Print

နှာခေါင်းနောက်ပိုင်းကင်ဆာ

  27-Feb-2017
Preview Image

 
နှာခေါင်းနောက်ပိုင်းကင်ဆာ
နှာခေါင်းနောက်ပိုင်း (post-nasal space)သည် အာခေါင်အပေါ်ပိုင်းနှင့် တဆက်တည်းဖြစ်သည်။ အာခေါင်အပေါ် ပိုင်းနေရာဟု ခေါ်နိုင်သည်။ယင်းနေရာသည် ဦးနှောက်အာရုံကြော၊ ဦးနှောက်ခွံ၏ အခြေနှင့် နီးသည်။

 

ဖြစ်ပွားမှု
နှာခေါင်းနောက်ပိုင်း ကင်ဆာရောဂါ(Nasopharyngeal Carcinoma) သည် တရုတ်နိုင်ငံတောင်ပိုင်း တွင်အဖြစ်များသည် ကိုတွေ့ရသည်။ ၂၀၀၈ ခုနှစ်တွင်
ကမ္ဘာတစ်ဝန်း နှာခေါင်းနောက်ပိုင်းကင်ဆာ ဖြစ်ပွားသူအသစ် ၈ သိန်းခွဲခန့် တွေ့ရှိရ
သည်။
နှာခေါင်းနောက်ပိုင်း ကင်ဆာသည် လူငယ်များတွင်လည်း ဖြစ်တတ်သည်။အသက်
၂၀ နှစ်အောက်လူငယ်များ နှင့် အသက် ၅၀ နှစ်ကျော်တို့တွင် အဖြစ်များသည်။ အမျိုးသားများတွင် ပိုမိုဖြစ်ပွားသည်။

 

ဖြစ်ပွားရခြင်းအကြောင်းရင်း
နှာခေါင်းနောက်ပိုင်း ကင်ဆာသည် တရုတ်နိုင်ငံ၊ကန်တုံ ပြည်နယ်မှလူများနှင့် ယင်းတို့မျိုးရိုးနှင့် ပက်သက်ဆက်နွှယ် သူများ၌ ပိုမိုအဖြစ်များသည် ကိုတွေ့ရသည်။ သို့ဖြစ်၍ မျိုးရိုးလိုက်တတ်သော ကင်ဆာတစ်ခုဖြစ်သည်။
အစားအသောက် တွင်ပါရှိသည့် ဓာတုပစ္စည်းကြောင့်လည်း နှာခေါင်းနောက် ပိုင်းကင်ဆာ ဖြစ်နိုင်သည်ဟု ယူဆကြသည်။ ငါးပိကောင်တွင် ပါရှိသည့်နိုက်ထရိုစမင်း (Nitrosamine) ဓာတ်ကြောင့် နှာခေါင်းနှောက်ပိုင်း ကင်ဆာ ဖြစ်နိုင်သည်။
အချို့က အမွှေးတိုင်မှ ထွက်သောဟိုက်ဒြိုကာဗွန်က ကင်ဆာကိုု ဖြစ်စေသည်ဟု ဆိုသည်။နောက်ဆုံးတွေ့ရှိမှု အရ ဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့် ဖြစ်သည်ကိုတွေ့ရသည်။
ဆေးလိပ်၊ အရက်တို့သည်လည်း ကင်ဆာဖြစ်ပွားမှုနှင့် ဆက်နွှယ်နိုင်သည်။

 

ရောဂါရှာဖွေခြင်း
နှာခေါင်းနောက်ပိုင်းအား မြင်နိုင်ရန် လျှာကိုဖိ၍ သာမန်မှန်ပြားဖြင့် အနာ၊အကျိတ် ရှ်ိ မရှိ်ကြည့်ရှုသည်။ မှန်ပြောင်းဖြင့်လည်း ကြည့်နိုင်သည်။ အသားစယူ၍ စစ်နိုင်သည်။ CT Scan ကို axial ခေါ်တည့််တည့်ဖြတ်၍ ရိုက်ခြင်း၊ Coronal ခေါ် အရှေ့အနောက်
ဖြတ်၍ ရိုက်ခြင်းတို့ကို ပြုလုပ်သည်။ နှာခေါင်းနောက်ပိုင်းနှင့် ဦးခေါင်းခွံ အခြေကို CT Scan ရိုက်သည်။

 

ရောဂါလက္ခဏာများ
- နှာခေါင်းနောက်ပိုင်း ကင်ဆာဖြစ်သည့်အခါ နားကိုက်ခြင်း၊ နားလေးခြင်း၊ နားမကြားခြင်း၊ နားအူခြင်း၊ နားပိတ်သလို ခံစားရခြင်းတို့ဖြစ်သည်။
- နားတစ်ဖက်တည်းဖြစ်စေ၊ နှစ်ဖက်စလုံးဖြစ်စေ မကြားဘဲဖြစ်တတ်သည်။
- နားပြည်ယိုနိုင်သည်။
- လည်းပင်းတစ်ဖက်တစ်ချက်တွင် အကျိတ်များထွက်လာသည်။ယင်းတို့သည် နာကျင်ခြင်းမရှိချေ။
- နှာခေါင်း ပိတ်နေတတ်သည်။ နှာခေါင်းသွေးလျှံတတ်သည်။ နှာခေါင်းအတွင်း အနာလည်းဖြစ်နိုင်သည့် အပြင်အလုံးပေါ်နိုင်သည်။
- မျက်စိဝါးခြင်း၊ ပုံရိပ် ၂ ခုမြင်ခြင်းတို့အပြင် ခေါင်းကိုက်ခြင်း၊မျက်နှာ တစ်ခြမ်းကိုက်ခြင်း၊ပါးရွဲ့ခြင်းတို့လည်း ဖြစ်နိုင်သည်။ ယင်းတို့မှာ ဦးခေါင်းခွံ အခြေရှိအာရုံကြောများ အားထိခိုက်ခြင်းကြောင့် ဖြစ်ရသည်။
- အရိုးကို ထိိခိုက်ခြင်း၊ အရိုးစားသွားခြင်း ဖြစ်တတ်သည်။
- အသံအိုးသို့သွားသည့် နာဗ်ကြောထိခိုက်လျှင် မူလအသံပြန်မရနိုင်ချေ။

 

ကုသခြင်း
နှာခေါင်းနောက်ပိုင်း ကင်ဆာကိုဓာတ်ရောင်ခြည်ဖြင့် ကုသရသည်။စောစီးစွာ သိရှိပြီး စောစီးစွာကုသလျှင် အမြစ်ပြတ်နိုင်ပြီး သက်တမ်းစေ့နေနိုင်သည်။ ယခုအခါ ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်းနှင့် ဆေးသွင်းကုသခြင်း တို့ကိုပူးတွဲ၍ ကုသသည်။
ကုသပြီးနောက် ပြန်ဖြစ်ရန် အခွင့်အလမ်း နည်းသည်။CT Scan ရိုက်ခြင်း၊ သို့မဟုတ် မှန်ပြောင်းဖြင့် စမ်းသပ်ခြင်း တို့ကို ၆ လတစ်ကြိမ် ပြုလုပ်ပြီး စစ်ဆေးနိုင်သည်။

 

ကာကွယ်ရေး
ငါးပိကောင်ကဲ့သို့ နိုက်ထရိုစမင်း (nitrosamine) ဓာတ်ပါရှိသည့် အစားအစာ များကို ရှောင်ကြဉ်သင့်သည်။ အမွှေးတိုင်အနံ့များ မှာလည်း ကင်ဆာဖြစ်မှုနှင့် ဆက်နွှယ်
ဖွယ်ရှိ်၍ မရှူမိစေရန်ရှောင်ကြဉ်သင့်သည်။ဆေးလိပ်၊ အရက်ကိုလည်း ရှောင်ကြဉ်ပါက မှားသည်ဟုမဆိုနိုင်ချေ။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit : ဒေါက်တာအောင်သန်း
အဖြစ်များေသောကင်ဆာရောဂါများ

 

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18