒနာတွေ များစွာရှိပါတယ်။ ဝမ်းဗိုက်အပေါ်ပိုင်းက ထိုးအောင့်တာ၊ ပျို့တာ၊ အန်တာ၊ ကိုယ်အလေးချိန်ကျတာ နဲ့ ဆိုးဆိုးရွားရွားအခြေအနေမှာ အစာ အိမ်နဲ့ အူသိမ်ပိုင်းကနေ သွေးထွက်တာ တွေ ဖြစ်နိုင်ပါတယ်။ ဒီလိုလက္ခဏာတွေ ဖြစ်ပေါ်ပါက ဆေးရုံဆေးခန်းကို သွား ရောက်ပြီး ကုသမှုခံယူသင့်ပါတယ်။


ကုသခြင်း

အစာအိမ်အနာဖြစ်တဲ့ အခြေအနေ ပေါ် မူတည်ပြီး ကုသမှုခံယူဖို့ လိုအပ်ပါ တယ်။အစာအိမ်အနာဖြစ်တဲ့ လက္ခဏာ တွေ သင့်မှာ ရှိနေပြီဆိုတာနဲ့ ဆေးလိပ်၊ အရက်ဖြတ်ပါ။ ဆေးလိပ်နဲ့ အရက်က အစာအိမ်နံရံကို ရောင်ရမ်းပြီး ထိခိုက် လွယ်စေတာကြောင့်ပါ။


အစားအသောက်ကို သတိပြုစားပါ

အစားအသောက်တွေ စားတဲ့အခါ တချို့အစာတွေက စားပြီးတာနဲ့ ဝေဒနာ ခံစားရတယ်ဆိုရင် အဲဒီအစာကို မှတ် သားပြီး ရှောင်ဖို့လိုပါတယ်။


ဆရာဝန်ညွှန်ကြားချက်မလိုတဲ့ ဆေးသုံးပါ

မဆိုးရွားတဲ့ အစာအိမ်အနာမှာ ဆရာဝန်ညွှန်ကြားချက်မလိုတဲ့ လေဆေး သောက်နိုင်ပါတယ်။ အစာအိမ်ထဲက အက်စစ်ပမာဏကို လျော့နည်းစေလို့ အစာအိမ်အနာဖြစ်နိုင်ခြေကို လျှော့ချ ပေးပါတယ်။


ဆရာဝန်နဲ့ပြသပါ

အစာအိမ်အနာကြောင့် ဝေဒနာ ပြင်းပြင်းထန်ထန်ခံစားနေရတယ်ဆိုရင် ဆရာဝန်နဲ့ပြသပြီး ကုသမှုခံယူသင့်ပါ တယ်။


ကာကွယ်ခြင်း

အစာအိမ်အနာမဖြစ်အောင် နေ ထိုင်မှုပုံစံနဲ့ အမူအကျင့်တွေကို ပြောင်း လဲဖို့လိုပါတယ်။ 

♦ အယ်လ်ကိုဟောပါတဲ့ အဖျော်ယမကာ တွေ မသောက်ပါနဲ့

♦အရက်နဲ့ ဆေးဝါးတွေ တွဲမသောက်မိ ပါစေနဲ့

♦ ပိုးမွှားတွေကင်းစင်အောင် လက်ကို သန့်ရှင်းစွာ ဆေးကြောပါ

♦ အကိုက်အခဲပျောက်ဆေးတွေကို မကြာခဏ အသုံးမပြုပါနဲ့

♦ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအ သောက်တွေကို မျှတစွာ စားသုံးပါ။

♦ ပုံမှန်ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း ပြုလုပ်ပါ

♦အစားအသောက်ကို အချိန်မှန်စားသုံး ပါ၊ လွန်လွန်ကဲကဲ စားသောက်တာမျိုးကို ရှောင်ပါ။


ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18