Print

ဆီးချိုရောဂါအကြောင်း

  25-Feb-2017
Preview Image

ရောဂါလက္ခဏာများ -
• ဆီးများများမကြာခဏသွားခြင်း၊
• အစားအသောက်မပျက်ဘဲ ကိုယ်အလေးချိန်ကျဆင်းခြင်း၊
• များများစားသော်လည်း ဆာလောင်ခြင်း၊
• ရေအလွန်အမင်းငတ်ခြင်း၊

 

ဆီးချိုရောဂါရှိနေလျှင် -
• အစားအသောက်ကို အမြဲစနစ်တကျ စားသုံးပါ။ 
• သင့်တင့်သော ကိုယ်လက်လှုပ်ရှားမှု မှန်မှန်ကန်ကန်လုပ်ပါ။ 
• ဆရာဝန်နှင့်မှန်မှန်ပြသ၍ ဆီးနှင့်သွေးစစ်ဆေးပါ။ 
• ဆေးကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း အမြဲသုံးစွဲပါ။ 
• မျက်စိဆရာဝန်နှင့် (၆) လတကြိမ်ပြသပါ။

 

ဆီးချိုဝေဒနာရှင်အတွက် အစားအစာ -
* များများစားရန်
• ဟင်းသီးဟင်းရွက်၊ ငါး၊ အဆီမပါသောအသား။ 
* လျော့စားရန်
• ကစီဓာတ်များသောဆန်၊ ကောက်ညှင်း၊ အာလူး၊ ဂျုံ၊ ပဲအမျိုးမျိုး၊
အငန်နှင့် အဆီအမျိုးမျိုး
• ချိုသော အစာနှင့် အသီးများ

 

ဆီးချိုရောဂါ၏ နောက်ဆက်တွဲအန္တရာယ်များ
ဆီးချိုရောဂါကို စနစ်တကျ အချိန်မီကုသမှုမခံလျှင် -
• လေဖြတ်လေငန်းရောဂါ
• နှလုံးရောဂါ
• သွေးတိုးရောဂါ
• ကျောက်ကပ်ရောဂါ
• မျက်စိကွယ်ခြင်း
• သတိလစ်မေ့မြော၍ အသက်ဆုံးရှုံးတတ်ခြင်းတို့ ဖြစ်တတ်သည်။
ဆီးချိုရောဂါကို အမြစ်ပြတ်ပျောက်ကင်းအောင် ကုသ၍မရပါ။ ဆီးနှင့် သွေးမှန်မှန်စစ်ဆေး၍ ဆရာဝန်နှင့် ပြသမှသာ ရောဂါအခြေအနေကို သိနိုင်သည်။ 

 

သွေးသကြားဓာတ်နည်းလွန်းသည့်လက္ခဏာများ -
• ဆာလောင်ခြင်း
• ချွေးစေးပြန်ခြင်း
• ရင်တုန်ခြင်း
• ကတုန်ကယင်ဖြစ်ခြင်း
• ခေါင်းမူးခြင်း
ဤသို့ဖြစ်လာလျှင် အချိုရည်တစ်ခုခု (သို့) ချိုသောအစာတစ်ခုခုကို စားလိုက်ပါ ဆီးချိုကျဆေးကို ဖြတ်ထားပြီး ဆရာဝန်နှင့်ပြန်ပြပါ။ 

 

ဆီးချိုရောဂါ၏ အဓိကလက္ခဏာများ
• ဆီးအလွန်အမင်းမကြာခဏသွားခြင်း
• ရေငတ်ခြင်း
• ကိုယ်အလေးချိန်ကျခြင်း
• မောပန်းလွယ်ခြင်း
• ဆီးလမ်းကြောင်း ပတဝန်းကျင်၌ ယားယံခြင်း

 

ဆီးချိုရောဂါကို အချိန်မီစနစ်တကျ မကုသလျှင် ကြောက်စရာ ဤရောဂါများဝင်လာမည်
• သတိလစ်မေ့မြောခြင်း
• သွေးတိုးရောဂါ
• လေဖြတ်လေငန်းရောဂါ
• နှလုံးရောဂါ
• ကျောက်ကပ်ရောဂါ
• ခြေလက်များပုပ်၍ ဖြတ်ရခြင်း
• မျက်စိကွယ်ခြင်း

 

မည်သည့်လက္ခဏာမျှမပြဘဲ ဆီးချိုရောဂါ ရှိနေနိုင်သဖြင့် ဆီးနှင့်သွေးစစ်ဆေးပြီး စနစ်တကျကုသမှုခံယူကြပါ။
- သွေးချို၊ ဆီးချိုရောဂါသည် ကူးစက်တတ်သောရောဂါမဟုတ်ပါ။ သို့ရာတွင် မျိုးရိုးရှိပါက သား၊ သမီးများတွင် ရောဂါရှိနိုင်ပါသည်။
- သွေးထဲတွင် သကြားဓာတ် (ဂလူးကို့) များလွန်းသောကြောင့် ဆီးထဲတွင် သကြားဓာတ် (ဂလူးကို့) ပါလာခြင်းဖြစ်သည်။
- ခန္ဓာကိုယ်အတွင်း သကြားဓာတ်ကို အသုံးချနိုင်ရန် အင်ဆူလင်ဟော်မုန်းလိုပါသည်။ ခန္ဓာကိုယ်အတွင်း ရှိ အင်ဆူလင်ဟော်မုန်း ပမာဏလျော့နည်းလျှင် (သို့) မရှိလျှင် သွေးချို၊ ဆီးချိုရောဂါဖြစ်လာမည်။ 
- ရောဂါရှိ၊ မရှိ တိကျစွာသိရန်မှာ သွေးနှင့်ဆီး နှစ်မျိုးစလုံးကို စစ်ဆေးမှတိကျစွာ သိရပါမည်။
- (ဆီးတစ်မျိုးတည်း စစ်ဆေးရုံဖြင့် မတိကျပါ။)
- သွေးချို၊ ဆီးချိုရောဂါကြောင့် နောက်ဆက်တွဲ ဆင်ပွားရောဂါများ ဖြစ်တတ်ပါသည်။ 

 

ယင်းနောက်ဆက်တွဲ ဆင့်ပွားရောဂါများမဖြစ်အောင် ဝေဒနာရှင်များအနေဖြင့် -
(က) သွေးအတွင်းရှိသကြားဓာတ် (ဂလူးကို့) ကိုပုံမှန်ဖြစ်အောင်ထိန်းပါ။
(ခ) သွေးအဆီဓာတ်ကို ပုံမှန်ဖြစ်အောင်ထိန်းပါ။
(ဂ) မျက်စိကို ခြောက်လတကြိမ် စစ်ဆေးပါ။
(ဃ) ခြေထောက်ကို ထိခိုက်ဒဏ်ရာ မဖြစ်အောင်နှင့် ထိခိုက်ရှနာဖြစ်လျှင် ဂရုတစိုက်ကုသပါ။
(င) ကျောက်ကပ်ရောဂါမဖြစ်စေရန် ဆီးကိုမကြာခဏ စစ်ပေးပါ။ 
(စ) နှလုံးနှင့်ဦးနှောက်သွေးကြော မပိတ်စေရန် အစဉ်ဂရုစိုက်စစ်ဆေးပါ။
(ဆ) သွေးချို၊ ဆီးချိုရောဂါကို အမြစ်ပြတ် ပျောက်ကင်းအောင်ကုသသည့်ဆေး ယနေ့တိုင် မပေါ်သေးပါ။
(ဇ) စနစ်တကျ နေထိုင်စားသောက်ခြင်းဖြင့် အချိုဓာတ်နှင့်အဆီဓာတ်ကို ထိန်းသိမ်းပါ။ 

 

Healthcare.com.mm

Ref:
The Myanmar Healthcare Directory 2015



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18