Print

နှလုံးရောဂါဖြစ်ခြင်း

  24-Dec-2017
Preview Image

ကမ္ဘာပေါ်ရှိလူများ ဖြစ်ပွားမှုအများဆုံးသော ရောဂါများတွင် နှလုံးရောဂါသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ နှလုံးရောဂါဖြစ်ပွားပါက အချိန်မရွေး အသက်ဆုံးရှုံးနိုင်ပါသည်။ထို့ကြောင့် နှလုံးရော မဖြစ်ပွားစေရန်၊ ရောဂါရှိသူကလည်း  ရောဂါအခြေအနေ ပိုဆိုးမလာစေရန် ဆောင်ရန်၊ ရှောင်ရန် အချက်များကို သိထားရန်လိုမည်။


ရောဂါလက္ခဏာ

နှလုံးရောဂါ၏ ရောဂါလက္ခဏာများမှာ ပင်ပန်းနွမ်းနယ်ခြင်း၊ မောပန်းခြင်း၊ နှလုံးတအားခုန်ခြင်း၊ အသက်ရှုရခက်ခဲခြင်း၊ လက်ချောင်း ခြေချောင်းတွေ ဖောင်းရောင်လာခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အသက်ရှုကျပ်ခြင်း၊ ချွေးစီးပြန်ခြင်း၊ ခေါင်းမှုခြင်း၊ မျက်လုံးပြာလာခြင်း၊ အားမရှိသလို ခံစားရခြင်း စသည်တို့ဖြစ်သည်။


ဆရာဝန်ညွှန်ကြားချက်

နှလုံးရောဂါ ဖြစ်ပွားနေသူများသည် ဆေးလိပ်မသောက်ရပါ။ ဆေးလိပ်သောက်တတ်သူများ၊ ဆေးလိပ်ဖြတ်ပါ။ ဆေးလိပ်သောက်ခြင်းသည် နှလုံးရောဂါအခြေအနေကို ပိုမိုဆိုးရွားစေနိုင်သည်။ ဆေးလိပ်မသောက်တတ်သူများလည်း သူများသောက်လိုက်သော ဆေးလိပ်ငွေ့ကို မရှုမိစေရန် သတိထားရှောင်ပါ။ ဆေးလိပ်ငွေ့ ရှုမိခြင်းသည်လည်း ရောဂါအခြေအနေကို ပိုပြင်းထန်လာစေနိုင်ပါသည်။ နှလုံးရောဂါဖြစ်နေသူများသည် အရက်လုံးဝ မသောက်ရပါ။ အရက်သောက်တတ်သူများ အရက်ကိုလုံးဝဆက်မသောက်ဘဲ အပြီးဖြတ်လိုက်ပါ။ အရက်သောက်ခြင်းသည် နှလုံးရောဂါအခြေအနေကို ပို၍ပြင်းထန်စေနိုင်သည်။


 နှလုံးရောဂါရှိသူများသည် လေထုညစ်ညမ်းသော ပတ်ဝန်းကျင် ဆူညံနေသော ပတ်ဝန်းကျင်တို့တွင် နေထိုင်ရန်မသင့်ပါ။ လေကောင်း၊ လေသန့်ရသော တိတ်ဆိတ်ငြိမ်းချမ်းသော ပတ်ဝန်းကျင်တွင်သာ နေထိုင်ရန် သင့်လျော်ပါသည်။ နှလုံးရောဂါ ရှိသူများသည် ပင်ပန်းနွမ်းနယ်နေပါက အနားယူပေးပါ။ နေ့စဉ်အနားယူချိန် သီးသန့်ထား၍ စိတ်အေးချမ်းစွာ အနားယူပေးသင့်ပါသည်။


 နှလုံးရောဂါရှိသူများသည် နေ့စဉ်ဖြေညင်းစွာ ပြုလုပ်ရသော ကိုယ်လက်လေ့ကျင့်ခန်းများကို ပြုလုပ်ပေးပါ။ ယောဂကျင့်စဉ်ကိုလည်း ပြုလုပ်ပေးနိုင်ပါသည်။ ကိုယ်လက်လေ့ကျင့်ခန်း လုံးဝမလုပ်သူများသည် ခန္ဓာကိုယ်တွင် အဆီပိုများစုလာကာ အဝလွန်လာမည်။ ထိုအခါ နှလုံးရောဂါဖြစ်ပွားရန် အန္တရာယ်ပိုများပါသည်။ ထို့ကြောင့် နှလုံးရောဂါမဖြစ်သူများလည်း ရောဂါဝင်မလာစေရန် လေ့ကျင့်ခန်း လုပ်ပေးသင့်ပါသည်။


 နှလုံးရောဂါ ရှိသူများသည် ကိုယ်အလေးချိန် ပိုတက်မလာစေရန် သတိဖြင့်နေထိုင်ပါ။ ကိုလက်စထရော ပိုတက်လာစေမည့် အစားအစာများကို ရှောင်ကြဉ်ပါ။ ဥပမာ - ဆီကြော်၊ အချိုစာများ၊ လက်ဖက်ရည် အပျစ်၊ ကော်ဖီ၊ ရေခဲမုန့်၊ အအေး၊ နှလုံးရောဂါရှိသူများသည် တစ်နေ့လျှင် ၁၅ မိနစ်၊ မိနစ် ၂၀ ခန့် စိတ်တည်ငြိမ်စွာဖြင့် ပုံမှန်တရားထိုင်ခြင်းမျိုး ပြုလုပ်ပေးသင့်ပါသည်။ 


 နှလုံးရောဂါ ရှိသူများသည် စိတ်ဆင်းရဲခြင်း၊ စိတ်ဖိစီးမှုများခြင်း စိတ်မချမ်းမြေ့ခြင်း၊ ဒေါသတွက်ခြင်းတို့ မဖြစ်စေရန် မိမိစိတ်ကိုမိမိထိန်းနိုင်အောင် ကြိုးစားပါ။ စိတ်ကိုပျော်အောင်ထားပါ။ စိတ်ချမ်းသာစေမယ့် အကြောင်းအရာများကိုသာ များများတွေးပေးပါ။ စိတ်မချမ်းမြေ့စရာ အကြောင်းများ၊ စိတ်ဆိုးဒေါသဖြစ်စရာအကြောင်းများကို အတတ်နိုင်ဆုံး မတွေးဖြစ်စေရန် ထိန်းပါ။


 သွေးတိုးရောဂါရှိသူများ၊ ဆီးချိုသွေးချိုရောဂါရှိသူများ၊ အဝလွန်သူများ၊ အဆီပိုတက်နေသူများ၊ မတည့်သော အစားအစာများကို မရှောင်သူများ၊ ဒေါသအမြဲထွက်တတ်သူများ၊ စိတ်ဖိစီးတတ်သူများသည် နှလုံးရောဂါ ပိုဖြစ်ပွားနိုင်သည်။ နှလုံးရောဂါ မရှိသူများလည်း နှလုံးရောဂါ မဖြစ်ပွားစေရန် သတိထားပါ။ တစ်နေ့လျှင် ရုပ်မြင်သံကြား၊ တစ်နာရီကြည့်သူများသည် နှလုံးရောဂါဖြစ်ပွား၍ သေဆုံးနိုင်နှုန်း ခုနစ်ရာခိုင်နှုန်းခန့် ရှိသည်။ နေ့စဉ်ရုပ်မြင်သံကြား လေးနာရီကြာ ထိုင်ကြည့်နေသူများသည် နှလုံးရောဂါဖြစ်၍ သေဆုံးနိုင်နှုန်း ၂၈ ရာခိုင်နှုန်းခန့် ရှိသည်။ ထို့ကြောင့် နေ့စဉ်ရုပ်မြင်သံကြားကို အချိန်ကြာရှည်စွာ ထိုင်မကြည့်သင့်ပေ။ အသက်ကြီးသူများသည် နေ့စဉ်တစ်နာရီ၊ နှစ်နာရီထက်ပို၍ ရုပ်မြင်သံကြားထိုင်မကြည့်သင့်ပါ။


 နှလုံးရောဂါရှိသူများသည် အငန်ကို လျှော့စားသင့်ပါသည်။ အားကစားပြုလုပ်ပြီးနောက် ရေအေးဖြင့် ရေမချိုးရပါ။ ရေနွေးနှင့်သာ ချိုးသင့်ပါသည်။ နှလုံးရောဂါရှိသူများသည် အငန်ကိုလျှော့စားသင့်ပါသည်။ နှလုံးရောဂါရှိသူများသည် နေ့စဉ် ခုနစ်နာရီ၊ ရှစ်နာရီခန့် အိပ်ရေးဝအောင် အိပ်ပေးရမည်။ အိပ်ရေးဝပါက နှလုံးပိုကျန်းမာသည်။ အိပ်ရေးမပျက်စေရန် ဂရုစိုက်ပါ။ နှလုံးရောဂါ ရှိသူများသည် လေမရသော၊ လေပိတ်သော အခန်းတွင် မနေသင့်ပါ။ ကားကျပ်သော ဘတ်စ်ကားများစီးပါက ပြတင်းပေါက်နားတွင် နေ၍ပြင်ပလေကို ရှုပါ။ နှလုံးကို ဝန်ပိစေပါက ရောဂါကို ပို၍ ဆိုးရွားစေတတ်ပါသည်။


Credit: ယမုံအေး (စမ်းချောင်း)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18