Print

Meningitis( ဦးနှောက်အမြှေးရောင်ရောဂါ)

  27-Feb-2017
Preview Image

 
Meningitis( ဦးနှောက်အမြှေးရောင်ရောဂါ)
ဦးနှောက်အမြှေးရောင်ခြင်း ဆိုသည်မှာ ဦးနှောက် Brain နှင့် အာရုံကြောမကြီး Spinal cord ကိုအုပ်ထားသော အမြှေးပါးနှင့်တကွ ဦးနှောက်အတွင်းရှိ အရည်များထဲသို ့ ပိုးဝင်ရောက်ခြင်းကြောင့် ရောင်ရမ်းခြင်းကို ဆိုလိုပါသည်။

 

လက္ခဏာများ
- ရုတ်တရက် အဖျားကြီးခြင်း
- လည်ပင်းတောင့်ခိုင်ခြင်း
- အလွန်အမင်း မခံနိုင်အောင် ခေါင်းကိုက်ခြင်း
- ပျို့အန်ခြင်း
- တောင့်ခြင်း၊ တက်ခြင်း
- မှိန်းခြင်း၊ နှိုးရခက်ခြင်း
- အလင်းရောင် မခံနိုင်ခြင်း
- အစားချင်၊ မသောက်ချင် ဖြစ်ခြင်း
- အနီကွက်ထခြင်း( in case of meningococcal meningitis)

 

အသက်၂လအောက် ကလေးများတွင် တွေ့ရနိုင်သော လက္ခဏာများ
- အဖျားကြီးခြင်း
- အဆက်မပြတ်ငိုခြင်း
- အလွန်အိပ်ခြင်း၊ ချော့မရအောင် ဂနာမငြိမ်ဖြစ်ခြင်း
- မှိန်းခြင်း
- လည်ပင်း (သို့) တကိုယ်လုံးတောင့်ခြင်း

 

ဖြစ်ပွားစေသော အကြောင်းရင်းများ
Viral meningitis- ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားခြင်းသည် အများဆုံးဖြစ်သည်။
Bacterial meningitis - ဘက်တီးရီးယားပိုးကြောင့် ဖြစ်ပွားပါက
နောက်ဆက်တွဲ ဆိုးရွားနိုင်ပြီး အသက်အန္တရာယ်အထိ ထိခိုက်နိုင်သည်။

ဖြစ်ပွားစေနိုင်သော ဘက်တီးရီးယားပိုး အမျိုးအစားများမှာ-

Streptococcus pneumonia
Neisseria meningitidis
Haemophilus influenza
Listeria monocytogenes
Fungal meningitis- မှိုရောဂါပိုးကြောင့်ဖြစ်ခြင်း
Others - အချို့ sarcoidosis ရောဂါမျိုးကြောင့်လည်း ဖြစ်ပွားနိုင်ပါသည်။

အဖြစ်များသော လူအုပ်စုများမှာ-
ကာကွယ်ဆေး ပြည့်စုံအောင် မထိုးရသေးသူများ
အသက်ကြီးလွန်း ငယ်လွန်းခြင်း
လူထူထပ်စွာ နေထိုင်ရသူများ
ကိုယ်ဝန်ဆောင် အမျိုးသမီးများ
ခုခံအားကျဆင်းနေသူများ

 

ဆရာဝန်နှင့် သွားရောက်ပြသင့်သော အချက်များ
- ဖျားခြင်း
- အလွန်အမင်း ခေါင်းကိုက်ခြင်း
- ကယောင်ကတမ်းဖြစ်ခြင်း
- အန်ခြင်း
- လည်ပင်းတောင့်ခြင်း

 

နောက်ဆက်တွဲ ပြဿနာများ
အကြားအာရုံ ချို့တဲ့ခြင်း
မှတ်ဉာဏ် ချို့ယွင်းခြင်း
သင်ကြားမှု ခက်ခဲခြင်း
ဦးနှောက် ပျက်စီးခြင်း
လှုပ်ရှားမှုအနေအထား ပြောင်းလဲခြင်း
တက်ခြင်း
ကျောက်ကပ် ပျက်စီးခြင်း
Shock ရခြင်း
အသက်ဆုံးရှုံးခြင်း -အထိဖြစ်ပေါ်နိုင်ပါသည်။

 

စစ်ဆေးမှုများ
ဆရာဝန်မှ ရောဂါဖြစ်စေမည့် ဇစ်မြစ်ကို ရှာဖွေခြင်း
သွေးစစ်ခြင်း၊ သွေးထဲရှိအကောင် ပေါက်မပေါက်မွေးခြင်း
ဓာတ်မှန်ရိုက်ခြင်း- ကွန်ပျုတာဓာတ်မှန်ရိုက်ခြင်း
သံလိုက်ဓာတ်မှန်ရိုက်ခြင်း
ခါးဆစ်ရိုးအတွင်းမှ ဦးနှောက်အတွင်းအရည်ယူ၍ ပိုးရှိမရှိစစ်ဆေးခြင်း၊ ပိုးအမျိုးအစားခွဲခြားခြင်း။

 

ကုသခြင်း
ကုသခြင်းတွင် ဖြစ်စေသည့် အခြေခံ အကြောင်းရင်းကို နှိမ်နင်းခြင်းသည် အဓိက ကျသည်။ ဥပမာ- ဘက်တီးရီးယားပိုးကြောင့်ဖြစ်လျှင် ပိုးသတ်ဆေးသောက်ခြင်း။
သို့သော် ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်လျှင် ပိုးသတ်ဆေးနှင့် ကုသ၍မရသဖြင့် ကုသနည်းတွင် ကောင်းမွန်စွာအနားယူခြင်း၊ အရည်များများသောက်ပေးခြင်း၊ နာကျင်ခြင်း အတွက်ဆေးသောက်ခြင်းများ ပြုလုပ်ပေးလျှင် ရက်သတ္တပတ် အနည်းငယ် အကြာတွင် ကောင်းမွန်သွားတတ်ပါသည်။

 

ကာကွယ်ခြင်း
ဦးနှောက်အမြှေးရောင်ရောဂါ မဖြစ်ပွားရန် ကြိုတင်ထိုးနှံနိုင်သော ကာကွယ်ဆေးများမှာ-
MMR vaccine - ဝက်သက်၊ ဂျိုက်သိုး၊ ပါးချိုတ်ရောင် ရောဂါကာကွယ်ဆေး။
Meningitis C vaccine
Meningitis W vaccine
Haemophilus influenza vaccine
Pneumococcal vaccine
Dr.hp

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Ref: NHS choices
Mayo clinic

 

 

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18