Print

လူတချို့တွင်ဖြစ်တတ်သော Allergy အကြောင်းသိကောင်းစရာ

  25-Feb-2017
Preview Image

Allergy ဆိုတာ ဓာတ်မတည့်မှုပုံစံ တစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ် (Immune System) ရဲ့ ချို့ယွင်းမှုတစ်ခုဖြစ်ပါတယ်။ ဓာတ်မတည့်မှုတွေဟာ အထူးသဖြင့် ပတ်ဝန်းကျင်က အန္တရာယ်မရှိတဲ့ ဓာတ်မတည့်မှုဖြစ်စေတဲ့ အရာတွေနဲ့ ထိတွေ့မှုကြောင့်
ဖြစ်ပါတယ်။ အဲဒီဖြစ်စဉ်ဟာ အလွန်ကိုပဲ လျှင်မြန်ပြီး ကြိုတင်လည်း ခန်းမှန်းလို့ရပါတယ်။ Allergy ဟာ Hypersensitivity လို့ခေါ်တဲ့ ဓာတ်မတည့်မှု ဖြစ်စဉ်ထဲက နံပတ်တစ်
Type 1 ဖြစ်ပါတယ်။ Hay Fever လို့ခေါ်တဲ့ သိပ်မပြင်းထန်တဲ့ ဓာတ်မတည့်မှုမျိုး
ကတော့ လူထုထဲမှာ အဖြစ်များပြီး မျက်စိနာခြင်း၊ ယားယံခြင်းနဲ့ နှာရည်ယိုခြင်းစတဲ့ လက္ခဏာတွေ ဖြစ်လေ့ရှိပါတယ်။ Allergy တွေဟာ ပန်းနာရင်ကျပ်ရောဂါမှာလည်း အဓိကအစိတ်အပိုင်းကနေ ပါဝင်ပါတယ်။ အချို့သော လူတွေမှာတော့ ပတ်ဝန်းကျင် (သို့) အစားအသောက်မှာပါတဲ့ ဓာတ်မတည့်တဲ့ အရာတွေကြောင့် အလွန်ပြင်းထန်တဲ့ ဓာတ်မတည့်ခြင်းမျိုး ဖြစ်စေနိုင်ပြီး အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့ 
Anaphylactic Reaction တွေဖြစ်ပေါ်နိုင်ပါတယ်။ ဓာတ်မတည့်ခြင်းအခြေအနေကို သိရှိနိုင်ဖို့ ယခုအချိန်မှာ စမ်းသပ်နိုင်မှု (Test) တွေ အများကြီးပေါ်ပေါက်နေပါပြီ
ဖြစ်ပါတယ်။ Allergy ကို ကုသမှု တွေကတော့
- ဓာတ်မတည့်မှုကို ဖြစ်စေတဲ့အရာတွေကို ရှောင်ရှားခြင်း၊ 
- Antihistamines, Steroid နဲ့ အခြားဆေးတွေကို သုံးစွဲခြင်း၊
- Allergen တွေနဲ့ ထိတွေ့တဲ့အခါ ဓာတ်မတည့်မှုဖြစ်စဉ်ကို နည်းပါးအောင် ပြုလုပ်ခြင်း စတာတွေ ဖြစ်ပါတယ်။

Allergy ရဲ့ လက္ခဏာတွေက ဘာတွေလဲ
--------------------------------------------
ဓာတ်မတည့်မှုဖြစ်စေတဲ့ အရာတွေကတော့ ဖုန်မှုန့်၊ ပန်းဝတ်မှုံ စသဖြင့် အမျိုးမျိုးရှိပြီး အဲဒါတွေကို လေမှတစ်ဆင့်ကူးစက်ခြင်းတွေလို့ ခေါ်ပါတယ်။ အဲဒီအခါ
မှာတော့ လေနဲ့ ထိတွေ့တာနဲ့ ဓာတ်မတည့်မှုတွေ ဖြစ်စေနိုင်ပါတယ်။ (ဥပမာ မျက်စိ၊
နှာခေါင်းနဲ့ အဆုတ် စသည်) ဓာတ်မတည့်မှုကြောင့်ဖြစ်တဲ့ နှာမွှန်ခြင်း (Allergic Rhinitis) ကို Hay Fever လို့ အသိများပြီး နှာခေါင်းအတွင်း မအီမသာဖြစ်ခြင်း၊
နှာချေခြင်း၊ ယားယံခြင်းနှင့် မျက်လုံးနီရဲခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ ရှူသွင်းလိုက်တဲ့ ဓာတ်မတည့်စေတဲ့ အရာတွေကြောင့် လေပြွန်ပေါက်တွေ ကျဉ်းမြောင်းပြီး အသက်
ရှူကျပ်တဲ့ လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။ အဲဒီအချိန်မှာ အဆုတ်ထဲမှာ Mucus (အချွဲရည်) တွေ ထုတ်လုပ်မှုကို များစေပြီး မောပန်းခြင်း၊ အသက်ရှူမဝခြင်း၊
ချောင်းဆိုးခြင်းနှင့် အသက်ရှူစဉ် တရွှီရွှီမြည်ခြင်းတို့ကို ခံစားနိုင်ပါတယ်။ အစားအသောက်တွေ၊ အင်းဆက်ပိုးမွှား ကိုက်ခဲခံရမှုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်ခြင်း
မျိုးကိုတော့ Aspirin (သို့) Penicillin ထဲသို့ ပဋိဇီဝပိုးသတ်ဆေးတွေနဲ့ ကုသနိုင်ပါတယ်။ အစားအသောက်ကြောင့် ဓာတ်မတည့်ခြင်းမျိုးမှာ ဗိုက်အောင့်ဗိုက်နာခြင်း၊ ဗိုက်ဖောခြင်း၊ အန်ခြင်း၊ ဝမ်းသွားခြင်း၊ အရေပြားယားယံခြင်းနဲ့ အရေပြားရောင်ရမ်းခြင်းမျိုး
ဖြစ်စေနိုင်ပါတယ်။ အစားအသောက်ကြောင့် ဓာတ်မတည့်ခြင်းမျိုးမှာအသက်ရှူ
လမ်းကြောင်းးဆိုင်ရာ (ဥပမာ ရင်ကျပ်ခြင်းနှင့် နှာမွှန်ခြင်း) မျိုးဖြစ်ခြင်းဟာ ရှားပါးပါတယ်။ အင်းဆက်ပိုးမွှား ကိုက်ခဲခံရခြင်း၊ ပိုးသတ်ဆေးများနှင့် အချို့သော
ဆေးများကြောင့် စနစ်အလိုက် ဓာတ်မတည့်ခြင်းမျိုး (Systemic Allergic Response) များ ဖြစ်စေနိုင်ပြီး ဒါကို Anaphylaxis လို့ ခေါ်ပါတယ်။ ခန္ဓာကိုယ်ရှိ အတွင်းအင်္ဂါများ ထိခိုက်ခံရနိုင်ပြီး အစာအိမ်နဲ့အူလမ်းကြောင်း၊ အသက်ရှူလမ်းကြောင်း တို့ပါဝင်ပါတယ်။
ပြင်းထန်မှုနှုန်းအပေါ် မူတည်ပြီးအရေပြားရောင်ရမ်းခြင်း၊ လေပြွန်ကျဉ်းမြောင်းခြင်း၊
ခြေလက်ရောင်ခြင်း၊ သွေးပေါင်ချိန်ကျခြင်း၊သတိလစ်မျောခြင်းနဲ့ နောက်ဆုံးအသက်ဆုံးရှုံးသည်အထိ ဖြစ်စေနိုင်ပါတယ်။ ဒီလိုဓာတ်မတည့်မှုမျိ်ုးကတော့ ရုတ်တရက်ချက်ချင်း
ဖြစ်ပေါ်နိုင်သလို အချိန်ကြာပြီးတော့မှလည်း ဖြစ်ပေးနိုင်ပါတယ်။ 

Allergy ဖြစ်စေတဲ့ အကြောင်းအရင်းတွေဟာ ဘာတွေလဲ
-------------------------------------------------------------
အဓိက ပတ်ဝန်းကျင်ဆိုင်ရာ အဖြစ်များစေတဲ့ အကြောင်းအရင်း လေးခုကတော့ -
- ငယ်ရွယ်စဉ်မှာ ပိုးမွှားကြောင့်ဖြစ်တဲ့ ရောဂါတွေ (Infectious Disease) တွေ ထိတွေ့ခံရခြင်း၊
- ပတ်ဝန်းကျင်ညစ်ညမ်းမှုများ၊
- ဓာတ်မတည့်စေသောအရာ (Allergen Levels)
- အစားအသောက်ပုံစံ ပြောင်းလဲခြင်း စသည်တို့ပဲ ဖြစ်ပါတယ်။

Food Allergens များ
- မြေပဲ
- Pecan ဟုခေါ်သော ပန်းညိုရောင် အခွံရှိသော စားရသည့်သစ်စေ့
- Pistachio ဟုခေါ်သော အစိမ်းရောင်စိမ့်သော အခွံမာသီးတစ်မျိုး
- သစ်ကြားသီး
- နှမ်း
- ဘိန်းပန်း စသည်တို့ ဖြစ်ပါတယ်။ 
ကြက်ဥ၊ ဘဲဥ စသည်တို့မှ ဓာတ်မတည့်ခြင်းတွေကတော့ ကလေးငယ်များ အသက်ငါးနှစ်အရွယ်မှာ အယောက်ငါးဆယ်မှာ တစ်ယောက်တွေ့ရလေ့ရှိပါတယ်။ အဓိကဓာတ်မတည့်ခြင်း ဖြစ်စေတာကတော့ ကြက်ဥ၊ ဘဲဥမှ အနှစ်များမဟုတ်ဘဲ အဖြူရောင် ပရိုတိန်းအလွှာပဲ ဖြစ်ပါတယ်။ နို့၊ ဒိန်ခဲ စသည်တို့ကလည်း Food Allergens များပဲ ဖြစ်ပါတယ်။ အခြားအစားအသောက်မှ ဓာတ်မတည့်မှုဖြစ်စေတဲ့ အရာတွေကတော့ ပဲပိစပ်၊ ဂျုံစေ့၊ ငါး၊ Shellfish ငါး၊ (အခွံမာရှိ၍ စားကောင်းသောငါး)၊ သစ်သီးသစ်ရွက်များနဲ့ အခြား သဘာဝမဟုတ်တဲ့ အရောင်အနံ့အရသာနဲ့ ပြုလုပ်ထားတဲ့ စားသောက်ဖွယ်ရာတွေပဲ ဖြစ်ပါတယ်။

Non-food protein Allergen များ
- ကြက်ပေါင်စေး၊ ရာဘာစေး၊
- ကီဝီသီး
- ထောပတ်သီး
- သစ်အယ်သီး
- ငှက်ပျောသီးစသည်တို့ဖြစ်ပါသည်။

Healthcare.com.mm

Ref:
Wikipedia 
သက်တန့်ချို
Health for all magazine December 2013, Pg.83-84



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18