Print

စိတ်ဖိစီးမှုကြောင့်ဖြစ်သော နှလုံးကြွက်တက်အားနည်းရောဂါ (သို့မဟုတ်) အသည်...

  25-Feb-2017
Preview Image

 

ဤရောဂါကို ဂျပန်နိုင်ငံတွင် ၁၉၉၁ ခုနှစ်တွင် ပထမဆုံး တွေ့ရှိခဲ့တာ။ ဒီရောဂါတွင် နှလုံး၏ ထိပ်ပိုင်းနှင့် အလယ်ပိုင်းရှိ ကြွက်သားများ ယာယီအလုပ်မလုပ်သည်ကို တွေ့ရှိရပါသည်။ ဒီလိုဖြစ်နေရခြင်းဟာ စိတ်ဖိစီးမှု (သို့) ကာယစိတ်ဖိစီးမှုကြောင့် ဖြစ်ပေါ်ရခြင်းဖြစ်ပြီး နှလုံးသွေးကြောများတွင် ထင်ထင်ရှားရှား သွေးကြောပိတ်ခြင်းကိုလည်း မတွေ့ရပါ။ များသောအားဖြင့် နှလုံးကြွက်သားများသည် တစ်ပတ်မှာ လေးရက်အကြာတွင် ပြန်လည်၍ ကောင်းမွန်လာတတ်ပါတယ်။  အမျိုးသားများထက် အမျိုးသမီးများတွင် ပို၍အဖြစ်များပါသည်။ ဒီရောဂါခံစားနေရသော လူနာများရဲ့ ၉၀ ရာခိုင်နှုန်းမှာ အမျိုးသမီးများဖြစ်ပါသည်။ အထူးသဖြင့် သွေးဆုံးပြီးအမျိုးသမီးများတွင် ၈၀ ရာခိုင်နှုန်းတွေ့ရှိတတ်ရပါသည်။ ပျမ်းမျှအားဖြင့် အသက်အရွယ် ၅၈-၇၅ နှစ်အရွယ်တွင် ဖြစ်လေ့ရှိပါတယ်။ 

 

ဖြစ်ပေါ်စေနိုင်သောအချက်များ
၎င်း ရောဂါကို ဖြစ်ပေးစေသောအချက်များမှာ အလွန်ချစ်ခင်ရသော မိသားစုဝင်တစ်ဦးဦး (သို့) ချစ်သူတစ်ယောက် သေဆုံးရခြင်း၊ စိတ်ထိခိုက်ဝမ်းနည်းစရာသတင်းကို ကြားရခြင်း၊ အကြီးအကျယ် ငွေကြေးဆုံးရှုံးမှု ဖြစ်ပေါ်ခြင်း၊ သဘာဝကပ်ဘေးကို ရင်ဆိုင်ရခြင်း၊ အကြီးအကျယ် ဖျားနာခြင်း၊ အထူးကြပ်မတ်ကုသဆောင်၌ ဆေးကုသမှု ခံယူရခြင်းတို့ကြောင့် ဖြစ်ပါသည်။

 

ရောဂါလက္ခဏာများ
ရောဂါလက္ခဏာမှာ ရုတ်တရက်နှလုံးသွေးကြောပိတ်ရောဂါ (Acute MI) နှင့် ဆင်တူပါတယ်။ နောက်ဆက်တွဲအကျိုးဆက်တွေ အနေနဲ့ကတော့ နှလုံးခုန်မြန်ခြင်း၊ နှလုံးခုန်မှားခြင်း၊ နှလုံးခုန်နှေးခြင်း၊ အဆုတ်တွင်းရေဝင်ခြင်း၊ နှလုံးထွက်ပေါက်ပိတ်ဆို့ခြင်း၊ သွေးပေါင်ကျခြင်း၊ နှလုံးအဆို့ရှင် ယိုယွင်းခြင်း၊ လေဖြတ်ခြင်းနှင့် ရုတ်တရက်သေဆုံးခြင်းတို့ ဖြစ်ပါသည်။

 

ကုသမှု
လိုအပ်ပါက ဓာတ်ဆားရည်သွင်းခြင်း (Glucoes Infusion)၊ စိတ်ဖိစီးမှုကို သက်သာစေသော စိတ်ငြိမ်ဆေးများပေးခြင်း၊ နှလုံးအားနည်းရောဂါများကို ပေးသကဲ့သို့ ဆေးများကို ခြောက်လအထိ ပေးရတတ်ပါသည်။ 

 

ရောဂါရေရှည်အလားအလာ (Prognosis)
ခြုံငုံပြောရမည်ဆိုရင် ကောင်းသောအလားအလာရှိဖို့ များပါသည်။ အကယ်၍ လူနာသည် ရောဂါဖြစ်ပြီးစ အခြေအနေကို ကျော်လွှားနိုင်ပါက ရေရှည်တွင် အလားအလာကောင်းနိုင်ပါသည်။ နောင်တွင် ဤရောဂါဖြင့် ရုတ်တရက် သေဆုံးနိုင်ခြင်းရှိသော်လည်း အလွန်ရှားပါးပါသည်။ 
သို့ဖြစ်၍ လူနာများသည် နှလုံးရောဂါကို ကုသရာတွင် မိမိတွင်ဖြစ်ပေါ်နေသော စိတ်ဖိစီးမှုများကို ဆရာဝန်များအား ရင်းနှီးပွင့်လင်းစွာ တိုင်ပင်ပြီး ကုသသင့်ပါသည်။ 

 

Ref:
ပါမောက္ခဦးတင်လတ်
(နှလုံးအထူးကုဆရာဝန်ကြီး)
နှလုံးသွေးကြောကျဉ်းနှင့် နှလုံးရောဂါ သိမှတ်စရာစာအုပ်မှာ ကောက်နုတ်ထားပါသည်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18