Print

အာရုံလွှာ ကွာလေသည့်မျက်စိ

  15-Apr-2018
Preview Image

လူတစ်ဦးတစ်ယောက်အနေဖြင့် မြင်ရသောပုံရိပ်အားလုံးတို့သည် အလင်းတန်းအဖြစ်မျက်စိအတွင်းသို့ ဝင်ရောက်သည်။ အာရုံလွှာပေါ်သို့ကျရောက်သည်။


 အာရုံလွှာရှိ ကတော့ပုံ ဆဲလ် များနှင့် တုတ်ချောင်းပုံ ဆဲလ်များအတွင်းရှိ ဓာတ်သဘောတို့ပြောင်းလဲပြီး လျှပ်စစ်စွမ်းအားအဖြစ်ပြောင်းလဲကာ နာ့ဗ်ကြောလွှာမှတစ်ဆင့် ဦးနှောက်သို့ပို့သည်။ 


ဦးနှောက်က သိခြင်းကို ဖြစ်စေသည်။ ကောင်းမွန်သောအာရုံလွှာမရှိက မြင်သိခြင်း အမြင်အာရုံ ဖြစ်ပေါ်လာမည်မဟုတ်ပါ။ 


အာရုံလွှာလုပ်ငန်းတို့ကား များပြားလှပါသည်။ အကျဉ်းချုပ်အားဖြင့် မည်သည့်အရာဝတ္ထုကိုမဆို ရှင်းလင်းပြတ်သားစွာမြင်ရသည်။ စိမ်း ၊ နီ ၊ ဝါ၊ ပြာ အစရှိသည့်အရောင်စုံတို့ကို မြင်စေသည်။


 အလင်းရောင်နည်းပါးသည့် အချိန်နှင့် ညအခါများတွင် လှုပ်ရှားသွားလာနေသော အရာဝတ္ထုတို့ကို မြင်စေသည်။ အာရုံလွှာရှိ တုတ်ချောင်း ဆဲလ်များ မကောင်းပါက ညမမြင်ခြင်း night blindness ခံစားရပါမည်။


 အာရုံလွှာသည် ဗဟိုနှင့် ပတ်ဝန်းကျင်တို့ကို မြင်သည့် မြင်ကွင်းကို ဖန်တီးပေးပါသည်။ အာရုံခံလွှာကွာပါက အမြင်မှုန်စေပါသည်။ အဆိုးရွားဆုံးအခြေအနေတွင် မျက်စိကွယ်သွားမည်ဖြစ်သည်။  


ရောင်စုံခွဲခြားသိမှု နည်းပါးမည်။ အရာဝတ္ထု ကြီးသွားခြင်း၊ သေးသွားခြင်း တို့ကို မြင်ရတတ်သည်။  မျက်စိရှေ့တွင်ရွေ့လျားနေသော အစက်အပျောက်များစွာကို တွေ့နိုင်သည်။ လင်းခနဲ လက်ခနဲ လျှပ်စီးလက်သလိုလည်းမြင်တတ်တယ်။


မျက်စိရှေ့တွင်အမည်းကွက်တွေ့ခြင်း၊ မြင်ကွင်းကွယ်သွားခြင်း၊ စသည်တို့ကိုတွေ့နိုင်ပါသည်။  မျက်စိနာကျင်ကိုက်ခဲသည့် ဝေဒနာကို လုံးဝမခံစားရပါ။


အာရုံလွှာကွာချိန် လျင့်မန်ခြင်း၊ ဖြည်းညင်းစွာကွာခြင်းများအပေမူုတည် ၍လက္ခဏာခံစားၤရမှု ကွာခြားနိုင်ပါသည်။ မျက်စိဆရာဝန်ထံသွားရောက်ပြသသင့်ပါသည်။ အချို့မှာမူ လိုက်ကာနှင့် မြင်ကွင်းကို ကာလိုက်သကဲ့သို့ခံစားရကြောင်းပြောတတ်ပါသည်။


အာရုံလွှာကွာခြင်းကို အခြေခံအားဖြင့် သုံးမျိုးခွဲခြားထားသည်။ ပထမအမျိုးမှာ အကြောင်းအမျိုးမျိုးကြောင့်ပေါက်ပြဲသော အာရုံလွှာနှင့် တွယ်ကပ်နေသည့် မျက်နှစ်ရှိအကြောမျှင်များကဆွဲသောကြောင့် အာရုံလွှာကွာခြင်းဖြစ်ပါသည်။ 


၉၀% ကျော်ကျော်မှာ ဤအမျိုးအစားဖြစ်ပါသည်။ အနှုတ်ပါဝါ တပ်သူများတွင်တွေ့ရတတ်သောအာရုံလွှာ ပျက်စီးသူ၊ အသက်အရွယ်ကြီး၍ အာရုံလွှာပျက်ပြားသူများနှင့် အတွင်းတိမ်ထုတ်ထားသူများတွင် အာရုံလွှာပိုမို ကွာတတ်ပါသည်။ မျက်စိတစ်ဖက်တွင်အာရုံကွာပါကနောက်တစ်ဖက်တွင်ကွာနိုင်သည့် အလားအလာပိုများပါသည်။


မျက်စိကိုဖောက်ထွင်းသောဒစ်ရာရပါကလည်း အာရုံလွှာကွာတတ်ပါသည်။ အားကစားဒဏ်ရာကြောင့်ရရှိတတ်သည့် အာရုံလွှာကွာခြင်းတို့ကို ကာကွယိရန်မှာ အကာအကွယ်ပေးနိုင်သည့် ပေါ်လီကာဘော်နိတ်မှန်နှင့်ပြုလုပ်ထားသောမျက်မှန်နှင့် မျက်စိကာမှန်များးကို တပ်ရန်ဖြစ်သည်။


ဒုတိယအမျိုးအစားအာရုံလွှာကွာခြင်းမှာ အမြင်ပိုင်းဆိုင်ရာအာရုံလွှာနှင့် ရောင်ခြယ်အပေါ်ယံလွှာတို့အကြားသို့ အရည်များစိမ့်ဝင်ပြီး စုဝေးသဖြင့် တစ်လွှာနှင့်တစ်လွှာကွာလာခြင်းဖြစ်သည်။ ဆီးချိုရောဂါရှိသူများရောဂါရင့်လာသောအခါဖြစ်တတ်ပါသည်။


တတိယအမျိုးအစားအနေနင့် မျက်နှစ်၏နောက်ပိုင်းတွင်ဖြစ်ပေါ်နေသော အကြောမျျှင်များကထိစပ်လျှက်ရှိသည့်အာရုံလွှာကို ဆွဲယူပြီးကွာစေခြင်းဖြစ်ပါသည်။ 


အာရုံလွှာကွာပြီးနောက် ကုသပြီးပြန်လည်ရရှိမည့် အမြင်နှုန်းကောင်းမွန်ခြင်း အတိုင်းအတာမှာ အာရုံလွှာကွာနေသည့် အချိန်ကာလပေါ်မူတည်ပါသည်။။ ကာလကြာလေ မြင်အားနည်းလေဖြစ်ပါသည်။ နောက်တစ်ချက်မှာ ကွာသောအာရုံလွှာတွင် မက်ကူလာပါသွားခြင်းရှိမရှိပေါ်တွင်လည်းမူတည်သည်။


မက်ကူလာမပါပါက မူလ၏ ၈၇% သောအမြင်ကိုပြန်လည်ရရှိနိုင်ပါသည်။ အာရုံလွှာစတင်ကွာစ မက်ကူလာမပါခင် ကုသမှုခံယူနိင်လျှင်အကောင်းဆုံးဖြစ်ပါသည်.။


မျက်စိမှုန်ခြင်း ကွယ်ခြင်းများကို ဖြစ်ပေါ်စေသည့် အာရုံလွှာကွာခြင်းကို မျက်စိ အထူးကုဆရာဝန်ကြီးများနှင့် မျက်စိခွဲစိပ်ရန် ကိရိယာရှိသည့် ဆေးရုံကြီးများတွင်အောင်မြင်စွာ ကုသလျှက်ရှိပါသည်။  စောစေယသိစောစောကုပါမှ အမြင်ဆုံးရှုံးမှုနည်းမည်ဖြစ်ပါသည်။ 


သို့ဖြစ်၍ အာရုံလွှာကွာသည့် လက္ခဏာများ ခံစားရပါက ကျွမ်းကျင်သူများနှင့်တွေ့ဆုံ၍ ကုသမှုခံယူရန်ကြိုးစားသင့်ပါသည်။


Credit : Dr.ထွန်းအောင်ကျော် (မျက်စိအထူးကုဆရာဝန်ကြီး)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18