Print

အခရိုမီဂါရီ - လူ့ဘီလူးရောဂါ

  25-Feb-2017
Preview Image

 

Acro-megay ဆိုတာ ဂရိစကား akaros က လာတာဖြစ်ပြီး Extreme ဆိုတဲ့ အစွန်းအဖျား megalos ဆိုတဲ့ large ကြီးခြင်း၊ လူ့ခန္ဓာရဲ့ အစွန်းအဖျားများ ကြီးထွားခြင်း အင်္ဂါစုလို့ ခေါ်ပါတယ်။ ခန္ဓာကိုယ်ကြီးထွားဖို့ အတွက် anterior pituitary gland အရှေ့ပီကျူထရီဂလင်းက ကြီးထွားဟော်မုန်းတွေ ထုတ်ပေးရာမှာ Puberty ခေါ်တဲ့ လူပျို၊ အပျိုဝင်ပြီး နောက်ပိုင်းကစပြီး ဒီဟော်မုန်းတွေ လျော့ကျသွားရပါတယ်။ Epiphyseal plate closure ခေါ်တဲ့ အရိုးထိပ်ဖျားလေးများ ဆက်လက်မကြီးထွားနိုင်တော့ပါဘူး။ ဒါပေမဲ့ ကြီးထွားစေတဲ့ Growth hormone ခေါ်တဲ့ ဟော်မုန်းတွေက အဆမတန် ထွက်နေရင်တော့ ဒီလိုရောဂါမျိုး ဖြစ်တတ်ပါတယ်။ Pututory adenoma ခေါ် ပီကျူထရီဂလင်းအကျိတ်ဖြစ်ရင် ဒီလိုပဲ ဖြစ်တတ်ပါတယ်။ Acromegaly ရောဂါဟာ အသက် အလယ်အလတ်ပိုင်း လောက်မှာ သိသာစွာ ကြီးထွားဖွံ့ဖြိုး လာတတ်တာကိုတွေ့ရပါတယ်။ ဖြေးဖြေးရှင်း ကြီးထွားလာတာမို့ ထွားကျိုင်းတယ်လို့ ထင်တတ်ကြပါတယ်။ သေချာစွာ စစ်ဆေးကုသနိုင်သော်လည်း မဟုတ်ရင်တော့ အသက်ဆုံးရတတ်ပါတယ်။ ဒီရောဂါကို Gigantism လူ့ဘီလူးရောဂါလို့လည်း ခေါ်ကြပါသေးတယ်။ ရောဂါက တဖြည်းဖြည်းဖြစ်နေတာမို့ မျက်နှာ၊ ခြေလက်တွေ ထူးခြားစွာ ပြောင်းလဲလာတာ၊ အရပ်နဲ့ကိုယ်အလေးချိန် ကြီးထွားလာတာတွေ တွေ့ရမှ သတိပြုမိကြပါတယ်။ ရောဂါလက္ခဏာအနေနဲ့ -


၁။ အသားပျော့များ ကြီးထွားရောင်ရမ်းလာတဲ့အတွက် မျက်နှာ၊ ခြေ၊ လက်၊ နှာခေါင်း၊ နားရွက်၊ နှုတ်ခမ်းများ ထူထဲလာခြင်း၊ တစ်ကိုယ်လုံးက အရေပြားများ ထူထဲကြမ်းတမ်းလာခြင်း။

 

၂။ ထိုသို့ဖြစ်မှသည် ကိုယ်တွင်းအင်္ဂါများမှာ ဖြစ်တဲ့အတွက် နှလုံးကြွက်သားများ ထူထဲမာကျောလာခြင်း၊ ကျောက်ကပ်မှာလည်း အလားတူဖြစ်လာခြင်း၊ Vocal cord ခေါ် အသံအိုးမှာ ပြောင်းလဲလာမှုကြောင့် ထူးခြားတဲ့ အသံသြကြီးများ ဖြစ်လာခြင်း။

 

၃။ ဦးခေါင်းငယ်ထိပ်နေရာမှာ ကျယ်ပြန့်လာခြင်း။

 

၄။ မျက်ခုံး၊ မေးရိုး၊ တံတောင်ဆစ် စသည်တို့ တိုးထွက်လာခြင်း။

 

၅။ အထူးသဖြင့် မေးရိုးကြီးထွားငေါထွက်လာမှုနှင့်အတူ လျှာထူထဲကြီးထွားလာခြင်း၊ Macroglossia သွားများအကြား ကွာဟလာခြင်း။

 

၆။ Hypertichosis ခေါ် အမွှေးအမျှင်ထူထပ်ခြင်း။ Hyperthydrosis ခေါ် ချွေးပေါက်ထွက်လွန်ခြင်း၊ hyperpigmentation ခေါ် အရေပြားတွင် အစက်ပြောက်များထွက်ခြင်း။

 

၇။ အရေပြားတွင် အကျိတ်ငယ်များထွက်ခြင်း။

 

၈။ Carpal tunnel syndrome ခေါ် လက်ဖဝါးရှိ လက်ချောင်းကလေးများ ထုံကျဉ်နာကျင်ကိုက်ခဲခြင်း စသည်တို့ကို တွေ့ရလေ့ရှိပါတယ်။ ၉၀ ရာခိုင်နှုန်းသောရောဂါရှင်များဟာ pituitary adenoma ခေါ် ဦးခေါင်းအတွင်းရှိ အကျိတ်ကြောင့်ဖြစ်ကြပါတယ်။ အကျိတ်က ကြီးလာသည်နှင့်အမျှ ဘေးမှာရှိတဲ့ ဦးနှောက်နေရာများကို ဖိလာတဲ့အတွက် ခေါင်းကိုက်တာ၊ အမြင်ထိခိုက် ဆုံးရှုံးတာတွေ ဖြစ်လာပါတယ်။ Growth hormone တွေ မလိုလားအပ်တဲ့ ထွက်လာခြင်းနှင့်အတူ အခြားဟော်မုန်းများပါ ထွက်လာလို့ လိင်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ဖြစ်လာပါတယ်။ သားသမီးမြုံတာ မီးယပ်မပေါ်တာ စသည်တို့ ဖြစ်လာတတ်ပါတယ်။ နောက်ပိုင်းမှာ မျက်စိမမြင်တော့တာ၊သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါ၊ ကျောက်ကပ်ထိခိုက်ခြင်း colorectal cancer ခေါ် အူမကြီးကင်ဆာ စသည်တို့ပါ ဖြစ်လာတတ်ပါတယ်။ ရောဂါကိုတိကျစေဖို့ IGF 1 ခေါ် ဟော်မုန်းစစ်ဆေးခြင်း၊ MRI နဲ့ အခြားလိုအပ်သော စစ်ဆေးမှုများပြုလုပ်နိုင်ပါတယ်။ ရောဂါကိုတွေ့ရင် ခွဲစိတ်ကုသခြင်း၊ ဆေးဝါးများဖြင့် ကုသခြင်း၊ ဓာတ်ရောင်ခြည် ကုထုံးဖြင့် လိုအပ်သလို ကုသနိုင်ပါတယ်။

 

Healthcare.com.mm

Ref:
ဒေါက်တာမြင့်သန်း (ညောင်လေးပင်)
Health for all magazine, November 2013, Pg.99-100
 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18